What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 19 February 2018 17:40

ေခါင္းကိုက္ျခင္း(၇)မ်ိဳး အတြက္ ကုသနည္း

ေခါင္းကိုက္ျခင္း(၇)မ်ိဳး အတြက္ ကုသနည္း google.com

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေခါင္းကိုက္တတ္ပါတယ္။ ဘာေၾကာင့္ပဲေခါင္းကိုက္ကိုက္ သက္သာ ေစမည့္နည္းေလးေတြကို ေျပာျပေပးလိုက္ပါတယ္။

(၁)အရက္ေသာက္တာေၾကာင့္ ေခါင္းကိုက္ေနတာလား ??

အာလူးမီးဖုတ္ စားပါ။

သင္ ေခါင္းကိုက္တာက အရက္ေသာက္လို႔ ျဖစ္ရတယ္ဆိုရင္ ညစာမွာ အာလူးမီးဖုတ္ကို ထည့္စားေပးပါ။ “အယ္လ္ကိုေဟာဟာ ဆီးသြားေစတဲ့ အာနိသင္ရွိတာေၾကာင့္ ခႏၶာကိုယ္မွာ ေရဓာတ္ ခမ္းေျခာက္ေနေစ႐ံု သာမက ပိုတက္စီယမ္လို ဓာတ္ဆားေတြလည္း ဆံုး႐ႈံးေနႏိုင္ပါတယ္။ ဒါေၾကာင့္ ပိုတက္စီယမ္ ေပါမ်ားစြာ ပါဝင္တဲ့အစားအစာကို စားေပးတာက အရက္နာက်လို႔ ျဖစ္တဲ့ ေခါင္းကိုက္တာကို သက္သာေစႏိုင္ပါတယ္။ မီးဖုတ္ထားတဲ့ အာလူးတစ္လံုးမွာ ပိုတက္စီယမ္ ၇၂၁ မီလီဂရမ္ေတာင္ ပါဝင္ၿပီး ငွက္ေပ်ာသီးတစ္လံုးမွာ ၄၆၇ မီလီဂရမ္ပဲ ပါဝင္ပါတယ္။

(၂)ေရဓာတ္ ခမ္းေျခာက္မႈေၾကာင့္ ေခါင္းကိုက္ေနတာလား ??

ဖရဲသီး စားပါ။

ေရဓာတ္ ခမ္းေျခာက္တာက ေခါင္းကိုက္ေစတဲ့ အဓိက အေၾကာင္းရင္းတစ္ခုပါ။ ဒါေၾကာင့္ ေခါင္းကိုက္ေနရင္ အကိုက္အခဲ ေပ်ာက္ေဆး စားမယ့္အစား ေရဓာတ္မ်ားမ်ားပါတဲ့ ဖရဲသီးကို စားေပးပါ။ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ထဲမွာ ပါတဲ့ ေရဓာတ္မွာ မဂၢနီဆီယမ္လို သတၱဳဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ ေခါင္းမကိုက္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ေရဓာတ္ပါဝင္မႈျမင့္မားတဲ့ အသီးေတြက ဘယ္ရီသီး၊ သခြားသီး၊ ဖရဲသီး၊ ခရမ္းခ်ဥ္သီးတို႔ ျဖစ္ၾကပါတယ္။

(၃)ေကာ္ဖီျဖတ္လိုက္တာေၾကာင့္ ေခါင္းကိုက္ေနတာလား ??

ေကာ္ဖီအသင့္အတင့္ ျပန္ေသာက္ပါ။

ေကာ္ဖီအေသာက္မ်ားရင္ ေသြးေၾကာေတြကို က်ဥ္းေစတာေၾကာင့္ ေခါင္းကိုက္ေစနိုင္ပါတယ္။ ကဖင္းဓာတ္ဟာ ဆီးသြားေစတဲ့ အာနိသင္ရွိၿပီး ေရဓာတ္ ခမ္းေျခာက္ကာ ေခါင္းကိုက္ေဝဒနာ ျဖစ္ႏိုင္ေျခကို တိုးျမင့္ေစႏိုင္ပါတယ္။ ဒါေပမဲ့ ေကာ္ဖီ အေသာက္မ်ားသူေတြ ေကာ္ဖီမေသာက္ဘဲ ေနရင္ ေခါင္းကိုက္တတ္ပါတယ္။ တစ္ေန႔ ေကာ္ဖီတစ္ခြက္ခန္႔ ေသာက္တာက အရက္ေသာက္လြန္တာေၾကာင့္ ျဖစ္တဲ့ ေခါင္းကိုက္တာကို ေလ်ာ့က်ေစႏိုင္ပါတယ္။

(၄)ေခါင္းတစ္ျခမ္း ကိုက္ေနတာလား ??

မဂၢနီစီယမ္ပါေသာ အစာစားပါ။

အစာထဲမွာ ပါတဲ့ မဂၢနီဆီယမ္ဓာတ္ဟာ ေသြးေၾကာေတြကို လန္းဆန္းေစၿပီး ေခါင္းကိုက္တာကို သက္သာေစပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ေနရင္ မဂၢနီဆီယမ္ပါတဲ့ ေထာပတ္သီး၊ မက္မြန္သီးေျခာက္၊ ငွက္ေပ်ာသီး၊ သီဟုိဠ္ေစ့၊ ပဲသီးနဲ႔ အေစ့အဆန္ေတြကို စားသင့္ပါတယ္။

(၅)ႏွာေခါင္းပိတ္တာေၾကာင့္ ေခါင္းကိုက္ေနတာလား??

ဟင္းခတ္အေမႊးအႀကိဳင္ပါေသာ အစာစားပါ။

ႏွာေခါင္းပိတ္တာေၾကာင့္ ေခါင္းကိုက္ရင္ င႐ုတ္ေကာင္း၊ ခ်င္း(ဂ်င္း) စတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ပါတဲ့ အစာေတြကို စားေပးပါ။ ဒီအစာေတြက ႏွာေခါင္းနဲ႔ အသက္႐ွဴလမ္းေၾကာင္း ပိတ္ဆို႔တာကုိ ပြင့္ေစတာေၾကာင့္ ေခါင္းကိုက္တာကို သက္သာေစပါတယ္။

(၆)ေခါင္းထိုးကိုက္ေနတာလား??

ဒိန္ခ်ဥ္ စားပါ။

သင့္ေခါင္းဟာ ထိုးထိုးကိုက္ေနရင္ ကယ္လ္စီယမ္ ေလ်ာ့နည္းတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဦးေႏွာက္က ထိထိေရာက္ေရာက္ အလုပ္လုပ္ႏိုင္ဖို႕ကယ္လ္စီယမ္ လိုအပ္ပါတယ္။ ဒါေၾကာင့္ ေခါင္းကိုက္သက္သာေအာင္ ကယ္လ္စီယမ္ ပါဝင္မႈမ်ားတဲ့ အဆီမပါ ဒိန္ခ်ဥ္ကို စားေပးသင့္ပါတယ္။

(၇)ေသြးတိုးတာေၾကာင့္ ေခါင္းကိုက္ေနတာလား ??

ဟင္းႏုႏြယ္ရြက္စားပါ။

ဟင္းႏုႏြယ္ရြက္စားတာက ေသြးတိုးကို က်ေစတာေၾကာင့္ ေခါင္းကိုက္တာကို သက္သာေစပါတယ္။ တစ္ေန႔မွာ ဟင္းႏုႏြယ္ေဖ်ာ္ရည္ႏွစ္ခြက္ေလာက္ ေသာက္ေပးရင္ ေသြးတိုးလို႔ျဖစ္တဲ့ ေခါင္းကိုက္တာကို သက္သာေစပါတယ္။

Source: blog spot

 

Unicode

 

အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ဘာကြောင့်ပဲခေါင်းကိုက်ကိုက် သက်သာ စေမည့်နည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။
(၁)အရက်သောက်တာကြောင့် ခေါင်းကိုက်နေတာလား ??
အာလူးမီးဖုတ် စားပါ။
သင် ခေါင်းကိုက်တာက အရက်သောက်လို့ ဖြစ်ရတယ်ဆိုရင် ညစာမှာ အာလူးမီးဖုတ်ကို ထည့်စားပေးပါ။ “အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်နေစေရုံ သာမက ပိုတက်စီယမ်လို ဓာတ်ဆားတွေလည်း ဆုံးရှုံးနေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်စီယမ် ပေါများစွာ ပါဝင်တဲ့အစားအစာကို စားပေးတာက အရက်နာကျလို့ ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ မီးဖုတ်ထားတဲ့ အာလူးတစ်လုံးမှာ ပိုတက်စီယမ် ရ၂၁ မီလီဂရမ်တောင် ပါဝင်ပြီး ငှက်ပျောသီးတစ်လုံးမှာ ၄၆၇ မီလီဂရမ်ပဲ ပါဝင်ပါတယ်။
(၂)ရေဓာတ် ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်နေတာလား ??
ဖရဲသီး စားပါ။
ရေဓာတ် ခမ်းခြောက်တာက ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ခေါင်းကိုက်နေရင် အကိုက်အခဲ ပျောက်ဆေး စားမယ့်အစား ရေဓာတ်များများပါတဲ့ ဖရဲသီးကို စားပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါတဲ့ ရေဓာတ်မှာ မဂ္ဂနီဆီယမ်လို သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ခေါင်းမကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားတဲ့ အသီးတွေက ဘယ်ရီသီး၊ သခွားသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးတို့ ဖြစ်ကြပါတယ်။
(၃)ကော်ဖီဖြတ်လိုက်တာကြောင့် ခေါင်းကိုက်နေတာလား ??
ကော်ဖီအသင့်အတင့် ပြန်သောက်ပါ။
ကော်ဖီအသောက်များရင် သွေးကြောတွေကို ကျဉ်းစေတာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ ကဖင်းဓာတ်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ရေဓာတ် ခမ်းခြောက်ကာ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီ အသောက်များသူတွေ ကော်ဖီမသောက်ဘဲ နေရင် ခေါင်းကိုက်တတ်ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက်ခန့် သောက်တာက အရက်သောက်လွန်တာကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တာကို လျော့ကျစေနိုင်ပါတယ်။
(၄)ခေါင်းတစ်ခြမ်း ကိုက်နေတာလား ??
မဂ္ဂနီစီယမ်ပါသော အစာစားပါ။
အစာထဲမှာ ပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးကြောတွေကို လန်းဆန်းစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်နေရင် မဂ္ဂနီဆီယမ်ပါတဲ့ ထောပတ်သီး၊ မက်မွန်သီးခြောက်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ ပဲသီးနဲ့ အစေ့အဆန်တွေကို စားသင့်ပါတယ်။
(၅)နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်နေတာလား??
ဟင်းခတ်အမွှေးအကြိုင်ပါသော အစာစားပါ။
နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်ရင် ငရုတ်ကောင်း၊ ချင်း(ဂျင်း) စတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစာတွေကို စားပေးပါ။ ဒီအစာတွေက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကို ပွင့်စေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။
(၆)ခေါင်းထိုးကိုက်နေတာလား??
ဒိန်ချဉ် စားပါ။
သင့်ခေါင်းဟာ ထိုးထိုးကိုက်နေရင် ကယ်လ်စီယမ် လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဦးနှောက်က ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ကယ်လ်စီယမ် လိုအပ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်သက်သာအောင် ကယ်လ်စီယမ် ပါဝင်မှုများတဲ့ အဆီမပါ ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။
(၇)သွေးတိုးတာကြောင့် ခေါင်းကိုက်နေတာလား ??
ဟင်းနုနွယ်ရွက်စားပါ။
ဟင်းနုနွယ်ရွက်စားတာက သွေးတိုးကို ကျစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။ တစ်နေ့မှာ ဟင်းနုနွယ်ဖျော်ရည်နှစ်ခွက်လောက် သောက်ပေးရင် သွေးတိုးလို့ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။
Source: blog spot

Read times Last modified on Monday, 19 February 2018 17:46
Rate this item
(0 votes)