What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 November 2022 15:46

အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် ဘာကြောင့်တိုက်တွန်းသင့်သလဲ?

အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် ဘာကြောင့်တိုက်တွန်းသင့်သလဲ? Google

အရက်သည် အနည်းငယ်မျှသာသောက်သုံးလျှင် ဆေးဖြစ်သည်ဟု ဆိုကြသော်လည်း ဘေးဖြစ်ခြင်းက ပိုများပေသည်။ အရက်ကို အလွန်အကျွံသောက်သုံးပါက အရက်စွဲခြင်း၊ ကိုယ်တွင်းအင်္ဂါများကို ထိခိုက်ခြင်း တို့ဖြစ်စေနိုင်ပါသည်။

ခန္ဓာကိုယ်ရှိ မည်သည့် အစိတ်အပိုင်းများကို ထိခိုက်စေပါသနည်း။

   ဦးနှောက်နှင့် အာရုံကြောစနစ် အတက်ရောဂါ၊ ဗီတာမင် ဘီဝမ်းချို့တဲ့ခြင်းကြောင့်ဖြစ်သော Wernicke-Korsakoff syndrome၊ အာရုံကြောများထိခိုက်ခြင်း။ ကြွက်သားများ အားနည်းချိနဲ့ခြင်း၊ နှလုံးနှင့် သွေးလှည့်စနစ်တွင် နှလုံးကြွက်သားရောဂါ၊ ဘယ်ရီ ဘယ်ရီ နှလုံးရောဂါ၊ နှလုံးခုန်မမှန်ခြင်း၊ သွေးတိုးခြင်း။

  သွေးတွင်းသကြားဓာတ်ကျဆင်းခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီများခြင်း၊ ဂေါက်ရောဂါဖြစ်ခြင်း၊ အသက်ရူလမ်းကြောင်း ပိုးဝင်လွယ်ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းတွင် အစာအိမ်ရောင်ခြင်း၊ အစာမျိုပြွန်နှင့် အူမကြီးကင်ဆာဖြစ်နိုင်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အသည်းရောဂါများ၊

  အရိုးပွခြင်း၊ အရိုးများမခိုင်ခံ့ခြင်း သွေးနီဥများကြီးလာခြင်း၊ သွေးဖြူဥနှင့် သွေးပပွှားများနည်းပါးခြင်း စသည်တို့ဖြစ်တတ်ပါသည်။

  ထိုမျှမက ကျန်းမာရေးချို့တဲ့သောအခါ ဆေးညှိကုသရန် ခက်ခဲသည့်အပြင် သာမန်သူထက် ပျောက်ကင်းမှု နည်းပါးပါသည်။

  ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ အရက်သောက်သုံးပါက အနည်းငယ်မျှပင်ဖြစ်စေကာမူ ကလေးကို ထိခိုက်နိုင်ပါသည်။ ကလေးသေးခြင်း၊ fetal alcohol syndrome ဟုခေါ်သော ကိုယ်ဝန်ဆောင်ချိန် အရက်သောက်သုံးသောကြောင့် မွေးလာသောကလေး ဉာဏ်ရည်မပြည့်မှီခြင်း၊ မွေးပါရာ ကိုယ်အင်္ဂါချို့ယွင်းခြင်း၊ ကြီးထွားမှုပုံမမှန်ဖြစ်ခြင်းများ ဖြစ်တတ်ပါသည်။

   ထို့ကြောင့် အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းလိုက်ရပါသည်။

 

Source: Mydoctor

Read times Last modified on Tuesday, 15 November 2022 10:33
Rate this item
(0 votes)