What's New




Sunday, 18 February 2024 13:42

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

ဆေးရုံလုပ်ငန်း THG မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံမှ ဆေးရုံလုပ်ငန်း Thonburi Healthcare Group Plc (THG) သည်ဆေးကုသမှု ခံယူသည့် မြန်မာနိုင်ငံသား လူနာများ များပြားလာပြီးနောက် မြန်မာနိုင်ငံရှိ ၎င်း၏ အာယု အင်တာနေရှင်နယ်ဆေးရုံကြီးတွင် ဆေးရုံလုပ်ငန်းကဏ္ဍကို တိုးချဲ့ရန် စီစဉ်လျက်ရှိသည်။

 

ရင်းနှီးမြုပ်နှံမှုအသစ်အတွက် ဖြစ်နိုင်ခြေလေ့လာမှုကို လုပ်ဆောင်လျက်ရှိရာ များမကြာမီ အပြီးသတ်နိုင်မည်ဟု THG ၏ အမှုဆောင်အရာရှိချုပ် Tanatip Suppradit က ပြောကြားသည်။

 

THG သည် ရန်ကုန်တွင် ခုတင် ၉၇ ဆံ့ ဆေးရုံကို ဖွင့်လှစ်ထားသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ရင်းနှီးမြှုပ်နှံမှုအသစ်များကို ရွှေ့ဆိုင်းရန် ၂၀၂၁ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

 

“မြန်မာနိုင်ငံ ပြည်တွင်းမှာ ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ရယူကြတာ တိုးလာတယ်။ အထူးသဖြင့် ဘတ်နှင့် ကျပ် ငွေလဲနှုန်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းပြီးတဲ့နောက်မှာ ထိုင်းကို လေယာဉ်ဖြင့် သွားပြီး ဆေးကုသမှု ခံယူဖို့  ရှောင်ရှားခဲ့ကြပါတယ်" ဟု Dr Tanatip က ပြောကြားသည်။

 

THG သည် ဆေးရုံတွင် ကုတင် အရေအတွက် တိုးမြှင့်မည်ဖြစ်ပြီး လူနာများအား ဆေးကုသမှု အမျိုးအမည်အသစ်များ ဝန်ဆောင်မှု ပေးဆောင်ရန် စီစဉ်နေသည်။

 

မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်သော်လည်း  ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည် ကြီးထွားရန် အလားအလာ မြင့်မားသည်ဟု ဒေါက်တာ Tanatip က ယုံကြည်သည်။

 

THG သည် ဗီယက်နမ်တွင် ကုသမှု ခံယူသူများ ပိုများလာနေသည်ကို ဖြည့်ဆည်းပေးနိုင်ရန် အရိုးကုသမှု အထူးပြုဆေးရုံ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုအသစ်တခု  ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ 

 

THG သည် ထိုင်းနိုင်ငံတွင် စုစုပေါင်း ကုတင် ၁,၅၂၀ ရှိသည့်  ဆေးရုံ ၁၀ ခုကို ပိုင်ဆိုင် လုပ်ကိုင်လျက် ရှိသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Sunday, 18 February 2024 13:44
Rate this item
(0 votes)