What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 28 March 2020 07:57

ကိုရိုနာဗိုင်းရပ် မိမိဘာသာ ဆန်းစစ်ခြင်း COVID-19 SELF TEST

ကိုရိုနာဗိုင်းရပ် မိမိဘာသာ ဆန်းစစ်ခြင်း COVID-19 SELF TEST

 စိတ်ထဲ သင်္ကာမကင်းဖြစ်မိရင် ဤဆန်းစစ်ချက်ဖြင့် စစ်ဆေးကြည့်ပါ။

ဆန်းစစ်ချက် အဖြေက LOW မဟုတ်ဘူးဆိုရင်

သင့်မှာ ပိုးရောက်နေပါပြီ။

ဥပမာ HIGH ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

အထိတ်တလန့် မဖြစ်ပါနဲ့။

ဘယ်သူနဲ့မှ အတွေ့မခံဘဲ သီးခြားသီးသန့်နေခြင်း ချက်ချင်းစတင်ပါ။

 

ပိုးရှိမရှိ တစ်ကြိမ် စစ်ပြီးရုံဖြင့် မပြီးပါဘူး။ ဒီနေ့ မကူးသေးပေမဲ့ တစ်ချိန်ချိန်မှာ ကူးနိုင်တယ်။ ဒီတော့ အကြိမ်ကြိမ် စစ်နေရမယ့်သဘော ရှိတာမို့ ဓာတ်ခွဲခန်းထဲ စစ်ခြင်းအစား မိမိဘာသာ ဆန်းစစ်ချက် ပြုပြီး စစ်ကြရတဲ့ COVID-19 SELF TEST ကိုဗစ် ကိုယ်တိုင်စစ် နည်းစနစ်ကို ဖော်ပြပေးထားပါတယ်။ လွယ်ပါတယ်။ YES ဖြစ်ဖြစ် NO ဖြစ်ဖြစ် အပြာကွက်ကလေးတွေကို တို့ထိပြီး ဖြေပေးသွားရုံပါပဲ။

 

ဖော်ပြပါ လင့်ကို တို့ထိပြီး မေးခွန်းများ စီစဉ်ပေးထားတဲ့ဆီကို သွားလိုက်ပါ။

ပထမဆုံး မေးခွန်းက ချောင်းဆိုးသလား။ 

ဆိုးပါတယ်ဆိုရင်   YES အပြာကွက်ကို တို့ထိပါ

မဆိုးပါဘူးဆိုရင်  NO အပြာကွက်ကို တို့ထိပါ။

နောက်ထပ် မေးခွန်းတစ်ခုဆီ ရောက်သွားပါလိမ့်မယ်။ 

 

အအေးမိလား လို့ မေးထားပါတယ်

ဟုတ်ရင်   YES အပြာကွက်ကို တို့ထိပါ

မဟုတ်ရင် NO အပြာကွက်ကို တို့ထိပါ။

 

နောက်ထပ် မေးခွန်းတစ်ခုဆီ ရောက်သွားပါလိမ့်မယ်။

ကျန်ရှိတဲ့ မေးခွန်းတွေကိုလည်း ယခုလို ဆက်ဆက်ဖြေကြားပေးသွားရမှာ ဖြစ်ပါတယ်။

 

ဝမ်းသွားလား။

 

လည်ချောင်းနာလား

ကိုယ်လက် ကိုက်ခဲလား

 

အဖျားရှိလား။

 

ကိုယ်အပူချိန်က ၃၇ ဒသမ ၈ ထက် ကျော်နေလား။

ဖာရင်ဟိုက်နဲ့ဆိုရင် ၁၀၀ ထက် ကျော်နေလား။

 

အသက်ရှူရတာ ခက်ခဲနေလား။

နုံးချိနေလား။

 

ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း ခရီးသွားထားလား။

ကိုဗစ် ၁၉ ပိုးကူးခံ ဧရိယာထဲ ရှိနေခဲ့ဖူးလား။

 

ကိုဗစ် ၁၉ အတည်ပြုလူနာနဲ့ တိုက်ရိုက်ထိတွေ့မှု ရှိလား။

လူနာကို ပြုစုစောင့်ရှောက်မှု လုပ်ဖူးလား။

 

ဆန်းစစ်ချက် ရလဒ် ထွက်ပါပြီ။

စိတ်ထဲ သင်္ကာမကင်းဖြစ်မိရင် ဤဆန်းစစ်ချက်ဖြင့် ထပ်မံ စစ်ဆေးကြည့်ပါ။

ဆန်းစစ်ချက် အဖြေက LOW မဟုတ်ဘူးဆိုရင်

သင့်မှာ ပိုးရောက်နေပါပြီ။

ဥပမာ HIGH ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။

အထိတ်တလန့် မဖြစ်ပါနဲ့။

ဘယ်သူနဲ့မှ အတွေ့မခံဘဲ သီးခြားသီးသန့်နေခြင်း ချက်ချင်းစတင်ပါ။

  

အထိတ်တလန့် မဖြစ်ပါနဲ့။

ဘယ်သူနဲ့မှ အတွေ့မခံဘဲ သီးခြားသီးသန့်နေပါ။

 ရပ်ကျေး အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်ပါ

 

 

ဆန်းစစ်ချက် စတင်ဖို့ 

COVID-19 SELF-TEST   

ကို နှိပ်လိုက်ပါ။

Read times
Rate this item
(1 Vote)