What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 29 March 2018 11:49

မျက်စိထဲတွင် ကိုလက်စထရောအနည်ထိုင်၍ ဖြစ်လာသော အဆီကျိတ်များ

မျက်စိထဲတွင် ကိုလက်စထရောအနည်ထိုင်၍ ဖြစ်လာသော အဆီကျိတ်များ google.com

မျက်စိထဲတွင် ကိုလက်စထရောအနည်ထိုင်ပြီး အဝါရောင် အဆီ ကျိတ်များ ဖြစ်ပေါ်နိုင်ပါသည်။

အကျိတ်များသည် အန္တရာယ်မရှိသော်လည်း ယင်းအနည်ကျမှုများသည် တစ်ခါတစ်ရံတွင် ပြင်းထန်သည့် အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။

 ကိုလက်စထရောအပါအဝင် သဘာဝအဆီများကြောင့် မျက် စိတစ်ဝိုက် အကျိတ်များဖြစ်ပေါ်နိုင်သည်။ ယင်းအကျိတ်များသည် မျက်ခမ်းအပေါ်နှင့်အောက်တွင် မျက်စိအတွင်းပိုင်းထောင့်နေရာ၌ ဖြစ်ပေါ်လေ့ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ နှေးကွေးစွာကြီးထွား လာတတ်သည်။ တစ်ခါတစ်ရံတွင် တစ်ခုနှင့်တစ်ခုပေါင်းပြီး ပိုကြီး သောအကျိတ်ဖြစ်လာနိုင်သည်။

ကိုလက်စထရောအနည်ကျမှုသည် မည်သည့်အသက်အရွယ် ၌မဆို ဖြစ်နိုင်သော်လည်း သက်လတ်ပိုင်းတွင် အဖြစ်များကာ အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်။ ယင်းအနည်ထိုင်မှုများဖြစ်ရသည့် အကြောင်းရင်းကို ဆေးပညာနယ်ပယ်က အတိအကျမသိသေးသော်လည်း အောက်ပါအခြေအနေ များကြောင့် ဖြစ်နိုင်ကြောင်း ယူဆထားသည်။

မကောင်းသော ကိုလက်စထရောပမာဏ မြင့်မားနေခြင်း၊ ကောင်းသော ကိုလက်စထရောပမာဏ နည်းပါးနေခြင်း၊ ယင်းကို လက်စထရောနှစ်မျိုးစလုံး ပမာဏမြင့်မားနေခြင်းတို့ကြောင့် ဖြစ် နိုင်သည်။

ထို့အပြင် ကိုလက်စထရောနှင့် ကျန်းမာရေးနှင့်မညီသော အ ဆီပါဝင်မှုများသည့် အစားအစာများ စားသုံးခြင်း၊ ကိုယ်အလေး ချိန် သာမန်ထက်မြင့်မားနေခြင်း (သို့မဟုတ်) အဝလွန်ဖြစ်နေခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းနှင့် ဆေးရွက်ကြီးထုတ်ကုန်များ သုံးခြင်း၊ ဆေးလိပ်သောက်ခြင်း စသော နေထိုင်စားသောက်မှုပုံစံ များကြောင့် ဖြစ်နိုင်သည်။

ထို့အပြင် ဆီးချိုရောဂါ၊ ပြင်းထန်သောကျောက်ကပ်ရောဂါ၊ သွေးတိုးရောဂါရှိခြင်း၊ အသည်းရောဂါရှိခြင်းနှင့် လေဖြတ်ခြင်း (သို့ မဟုတ်) နှလုံးရောဂါဖြစ်ဖူးသည့် မိသားစုရာဇဝင်ရှိခြင်းတို့ကြောင့် လည်း ယင်းအခြေအနေနှင့် ကြုံတွေ့နိုင်သည်။

ထို့အခြေအနေမျိုးကို ကာကွယ်ရန် ကိုယ်အလေးချိန်လျှော့ ချခြင်း၊ ကျန်းမာရေးနှင့်ညီသော အစားအစာများ စားသောက်ခြင်း၊ ကိုလက်စထရောပမာဏ လျော့ကျစေရန် အမျှင်ဓာတ်ကြွယ်ဝ သော အစားအစာများစားခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပြုလုပ်နိုင်သည်။

အရက်သောက်သုံးမှု လျှော့ချသင့်ပြီး ဆေးလိပ်သောက်သူ ဖြစ်ပါက ဆေးလိပ်ဖြတ်သင့်သည်။

Source: 7daily news

Read times
Rate this item
(1 Vote)