ဆေးသကြား ကင်ဆာဖြစ်နိုင်သော်လည်း အနည်းအကျဉ်းစားသုံးလျှင် ဘေးကင်းကြောင်း WHO ကြေညာချက်ထုတ်ပြန်
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization WHO က ဆိုဒါအချိုဓာတ် အက်စပတိန်းကို ကင်ဆာရောဂါ ဖြစ်နိုင်ချေရှိသည်ဟု သတ်မှတ်ထားသော်လည်း အထောက်အထား မခိုင်လုံသဖြင့် နောက်ထပ် သုတေသနပြုရန် လိုအပ်သည်ဟု ဆိုသည်။
.
ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် သို့မဟုတ် ၁၅၄ ပေါင်ရှိသော အရွယ်ရောက်ပြီးသူသည် အက်စပတိန်းဆေးသကြားပါသည် ဖျော်ရည်ဘူး ၁၄ ဗူးထက်ပိုသောက်လျှင် ကင်ဆာဖြစ်ပွားမည့် ကျန်းမာရေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ချေရှိသည်ဟု WHO က ဆိုသည်။
.
အက်စပတိန်း aspartame ဆေးသကြားကို Diet Coke, Pepsi Zero Sugar အပါအဝင် သကြားအစစ်မသုံးသည့် အချိုရည်များတွင် သုံးစွဲသည်။
.
အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration FDA က အက်စပတိန်းသည် ကင်ဆာဖြစ်စေသည့် ကာစီနိုဂျင်ဟု ယူဆခြင်းကို သဘောမတူပါ။
..
အက်စပတိန်းကို သကြားအစားထိုးအဖြစ် စားသောက်ကုန်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ အချိုပြင်းအားသကြားထက် အဆ ၂၀၀ ရှိသည်။ အနည်းအကျဉ်း ထည့်သုံးရုံမျှဖြင့် လုံလောက်နေသည်။
.
Aspartame ကို G.D. Searle & Co. မှ သိပ္ပံပညာရှင်များက ၁၉၆၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် NutraSweet အမှတ်တံဆိပ်ဖြင့် ရောင်းချခဲ့သည်။
Source cnbc
TO GET INSTANT UPDATE
https://t.me/Guid4U
Join Telegram Channel