What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 October 2023 12:03

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းနှင့် ရွှေလီအစိုးရ ပူးပေါင်း၍ မျက်စိရောဂါများ အခမဲ့ ကုသပေးမည်

မူဆယ်မြို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ) နှင့် ရွှေလီမြို့အစိုးရတို့ ပူးပေါင်း၍ မျက်စိအတွင်းတိမ်၊ အပြင်တိမ်နှင့် မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများသည် မူဆယ်နယ်စပ်ဒေသတွင် မျက်စိရောဂါဝေဒနာ ခံစားနေရသူများအား ကြိုတင် အမည်စာရင်း ကောက်ခံလျက် ရှိသည်။

 

မည်သူမဆို မျက်စိရောဂါဝေဒနာ ကုသလိုသူများအနေဖြင့် စာအုပ်အနီရှိသူများအပြင် ယခုအခါ မူဆယ် - ရွှေလီခရီးသွား အစိမ်းကတ်များ ထုတ်ပေးနေပြီ ဖြစ်သဖြင့် မျက်စိဝေဒနာရှင်များ အမြန်ဆုံး စမ်းသပ် စစ်ဆေးရန်နှင့် ဆေးကုသမှု ခံယူနိုင်ရန်...

  • ဦးရန်ဆူမြင့်နှင့် ဦးအားမြင့် ဦးစီးအဖွဲ့က တရုတ်ဘုံကျောင်း
  • ဦးအုန်းမောင် (ရွှေညာသားမြတ်မင်း) မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (မူဆယ်ရုံးခွဲ) ရုံးအဖွဲ့မှူး
  • ဦးသန့်ဇင် (တပ်ခွဲမှုး) မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီအသင်းရုံးတို့ကို ဆက်သွယ်၍ အမည်စာရင်း ပေးသွင်းနိုင်မည် ဖြစ်သည်။

 

Advertisement

Click Here >Ko Thein Zaw’s

 

မျက်စိရောဂါဝေဒနာ ခံစားနေရသူများ အနေဖြင့် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပြီး တရုတ်နိုင်ငံမှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများမှ စမ်းသပ် စစ်ဆေးကာ လိုအပ်သူများကို ရွှေလီမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ် ကုသပေးသွားမည်ဟု ဆိုသည်။

 

လက်ရှိတွင် မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ မျက်စိရောဂါဝေဒနာရှင် (၃၀) ကျော်၊ မိုင်းယု (၁၀၅) မိုင် ကျေးရွာနှင့် မန့်မော်ကျေးရွာ၊ ရွာမကျေးရွာများတွင် မျက်စိရောဂါဝေဒနာရှင် (၂၀) ကျော် စာရင်းကောက်ခံထားပြီး ဖြစ်ကြောင်း သိရသည်။

 

ယခင်ကလည်း ယခုကဲ့သို့ မျက်စိရောဂါ ဝေဒနာရှင်များအား တရုတ်ဘက်မှ မျက်စိရောဂါ အထူးကုဆရာဝန်ကြီးများဖြင့် ချိတ်ဆက်၍ စမ်းသပ် ခွဲစိတ် ကုသပေးမှုများ လုပ်ဆောင်ပေးခဲ့သည်။

Read times
Rate this item
(0 votes)