What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 April 2018 18:22

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကဘာလဲ။ google.com

ဆီးကျိတ်ကြီးခြင်းဆိုသည်မှာအမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးလာတာကို ဆိုလိုပါတယ်။ ဆီးကျိတ်ဂလင်းဆိုတာ အမျိုးသားမျိုးပွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သစ်ကြားသီး အရွယ်အစားရှိပါတယ်။

အမျိုးသားတွေ သန္ဓေအောင်ဖို့ အတွက် အရေးပါတဲ့အရည်တစ်မျိုးကို ထုတ်ပေးပါတယ်။ ကြီးထွားမှုကာလကို နှစ်ပိုင်းခွဲထားပြီး ပထမပိုင်းက လုပျိုဖော်ဝင်စမှာ စပြီး ဒုတိယပိုင်းကတော့ အသက်၂၅၀န်းကျင်မှုာ စပါတယ်။

ဆီးကျိတ်ကြီးခြင်းကို များသောအားဖြင့်ဒုတိယပိုင်းကာလမှ တွေ့ရပါတယ်။ ဆီးကျိတ်ဂလင်းဟာ ဆီးစွန့်ပြွန်အထက်ပိုင်း ပတ်ပတ်လည်မှာ ရှိနေပါတယ်။ ဆီးကျိတ်ဂလင်းကြီးလာတဲ့အခါမှာ ဆီးစွန့်ပြွန်ကိုသွားဖိမိပြီး ဆီးမစွန့်နိုင်တဲ့အတွက်ကြောင့် ဆီးအိမ်တင်းလာ နိုင်ပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ဆီးအိမ်နံရံတွေလျော့ရဲလာပြီး အာရုံကြောတွေက ဆီးအိမ်ကိုမထိန်းချုပ်နိုင်တဲ့အတွက် ဆီးမထိန်းနိုင်ခြင်းစတဲ့ ဆီးသွားခြင်းနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Image result for benign prostatic hyperplasia (bph)

ဆီးကျိတ်ကြီးခြင်းသည် အမျိုးသားတွေမှာသာဖြစ်တဲ့ တွေ့ရများတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်၅၀ကျော်တွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ အသက်၅၁ နဲ့ ၆၀ ကြားအမျိုးသား ၅၀ ရာခိုင်နှုန်း နဲ့   အသက်၈၀ ကျော် အမျိုးသား ၉၀ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်ချေရှိနေပါတယ်။

Related image

Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။

တွေ့ရများတဲ့လက္ခဏာတွေကတော့

(၁) ဆီးစသွားဖို့နဲ့ ဆီးရပ်လိုက်ဖို့ခက်ခြင်း (ဆီး တစ်စက်၊တစ်စက် ကျနေခြင်း)

(၂) ဆီးသွားချင်နေခြင်း အထူးသဖြင့် ညဘက်တွေမှာ

(၃) ဆီးနည်းခြင်း

(၄) ဆီးကျန်တယ်လို့ ခံစားရခြင်း

(၅) ဆီးစွန့်ပြီးချိန်နောက် တစ်ခါ ထပ်စွန့်လိုခြင်း၊ ဆီးသွားလျှင်နာခြင်း

(၆) ညဘက်မှာဆီးသွားဖို့ နှိုးနေတတ်ခြင်း၊ ခဏခဏဆီးသွားခြင်း ရုတ်တရက်ထိန်းချုပ်လို့မရအောင် ဆီးသွားချင်စိတ်ဖြစ်ခြင်း ကဲ့သို့သော ဆီးအိမ်ပြဿနာများ စသည်လက္ခဏာများဖြစ်ပွားနိုင်ပါတယ်။

အောက်ပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် ဆရာဝန်နဲ့သွားပြသင့်ပါတယ်။

ဆီးလုံးဝမသွားနိုင်ခြင်း

-ဆီးသွားလျှင်နာခြင်း

-38°C ထက် အပူကြီးခြင်း ဖျားခြင်း ချမ်းတုန်ခြင်း ကိုက်ခဲခြင်း

-ထိခိုက်မှုမရှိဘဲ ခါး၊ နံရိုးအောက်နေရာ အောင့်ခြင်း

-ဆီးထဲမှာ သွေးပြည်ပါခြင်း

-ဆီးသွားလျှင် ပူခြင်း

-သုက်လွှတ်လျှင် နာခြင်း

-ဆီးမထိန်းနိုင်ခြင်း

-ဆီးသွားခြင်းနဲ့ဆိုင်တဲ့ပြဿနာတွေ ရက်သတ္တပတ်ကြာ(သို့) လနဲ့ချီ ခံစားရခြင်း တို့ဖြစ်ပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသသင့်နေပါပြီ။Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ကိုဘာတွေကဖြစ်စေသလဲဆိုရင်အမျိုးသားတွေမှာ အသက်ကြီးလာတဲ့အမျှ ဖြစ်နိုင်ချေများလာပါတယ်။ ဘာကြောင့်ဖြစ်လဲမပြောနိုင်သေးပေမဲ့ ပောာ်မုန်းမညီမျှမှုတွေ ဆဲလ်ကြီးထွားမှုဆိုင်ရာပြောင်းလဲမှုတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ အသက် ၆၀ အောက်အမျိုးသားတွေမှာ မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်ချေရှိပြီး ခွဲစိတ်ဖို့ လိုလောက်တဲ့အထိပြင်းထန်နိုင်ပါတယ်။

 Benign Prostatic Hyperplasia (BPH) (ဆီးကျိတ်ကြီးခြင်း) ဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့အရာတွေ အများကြီးရှိပါတယ်။

အသက်အရွယ်(အသက်၄၀အောက် အမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးခြင်း လက္ခဏာတွေ တွေ့ရခဲပါတယ်။ အသက်၆၀ အမျိုးသားသုံးပုံတစ်ပုံ နဲ့ အသက်၈၀ အမျိုးသားတစ်ဝက်မှာ လက္ခဏာမပြင်းထန်ရာကနေ ဆိုးဆိုးရွားရွားပြသည်အထိ ဖြစ်နိုင်ပါတယ်။

မိသားစုရာဇ၀င် (သင့်ရဲ့သွေးချင်းထဲမှာ ဒီရောဂါမျိုး၇ှိနေတယ်ဆိုရင် သင့်မှာဖြစ်နိုင်ချေများပါတယ်။

လူမျိုး (လူဖြူတွေနဲ့လူမည်းတွေမှာ ဖြစ်နိုင်ချေများပါတယ် လူမည်းတွေဟာ လူ့ဖြူတွေထက် အသက်ငယ်ငယ်မှာလည်း လက္ခဏာပြနိုင်ပါတယ်။)

အမျိုးအစား၂ဆီးချိုရောဂါ၊ နှလုံးရောဂါသွေးလည့်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါ၊ နှလုံးသွေးတိုးကြောင့် သောက်ရတဲ့ဆေး beta blockers ကဲ့သို့သော ဆေးတွေသောက်နေရခြင်း၊

ပန်းသေပန်းညှိုးရောဂါ၊

လူနေမှုပုံစံ (အ၀လွန်ခြင်း၊ လှုပ်ရှားမှုမရှိခြင်း)၊ စသည်တို့ဖြစ်ပါတယ်။

 သင့်ရဲ့လက္ခဏာတွေ ကျန်းမာရေးအခြေအနေတွေနဲ့ ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးမှူတွေမှတစ်ဆင့် အတည်ပြုနိုင်ပါတယ်။ အခြားစစ်ဆေးမှုတွေကတော့

စအိုထဲလက်နှိုက်စမ်းခြင်း (စအိုထဲကိုလက်ချောင်းထည့်ပြီး ဆီးကျိတ်ဂလင်းအရွယ်အစားစမ်းခြင်း ဖြစ်ပါတယ်။)

ဆီးစစ်ခြင်း (ကူးစက်ပိုးရှိမရှိစစ်ဆေးခြင်း)

သွေးစစ်ခြင်း (ကျောက်ကပ်ပြဿနာရှိမရှိစစ်ဆေးခြင်း)

ဆီးကျိတ်ဂလင်းဆိုင်ရာ ပဋိဓါတ် (PSA) ကိုစစ်ခြင်း (သွေးထဲမှာများနေသည်ကို ကြည့်ခြင်းဖြင့် ဆီးကျိတ်ဂလင်း ကြီးနေကြောင်း သိနိုင်ပါတယ်။)

ဦးနှောက်နဲ့အာရုံကြောပိုင်းစမ်းသပ်ခြင်း (ဦးနှောက်နဲ့အာရုံကြောပိုင်း ကောင်းကောင်းအလုပ်လုပ်နိုင် မလုပ်နိုင်ကြည့်ခြင်း)

ဆီးအိမ်ထဲမှန်ပြောင်းထည့်ခြင်း (ဆီးစွန့် ပြွန်မှတစ်ဆင့်ထည့်ြ့ပီး ဆီးအိမ်နဲ့ ဆီးစွန့်ပြွန်နှစ်ခုလုံးအတွင်းကို ကြည့်ခြင်း)

အသားစ စစ်ဆေးခြင်း (ဆီးကျိတ်ဂလင်း ကင်ဆာဖြစ်မဖြစ်ကြည့်ခြင်း)

ဆီးစွန်ြ့ပွန်နဲ့ ဆီးအိမ်ကောင်းကောင်း အလုပ်လုပ်နိုင် ၊ မလုပ်နိုင်ကြည့်ခြင်း

စအိုကနေ အယ်လ်ထရာဆောင်းရိုက်ခြင်း (tranducerဆိုတဲ့ ကိရိယာကတစ်ဆင့် လုရဲ့ခန္ဓာကိုယ်တစ်ရှူးတွေဆီကိုဖြတ်ခိုင်း ပြီး ပုံရိပ်ဖော်ခြင်းဖြစ်ပါတယ်။ ဆီးကျိတ်ဂလင်း မူမမှန်ခြင်းပြဿနာများကို သိနိုင်ပါတယ်။)

အောက်ဖော်ပြပါ လူနေမှုပုံစံနဲ့အိမ်သုံးကုထုံးတွေက ဆီးကျိတ်ကြီးခြင်းကို ကုသရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေရတဲ့နေရာတွေ မှာ အကူအညီပေးပါတယ်။

ဆီးနှစ်ခါသွားခြင်း။ ဆီးသွားနိုင်သလောက်သွားပြီးရင် ခဏနားလိုက်ပါ။ ပြီးရင်နောက်တစ်ခေါက် ဆီးထပ်သွားကြည့်ပါ။
• ဆီးကိုမတ်တပ်ရပ်မစွန့်ဘဲ ထိုင်လျက်သာစွန့်ခြင်း
• ဆီးမသွားအောင် အရည်တွေ မသောက်ဘဲနေခြင်းကို ရှောင်ခြင်း (ရေဓာတ်ခန်းခြောက်ခြင်းကနေတစ်ဆင့် အခြားသောပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ နေ့ခင်းပိုင်း အရည်တွေသောက်ခြင်းက ကောင်းပါတယ်။)
• ညဘက်မှာဆီးခဏခဏသွားနေရတယ်ဆိုရင် ညနေမှာ အရည်တွေလျှော့သောက်ခြင်း၊ ညအိပ်ရာဝင်ခါနီးဆီးသွားခြင်းပြုလုပ်ပါ။
• ဆီးခဏခဏသွားစေတဲ့ လက်ဘက်ရည်၊ ကော်ဖီအရက်စတာတွေကို ရှောင်ခြင်း
• ဓာတ်မတည့်ခြင်းတွေကိုတားတဲ့ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အစာအိမ်ဆေးတွေစတဲ့ အလွယ်တကူဝယ်လို့ရနိုင်တဲ့ဆေးတွေက ဆီးသွားခြင်းကိုခက်ခဲစေနိုင်တဲ့အတွက် ရှောင်ရှားခြင်း (ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့တိုင်ပင်၍ သောက်ခြင်း)
Source: hello doctor

Read: ဝက်ခြံအမာရွက်တွေကြောင့် အလှပျက်စိတ်ညစ်နေပြီလား…???

ဝက်ခြံအမာရွက်တွေကြောင့် အလှပျက်စိတ်ညစ်နေပြီလား…???

Read times
Rate this item
(0 votes)