What's New




Friday, 14 July 2023 11:17

ဆေးသကြား ကင်ဆာဖြစ်နိုင်သော်လည်း အနည်းအကျဉ်းစားသုံးလျှင် ဘေးကင်းကြောင်း WHO ကြေညာချက်ထုတ်ပြန်

ဆေးသကြား ကင်ဆာဖြစ်နိုင်သော်လည်း အနည်းအကျဉ်းစားသုံးလျှင် ဘေးကင်းကြောင်း WHO ကြေညာချက်ထုတ်ပြန်

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization WHO က ဆိုဒါအချိုဓာတ် အက်စပတိန်းကို ကင်ဆာရောဂါ ဖြစ်နိုင်ချေရှိသည်ဟု သတ်မှတ်ထားသော်လည်း အထောက်အထား မခိုင်လုံသဖြင့် နောက်ထပ် သုတေသနပြုရန် လိုအပ်သည်ဟု ဆိုသည်။

.

ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ် သို့မဟုတ် ၁၅၄ ပေါင်ရှိသော အရွယ်ရောက်ပြီးသူသည် အက်စပတိန်းဆေးသကြားပါသည် ဖျော်ရည်ဘူး ၁၄ ဗူးထက်ပိုသောက်လျှင် ကင်ဆာဖြစ်ပွားမည့် ကျန်းမာရေးအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ချေရှိသည်ဟု WHO က ဆိုသည်။

.

အက်စပတိန်း aspartame ဆေးသကြားကို  Diet Coke, Pepsi Zero Sugar အပါအဝင် သကြားအစစ်မသုံးသည့် အချိုရည်များတွင် သုံးစွဲသည်။

.

 အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration  FDA က အက်စပတိန်းသည် ကင်ဆာဖြစ်စေသည့် ကာစီနိုဂျင်ဟု ယူဆခြင်းကို သဘောမတူပါ။ 

..

အက်စပတိန်းကို သကြားအစားထိုးအဖြစ် စားသောက်ကုန်ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြသည်။ အချိုပြင်းအားသကြားထက် အဆ ၂၀၀ ရှိသည်။ အနည်းအကျဉ်း ထည့်သုံးရုံမျှဖြင့် လုံလောက်နေသည်။ 

.

Aspartame ကို G.D. Searle & Co. မှ သိပ္ပံပညာရှင်များက ၁၉၆၅ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် NutraSweet အမှတ်တံဆိပ်ဖြင့် ရောင်းချခဲ့သည်။

 

Source cnbc

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel

Read times Last modified on Friday, 14 July 2023 11:20
Rate this item
(0 votes)