What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 22 March 2020 12:29

ဂျပန်တုပ်ကွေးဆေးသည် COVID-19 ကုသရာတွင်အလွန်ထိရောက်ကြောင်းတရုတ်ဆေးဘက်ဆိုင်ရာအရာရှိများကပြောကြား

forbes တွင် ဖော်ပြထားသည့် သတင်းတွင် ဂျပန်တုပ်ကွေးဆေးသည် COVID-19 ကုသရာတွင် ထိရောက်မှု ရှိသည်မှာ

ထင်ရှားကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက တရားဝင် ပြောကြားခဲ့ကြသည်။ ထိုဆေးကို ‘favipiravir’ ဟု သိကြပြီါ် fujifilm toyama chemical မှ ဖော်ထုတ်ခဲ့သော ဆေးဝါးဖြစ်သည်။ favipiravir’ ဖြင့် ဝူဟံနှင့် ရှန်ကျန်း မြို့ကြီးများတွင် COVID-19 လူနာများကို ဆေးတိုက်ပေးပြီး ကုသခဲ့ကြသည်။ လူနာတို့သည် ပိုးကင်းကြောင်း လေးရက်အကြာတွင် ဆေးစစ်ချက် အဖြေကို ရရှိသည်။ စမ်းသပ်ခဲ့သည်မှာ လူနာပေါင်း ၂၀၀ ဦး ဝန်းကျင်ဖြစ်သည်ဟု တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများက ပြောသည်။ သာမန်အားဖြင့် ပိုးကင်းကြောင်း ဆေးစစ်ချက် အဖြေရရှိသည့်အဖြစ်သို့ လူနာများ ရောက်ရှိရန် အနည်းဆုံး ၁၁ ရက်ကြာ ကုသပေးရလေ့ရှိသည်။

 

Image result for favipiravir’

‘favipiravir’ သည် ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း ထင်ရှားသည်ဟု တရုတ် သိပ္ပံဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သူ zhang xinmin က ပြောကြားသည်။ သူသည် ဇီဝနည်.ပညာ ဖွံ့ဖြိုးရေး အမျိုးသား ဗဟိုဌာနတွင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။

fujifilm toyama သည် ‘favipiravir’ ကို ၂၁၀၄ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့ပြီး ဂျပန်နိုင်ငံရှိ နူနာများကို ဖေဖော်ဝါရီလမှစ၍ ၎င်းဆေးဖြင့်ကုသပေးလျက် ရှိသည်ဟု nikkei asian review တွင် ဖော်ပြထားသည်။

‘favipiravir’ ရောဂါပြင်းထန်ခြင်း မရှိသည့်အခြေအနေတွင် ဆေးဦးအောင် လက်ဦးမှု ရယူပါက ထိရောက်မှု ရှိပြီး ရောဂါပြင်းထန်ပြီး ရောဂါကျွမ်းစပြုနေပြီဆိုပါက ထိရောက်မှု မရှိဟုလည်း သိကြရသည်။ လောလောဆယ်တွင် တရုတ်မှ ဆေးဝါးထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သော zhejiang hisun pharmaceutical က အလားတူဆေးကို ထုတ်လုပ်နေပြီ ဖြစ်သည်။

 

Image result for favipiravir’

zawgyi

ဂ်ပန္တုပ္ေကြးေဆးသည္ COVID-19 ကုသရာတြင္အလြန္ထိေရာက္ေၾကာင္းတ႐ုတ္ေဆးဘက္ဆိုင္ရာအရာရွိမ်ားကေျပာၾကား

forbes တြင္ ေဖာ္ျပထားသည့္ သတင္းတြင္ ဂ်ပန္တုပ္ေကြးေဆးသည္ COVID-19 ကုသရာတြင္ ထိေရာက္မႈ ရွိသည္မွာ ထင္ရွားေၾကာင္း တ႐ုတ္ေဆးဘက္ဆိုင္ရာ အရာရွိမ်ားက တရား၀င္ ေျပာၾကားခဲ့ၾကသည္။ ထိုေဆးကို ‘favipiravir’ ဟု သိၾကၿပီၚ fujifilm toyama chemical မွ ေဖာ္ထုတ္ခဲ့ေသာ ေဆးဝါးျဖစ္သည္။ favipiravir’ ျဖင့္ ဝူဟံႏွင့္ ရွန္က်န္း ၿမိဳ႕ႀကီးမ်ားတြင္ COVID-19 လူနာမ်ားကို ေဆးတိုက္ေပးၿပီး ကုသခဲ့ၾကသည္။ လူနာတို႔သည္ ပိုးကင္းေၾကာင္း ေလးရက္အၾကာတြင္ ေဆးစစ္ခ်က္ အေျဖကို ရရွိသည္။ စမ္းသပ္ခဲ့သည္မွာ လူနာေပါင္း ၂၀၀ ဦး ၀န္းက်င္ျဖစ္သည္ဟု တ႐ုတ္ေဆးဘက္ဆိုင္ရာ အရာရွိမ်ားက ေျပာသည္။ သာမန္အားျဖင့္ ပိုးကင္းေၾကာင္း ေဆးစစ္ခ်က္ အေျဖရရွိသည့္အျဖစ္သို႔ လူနာမ်ား ေရာက္ရွိရန္ အနည္းဆုံး ၁၁ ရက္ၾကာ ကုသေပးရေလ့ရွိသည္။

‘favipiravir’ သည္ ေဘးကင္းၿပီး ထိေရာက္မႈရွိေၾကာင္း ထင္ရွားသည္ဟု တ႐ုတ္ သိပံၸ၀န္ႀကီးဌာနမွ ၫႊန္ၾကားေရးမွဴး ျဖစ္သူ zhang xinmin က ေျပာၾကားသည္။ သူသည္ ဇီ၀နည္.ပညာ ဖြံ႕ၿဖိဳးေရး အမ်ဳိးသား ဗဟိုဌာနတြင္ ၫႊန္ၾကားေရးမွဴး တာ၀န္ ထမ္းေဆာင္ေနသူတစ္ဦး ျဖစ္သည္။

fujifilm toyama သည္ ‘favipiravir’ ကို ၂၁၀၄ ခုႏွစ္တြင္ ထုတ္လုပ္ႏိုင္ခဲ့ၿပီး ဂ်ပန္ႏိုင္ငံရွိ ႏူနာမ်ားကို ေဖေဖာ္ဝါရီလမွစ၍ ၎ေဆးျဖင့္ကုသေပးလ်က္ ရွိသည္ဟု nikkei asian review တြင္ ေဖာ္ျပထားသည္။

‘favipiravir’ ေရာဂါျပင္းထန္ျခင္း မရွိသည့္အေျခအေနတြင္ ေဆးဦးေအာင္ လက္ဦးမႈ ရယူပါက ထိေရာက္မႈ ရွိၿပီး ေရာဂါျပင္းထန္ၿပီး ေရာဂါကၽြမ္းစျပဳေနၿပီဆိုပါက ထိေရာက္မႈ မရွိဟုလည္း သိၾကရသည္။ ေလာေလာဆယ္တြင္ တ႐ုတ္မွ ေဆးဝါးထုတ္ကုန္လုပ္ငန္းတစ္ခုျဖစ္ေသာ zhejiang hisun pharmaceutical က အလားတူေဆးကို ထုတ္လုပ္ေနၿပီ ျဖစ္သည္။

Read times
Rate this item
(0 votes)