What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 April 2018 17:00

ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်(ဓာတ်ကင်ခြင်း) ဖြင့် ကုသနည်း(၃) နည်း

ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်(ဓာတ်ကင်ခြင်း) ဖြင့် ကုသနည်း(၃) နည်း google.com

ကင်ဆာရောဂါဆိုသည်မှာ တကယ်တမ်းပြောကြမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ အရေအတွက်များစွာ ပွားများလာတာပါ။

ကင်ဆာအတွက် အဓိကကုတဲ့နည်းကတော့ ခွဲစိတ်ကုသနည်းဖြစ်ပြီး ဓာတ်ရောင်ခြည်နဲ့ကုသတာ(ဓာတ်ကင်) တာကိုတော့ ဒုတိယနည်းအဖြစ်စဉ်းစားကြပါတယ်။

ဓာတ်ရောင်ခြည်နဲ့ကုသခြင်း (radiation therapy) ကလည်း တိုးတတ်ခေတ်မှီလာတာနဲ့ အမျှ သူရဲ့အခန်းကဏ္ဍကလည်း တိုးတတ်ကောင်းမွန်နေပြီး တချို့သောကင်ဆာများကို ဓာတ်ရောင်ခြည်နဲ့ကုသလို့ ပျောက်ကင်းနိုင်ပါပြီ။

Radiation therapy ဆိုတာကတော့ X-rays gamma rays စတဲ့ရောင်ခြည်တွေကို ခန္ဓာကိုယ်ကို ဖြတ်သန်းစေပြီး ကင်ဆာဆဲလ်တွေကို ကျုံ့သွားစေပျက်စီးသွားစေတဲ့ကုထုံးပါ၊ အဲဒီဓာတ်ရောင်ခြည်က ကင်ဆာဆဲလ်တွေရဲ့ ကူးပွားနိုင်တဲ့ DNA တွေကို တိုက်ရိုက်ဖျက်ဆီးလိုက်တာ (သို့) free radicals လို့ခေါ်တဲ့ ပစ္စည်းတွေထုတ်စေပြီး ကင်ဆာဆဲလ်ပွားစေနိုင်တဲ့ DNA တွေကို ဖျက်ဆီးပစ်လိုက်နိုင်တာပဲဖြစ်ပါတယ်။

ဓာတ်ရောင်ခြည်ကုသနည်းတွေကတော့-

  • 2D radiation therapy
  • 3D radiation therapy
  • IMRT (Intensity Modulated Radiation Therapy) ဆိုပြီး ခွဲခြားနိုင်ပါတယ်။

2Dကတော့ သမားရိုးကျ ရိုးရှင်းသော ဓာတ်ရောင်ခြည်ကုသမှုဖြစ်ပါတယ်။ X rays ကနေ အရိုးရဲ့ တည်နေရာကို အမှတ်အသားပြုပြီး အဲဒီကနေတဆင့် အကျိတ်ရှိတဲ့နေရာကို ရှာဖွေကာ အဓိကထားပြီး ဓာတ်ရောင်ခြည်နဲ့ ကုသတာပါ။ဈေးသက်သာပြီး လွယ်ကူပါတယ်။ ဒါပေမယ့် တိကျမှု ထိရောက်မှု အားနည်းပါတယ်။ဒါ့အပြင် ကင်ဆာဆဲလ်မဟုတ်ဘဲ ဘေးနားက ကျန်းမာတဲ့ဆဲလ်တွေကိုပါ ဓာတ်ရောင်ခြည်က ထိခိုက်နိုင်တာမို့ prognosis (ရောဂါအခြေအနေခန့်မှန်းချက်) မကောင်းတဲ့ နောက်ဆုံးအဆင့် ကင်ဆာလူနာတွေကိုပဲ ကင်ဆာဆဲလ်တွေ လျှော့ချနိုင်ရုံအတွက်သာ အသုံးပြုပါတယ်။

3 D radiation therapy ကတော့ CT scanအကူအညီယူပြီး ကင်ဆာအကျိတ်ကို သုံးဖက်မြင်ကွင်းပုံဖော်ကာ ပုံမှန်တစ်ရှုးတွေကို မထိခိုက်စေဘဲကုသတာဖြစ်ပါတယ်။CT အကူအညီကြောင့် conventional or 2D ထက်ပိုတိကျပါတယ်။

IMRT ကလည်း 3D ကဲ့သိုပဲ CTscan ရဲ့ အကူအညီကိုယူကာ အကျိတ်ကို ပုံဖော်ပြီး အဲဒီအကျိတ်ကိုပဲ တိကျတဲ့ ဓာတ်ရောင်ခြည်ကုသမှု ဖြစ်စေပါတယ်။ Intensity Modulated ဖြစ်တာကြောင့် အကျိတ်ကိုပဲ ထိရောက်တဲ့ ရောင်ခြည်ပမာဏပေးပြီး ထိခိုက်ပျက်စီးစေကာ ခန္ဓာကိုယ်ရဲ့ ပုံမှန်နေရာတွေကို ဓာတ်ရောင်ခြည်ပမာဏ မပြောပလောက်စွာပဲ သက်ရောက်စေပါတယ်။ IMRT ရဲ့ 3Dထက်ပိုတဲ့ အားသာချက်ကတော့ ကင်ဆာအကျိတ်ကို တိကျစွာ ပုံဖော်နိုင်တာကြောင့် တိကျတဲ့ ဓာတ်ရောင်ခြည်ပမာဏကို အကျိတ်ကိုပေးနိုင်ခြင်း ၊ ကင်ဆာဆဲလ်ရဲ့ပုံစံအတိုင်း လုံးဝကွက်တိကို ဖျက်ဆီးပေးနိုင်ခြင်း၊ အကျိတ်မဟုတ်တဲ့ ပုံမှန်အစိတ်အပိုင်းတွေကို ဓာတ်ရောင်ခြည်ပမာဏ သက်ရောက်မှု မပြောပလောက်စွာသာ ရှိခြင်းတို့ကြောင့် ဒီကုသမှုဟာ ကင်ဆာကို ကုသပျောက်ကင်းနိုင်တဲ့ အထိ ရလဒ်ကောင်းနေတာကို တွေ့ရပါတယ်။

ရောဂါဖြစ်ပြီလို့ သိသိချင်း တတ်ကျွမ်းတဲ့ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးမှသာ ဘယ်လိုနည်းနဲ့ကုသမလဲဆိုတာ သိရှိနိုင်မှာပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

Source: My doctor

Read: သွားပိုးစားရောဂါ

သွားပိုးစားရောဂါ

Read times Last modified on Monday, 23 April 2018 18:05
Rate this item
(0 votes)