“ဦးနှောက်ဟာ စိတ်ဖိစီးမှုတွေကြောင့် စိုးရိမ်စိတ်လွန်ကဲခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာများစွာ
ဖြစ်ပွားနိုင်တယ်လို့” HBI ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဇီဝဗေဒ၊ ဆေးဝါးဗေဒ ဌာန၏ ပရော်ဖက်ဆာ တစ်ဦးဖြစ်တဲ့ Bains ကပြောပါတယ်။
ယေဘုယျလေ့လာမှုများအရ စိတ်ဖိစီးမှု နှင့် စိတ်ခံစားမှုများကြောင့် ကူးစက်ဖြစ်ပွားနိုင်ပြီး နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဦးနှောက်ကိုပါထိခိုက် နိုင်သလား ဆိုတာတော့ အပ်ကျမတ်ကျ မသိကြရသေးပါဘူး။
Bains ရဲ့ သုတေသနအဖွဲ့ဟာ စိတ်ဒဏ်ပိခြင်းရဲ့ အကျိုးသက်ရောက်မှုများကို အဖိုနဲ့အမ ကြွက်တွေနဲ့ စမ်းသပ်ပြီး စူးစမ်းလေ့လာခဲ့ပါတယ်။
သူတို့ဟာ ကြွက်စုံတွဲမှ ကြွက်တစ်ကောင်ကို ခွဲထုတ်ထားလိုက်တဲ့အခါ သူတို့ ပြန်မဆုံခင်မှာ စိတ်ခံစားမှု အနည်းငယ် ဖြစ်ပွားတာ တွေ့ကြရတယ်။
သူတို့ဟာ ဆဲလ်တွေရဲ့တုံ့ပြန်မှုတွေကိုတိကျစွာ လေ့လာခဲ့ပါတယ်။ ယေဘုယျအားဖြင့် ဦးနှောက်ရဲ့ စိတ်ဖိစီးတုံ့ပြန်မှုကို ထိန်းချုပ်ပေးသော CRH အာရုံခံစနစ် ဟာ ခွဲထုတ်ခံရလို့ စိတ်ဖိစီးမှု ဖြစ်နေတဲ့ကြွက်ရော ကျန်ခဲ့တဲ့ ကြွက်မှာရော တစ်နည်းတစ်ဖုံ ပြောင်းလဲသွားတာကို တွေ့ရတယ်။
အဆိုပါလေ့လာမှုကို Bain နဲ့အတူ ဦးဆောင်ရေးသားသူ ဓာတ်ခွဲခန်းတွဲဖက်ပါရဂူ Toni-Lee Sterley ကပြောပါတယ် “CRH အာရုံခံအပိုင်းမှာ ခွဲထုတ်ခဲ့ရလို့ စိတ်ဖိစီးတဲ့ ကြွက်မှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုမျိုးနဲ့ ဆင်ဆင်တူတဲ့ ပြောင်းလဲမှုမျိုးကို ကျန်ခဲ့တဲ့ အဖော်ကြွက်မှာလည်း တွေ့ရတယ်’’
စိတ်ဖိစီးမှုတွေ ဆိတ်သုန်းထားလိုက်တဲ့အခါ စိတ်ဖိစီးပြီးတဲ့အခါ ဖြစ်နေကျ ပြောင်းလဲမှုမျိုးကို မဖြစ်တော့တာ တွေ့ရတယ်။
စိတ်ဖိစီးမှု ဆိတ်သုန်းပေးထားလိုက်တဲ့အခါ သူ့အဖော်ဆီကို စိတ်ဖိစီးမှု ကူးပြောင်းရောက်ရှိခြင်း မရှိတာကိုလည်း တွေ့ကြရတယ်။
သိသာတဲ့အချက်တခုက စိတ်ဖိစီးမှု မရှိသော်လည်း အလင်းဖြင့် အာရုံခံအပိုင်းကို နှိုးဆွပေးလိုက်တဲ့အခါ အလင်းရောင်ကို ရရှိတဲ့ ကြွက်ရဲ့ ဦးနှောက်နဲ့ သူ့အဖော်ရဲ့ ဦးနှောက်တို့မှာ တကယ့်စိတ်ဖိစီးမှု ရပြီးချိန်မှာ ဖြစ်ပေါ်တဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်ပွားတာ တွေ့ရတယ်။
CRH အာရုံခံအပိုင်းကို နှိုးဆွလိုက်တဲ့အခါ နှိုးဆွခံရတဲ့ ကြွက်ဆီမှ သူ့အဖော်ဆီကို ဓာတုအချက်ပြဖြစ်တဲ့ “alarm pheromone” ထုတ်လွှတ်တာကို သုတေသီအဖွဲ့မှ သိကြရတယ်။
အဲဒီလို ဓာတုအချက်ပြကို ရရှိတဲ့ကြွက်က တခြားကြွက်တွေထံကို ဆက်လက်ပြီး တပ်လှန့်ပါတယ်။
ယခုလို စိတ်ဖိစီးမှု အချက်ပြခြင်းဟာ မျိုးနွယ်စိတ်အမျိုးမျိုးရဲ့ လူမှုဆက်နွှယ်မှု ကွန်ရက်တွေအဖို့ အလွန်အမင်း အရေးကြီးတဲ့ သတင်းပေးပို့ချက်ကို အသိပေးမျှဝေတာမှာ အခရာကျတဲ့ လုပ်နည်းကိုင်ဟန်တစ်ခု ဖြစ်တာ တွေ့ရှိခဲ့ကြတယ်။
လူမှုအသိုင်းအဝိုင်းရဲ့ အခြားအားသာချက်တခုက ဆိုးရွားသောဖြစ်ရပ်များကို အထိမနာရအောင် ခုပေးခံပေးထားတဲ့ ကြားခံအနေဖြင့် စွမ်းဆောင်နိုင်ခြင်း ဖြစ်ပါတယ်။
ကြွက်မတွေဟာ CRH အာရုံခံစနစ်ဖြင့် သူတို့ စိတ်ဖိစီးမှု တဝက်လောက်ကို လျှော့ချပေးထားပြီး သူတို့၏အဖော်များကို ကူးစက်စေတယ်ဆိုတာကို သုတေသီအဖွဲ့မှ သတိပြုမိခဲ့ပါတယ်။
ကြွက်ထီးတွေကျတာ့ အဲဒီလိုမျိုး မဟုတ်ဘူး။
Bains တွေးဆတာက အခုလို တွေ့ရှိတဲ့အချက်တွေဟာ လူတွေမှာလည်း ရှိနေနိုင်တယ်။
“ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေကို တခြားသူတွေဆီ ပို့ပေးဖို့ အသင့်ဖြစ်နေကြတယ်။ အဲဒီလို ကူးစက်စေတာကို ကိုယ်တိုင်က မသိဘဲနဲ့တောင် ပြုမိကြပါတယ်’’
စိတ်ဝေဒနာခံစားနေရသောသူများသည် ချစ်ရတဲ့သူတစ်ယောက်ယောက် (သို့) မိသားစုအချင်းချင်းကို သူတို့၏ခံစားချက်များအား ကူးစက်စေတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
အခြားတဖက်မှာတော့ လူမှုဆိုင်ရာ သံယောဇဉ်ကြိုးတွေ ဖန်တီးဖို့နဲ့ တည်ဆောက်ဖို့အတွက် အခြားသူတစ်ဦးရဲ့ စိတ်ခံစားမှုတွေဟာ အခရကျတဲ့ အပိုင်းကဏ္ဍ ဖြစ်ပါတယ်။
ဒီသုတေသနပြုချက်မှ သိကြရတာက စိတ်ဖိစီးမှုနဲ့ လူမှုရေး တုံ့ပြန်ဖလှယ်ခြင်းတွေဟာ ရောထွးယှက်တင်နေကြတယ်ဆိုတာပဲ ဖြစ်ပါတယ်။
Source: science daily
Read :ဆံပင်ဖြူခြင်းက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်
https://www.healthproducts.com.mm/articles/item/546-white-hair-is-become-heart-disease.html