What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 28 March 2020 19:24

နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ

90251442_832926683874316_4730726126572273664_n.png

နှလုံးကခန္ဓာကိုယ်ရဲ့ အရေးကြီးပြီး မရှိမဖြစ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှလုံးက ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီဆင်းနိုင်ရန်အတွက် သွေးညုစ် ပေးတဲ့စက် အဖြင့် တင်စားခေါ်ဝေလို့ ရပါတယ်။

 

ဒါကြောင့်နှလုံးခုန်နှုန်း မှန်ကန်ဖို့နဲ့ နှလုံးကျန်းမာဖို့ အလွန်အရေးကြီးလှပါတယ်။ နှလုံးချို့ယွင်းချက်များကြောင့် သွေးတိုးရောဂါ ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအမောဖောက်တာ၊ ခန္တာကိုယ်လှုပ်ရှားနိုင်မှု စနစ်ကိုချို့ယွင်းစေတာနဲ့ လေဖြတ်ခြင်းရောဂါများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 

နှလုံးသွေးကြောကျဉ်းရာဂါဆိုတာ နှလုံးသွေးလွှတ်ကြောနံရံ ဖောင်းပွလာသောကြောင့် သွေးလွှတ်ကြောများကို ပိတ်စို့ ခြင်းမှ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါကို အချိန်မှီ မကုသလျှင် အသက်အန္တာရာယ်ကို ထိခိုက်စေနိုင်တဲ့ အတွက် မပေါ့ဆသင့်ပါ။

 

နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာများ

အသက်ရှုရန်ခက်ခဲလာတာ၊ ပျို့အန်တာ၊ ရင်ဘတ်အောင့်တာ ၊ လည်ပင်း၊ ဘယ်ဖက်ပခုံးနာကျင်တာ၊ မူးဝေလာတာ၊ အလွန်အမင်းမောပန်းလွယ်တာ၊ သွေးခုန်နှုန်း မမှန်တာ စတဲ့ လက္ခဏာာများ ဖြစ်ပေါ်စေနိုင်ပါတယ်။

 

နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ

ဆီးချိုသွေးချိုရောဂါရှိတာ၊ နှလုံးရောဂါ မျိုးရိုးရှိတာ၊ စိတ်ဖိစီးမှုများတာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ၊ သွေးတိုးရောဂါရှိတာ၊ ဆေးလိပ် ၊အရက် အလွန်သောက်သုံးတာ၊ ကိုလက်စထရော ပါဝင်မှုများသောကြောင့်လည်း နှလုံးသွေးကြောကျဉ်းခြင်းရောဂါ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

နှလုံးသွေးကြောကျဉ်းခြင်းရောဂါကို စစ်ဆေးနည်း

ရင်ခေါင်းဓာတ်မှန်ရိုက်စစ်ဆေးတာ၊ ကိုလက်စထရောပါဝင်မှုနှုန်းကိုတိုင်းတာစစ်ဆေးတာ၊ ဆီးချိုသွေးချိုရောဂါ စစ်ဆေးတာ၊ ပြေးစက်ပေါ်ပြေးခြင်းဖြင့် နှလုံးကိုစစ်ဆေးတာ၊ နှလုံးခုန်နှုန်းတိုင်းတာ စသဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို စစ်ဆေးအတည်ပြုနိုင်ပါတယ်။

 

နှလုံးသွေးကြောကျဉ်းခြင်းရောဂါ ကုသနည်း

Nitrates ၊ Betablockers ၊ Calcium channel blockers စတဲ့ နှလုံးသွေးကျဲဆေးများသောက်သုံးတာ၊ နှလုံးသွေးခဲ့မှုမဖြစ်ပေါ်အောင် ထိန်းချုပ်တဲ့ဆေးများ သောက်သုံးတာ၊ ကိုလက်စထရောမြင့်တက်မှုကို လျော့ချပေးတဲ့ဆေးများ သောက်သုံးတာ၊ ခွဲစိတ်ကုသတာစတဲ့ နည်းလမ်းများကို ဆရာဝန်နဲ့ ပြသစစ်ဆေး ခြင်းဖြင့် ကုသမှုကိုခံယူပါ။

 

Health Products Directory


(Zawgyi)
=====

ႏွလုံးေသြးေၾကာက်ဥ္းျခင္း ေရာဂါအေၾကာင္း သိေကာင္းစရာ

 

ႏွလုံးကခႏၶာကိုယ္ရဲ႕ အေရးႀကီးၿပီး မရွိမျဖစ္တဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ႏွလုံးက ခႏၶာကိုယ္တစ္ခုလုံးကို ေသြးလည္ပတ္စီဆင္းႏိုင္ရန္အတြက္ ေသြးညဳစ္ ေပးတဲ့စက္ အျဖင့္ တင္စားေခၚေဝလို႔ ရပါတယ္။ ဒါေၾကာင့္ႏွလုံးခုန္ႏႈန္း မွန္ကန္ဖို႔နဲ႔ ႏွလုံးက်န္းမာဖို႔ အလြန္အေရးႀကီးလွပါတယ္။ ႏွလုံးခ်ိဳ႕ယြင္းခ်က္မ်ားေၾကာင့္ ေသြးတိုးေရာဂါ ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ႏွလုံးအေမာေဖာက္တာ၊ ခႏၲာကိုယ္လႈပ္ရွားႏိုင္မႈ စနစ္ကိုခ်ိဳ႕ယြင္းေစတာနဲ႔ ေလျဖတ္ျခင္းေရာဂါမ်ားကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ႏွလုံးေသြးေၾကာက်ဥ္းရာဂါဆိုတာ ႏွလုံးေသြးလႊတ္ေၾကာနံရံ ေဖာင္းပြလာေသာေၾကာင့္ ေသြးလႊတ္ေၾကာမ်ားကို ပိတ္စို႔ ျခင္းမွ ျဖစ္ေပၚလာရျခင္းျဖစ္ပါတယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို အခ်ိန္မွီ မကုသလွ်င္ အသက္အႏၲာရာယ္ကို ထိခိုက္ေစႏိုင္တဲ့ အတြက္ မေပါ့ဆသင့္ပါ။

 

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ လကၡဏာမ်ား

အသက္ရႈရန္ခက္ခဲလာတာ၊ ပ်ိဳ႕အန္တာ၊ ရင္ဘတ္ေအာင့္တာ ၊ လည္ပင္း၊ ဘယ္ဖက္ပခုံးနာက်င္တာ၊ မူးေဝလာတာ၊ အလြန္အမင္းေမာပန္းလြယ္တာ၊ ေသြးခုန္ႏႈန္း မမွန္တာ စတဲ့ လကၡဏာာမ်ား ျဖစ္ေပၚေစႏိုင္ပါတယ္။

 

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါျဖစ္ေပၚေစတဲ့ အေၾကာင္းရင္းမ်ား

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိတာ၊ ႏွလုံးေရာဂါ မ်ိဳး႐ိုးရွိတာ၊ စိတ္ဖိစီးမႈမ်ားတာ၊ အဝလြန္တာ၊ ကိုယ္လက္လႈပ္ရွားမႈအားနည္းတာ၊ ေသြးတိုးေရာဂါရွိတာ၊ ေဆးလိပ္ ၊အရက္ အလြန္ေသာက္သုံးတာ၊ ကိုလက္စထေရာ ပါဝင္မႈမ်ားေသာေၾကာင့္လည္း ႏွလုံးေသြးေၾကာက်ဥ္းျခင္းေရာဂါ ကိုျဖစ္ေပၚေစႏိုင္ပါတယ္။

 

ႏွလုံးေသြးေၾကာက်ဥ္းျခင္းေရာဂါကို စစ္ေဆးနည္း

ရင္ေခါင္းဓာတ္မွန္႐ိုက္စစ္ေဆးတာ၊ ကိုလက္စထေရာပါဝင္မႈႏႈန္းကိုတိုင္းတာစစ္ေဆးတာ၊ ဆီးခ်ိဳေသြးခ်ိဳေရာဂါ စစ္ေဆးတာ၊ ေျပးစက္ေပၚေျပးျခင္းျဖင့္ ႏွလုံးကိုစစ္ေဆးတာ၊ ႏွလုံးခုန္ႏႈန္းတိုင္းတာ စသျဖင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို စစ္ေဆးအတည္ျပဳႏိုင္ပါတယ္။

 

ႏွလုံးေသြးေၾကာက်ဥ္းျခင္းေရာဂါ ကုသနည္း

Nitrates ၊ Betablockers ၊ Calcium channel blockers စတဲ့ ႏွလုံးေသြးက်ဲေဆးမ်ားေသာက္သုံးတာ၊ ႏွလုံးေသြးခဲ့မႈမျဖစ္ေပၚေအာင္ ထိန္းခ်ဳပ္တဲ့ေဆးမ်ား ေသာက္သုံးတာ၊ ကိုလက္စထေရာျမင့္တက္မႈကို ေလ်ာ့ခ်ေပးတဲ့ေဆးမ်ား ေသာက္သုံးတာ၊ ခြဲစိတ္ကုသတာစတဲ့ နည္းလမ္းမ်ားကို ဆရာဝန္နဲ႔ ျပသစစ္ေဆး ျခင္းျဖင့္ ကုသမႈကိုခံယူပါ။

Health Products Directory

Read times
Rate this item
(1 Vote)