ကျောက်ကပ်ရောဂါအတွက် ပိုက်ဆံတပြားတချပ်မှ မကုန်ဘဲ သက်သာစေနိုင်တဲ့ ဆေးနည်းတခုကို တွေ့ရှိထားပါတယ်။
စိတ်ချလက်ချနဲု့ယုံယုံကြည်ကြည် သောက်ကြည့်ပါက ထိရောက်တာကို တွေ့ရမှာပါ။
ဆေးနည်းကတော့ လွယ်လွယ်ကူကူပါပဲ။ ပြောင်းဖူးရဲ့ အမွှေးကို အခြောက်ခံပြီး လ္ဘက်ခြောက်လိုမျိုး ရေနွေးထဲမှာ ခပ်သောက်တာပါ။
ကျောက်ကပ်ရောဂါအတွက် အထူးကောင်းမွန်တဲ့ ပြောင်းဖူးမွှေး ရေနွေးကြမ်းဟာ ဆီးချိုလည်းကျစေသလို သွေးခဲတာကိုလည်း သက်သာစေနိုင်ပါတယ်။
ပြောင်းဖူးမွှေးလ္ဘက်ခြောက်မှာ ပိုတတ်ဆီယမ်တွေ ကြွယ်ဝစွာပါဝင်သောကြောင့် ဆီးသွားစနစ်ကိုအထူးကောင်း မွန်စေပြီး ဆီးကျောက်တည်တာကို လည်းကာကွယ်ပေးနိုင်ပါတယ်။
ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ပြောင်းဖူးမွှေးရေနွေးကြမ်းပြုလုပ်မယ်ဆိုရင်..
(၁) ပြောင်းဖူးတစ်ဖူးရဲ့ အပေါ်အမွှေးမဲတွေဖယ်ပြီး အမွှေးနုလေးတွေကိုယူ၍ ရေဆေးပြီး သဘက်၊ ပုဝါတစ်ခုခု (သို့) သတင်းစာတစ်ခုခုကိုအသုံးပြုပြီး အညိုရောင်လေးတွေဖြစ်လာတဲ့အထိ (၂)ပတ်လောက် အခြောက်ခံထားပါ။
(၂) အခြောက်ခံလိုရလာတဲ့ ပြောင်းဖူးမွှေးများကို ခွက်တလုံးထဲတွင် ထည့်ကာရေနွေးလောင်းထည့်ပြီး နှစ်ရေလောက် လဲပေးပါ။
(၃) ပြီးနောက် သကြား၊ လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပြီး သံပုယိုသီးခွံ(သို့) ပူစီနံရွက်အနည်းငယ်ကိုထည့်ပါ။ ပျားရည်လည်းအသုံးပြုလိုရပါတယ်။
၂ မိနစ်လောက်ထားပြီးတာနဲ့ ပြောင်းဖူးမွှေးကိုဆယ်သောက်နိုင်သလို၊ မဆယ်ပဲနဲ့လည်း ဒီအတိုင်း သောက်သုံးနိုင်တဲ့ ကျန်းမာရေးအတွက်အထူးကောင်းမွန်တဲ့ ဆေးတစ်ခွက်ကို ရရှိပါပြီ။