What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 17 May 2020 13:58

အမေရိကန်နိုင်ငံသို့ ဆေးရုံသုံးဝတ်ရုံ တင်သွင်းမှုတွင် မြန်မာနိုင်ငံသည် တတိယ အများဆုံး

ကိုဗစ်ကာလတွင် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပြတ်လပ်ခြင်းကို အမေရိကန်တစ်လွှားမှာ ဖြစ်ပေါ်နေသည့်နည်းတူ အခြားနိုင်ငံများအပြားတို့တွင်လည်း ဖြစ်ပေါ်နေသည်။

 

အမေရိကန်နိုင်ငံသည် ပြည်ပမှ တင်သွင်းသည့်အပေါ် အသည်းအသန် အားကိုးပြုနေရသည်။ ထိုတင်သွင်းမှုများတွင် ပြီးခဲ့သည့် နှစ်ကာလတို့တွင် တရုတ်နိုင်ငံသည် အဓိက ကျနေခဲ့သည်။

 

သို့သော် ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် ဆေးပစ္စည်းများအပေါ် သွင်းကုန်ခွန်ကို မြှင့်တင်ခဲ့ပြီး ကူးစက်ရောဂါ ဆိုးဝါးနေချိန် ပြီးခဲ့သည့် မတ်လကျမှ ထိုအကောက်ခွန်နှုန်းထားကို ဖယ်ရှားပေးခဲ့သည်။ သို့တိုင်အောင် N95 မတ်စ် တင်သွင်းမှုတွင် ချုပ်ချယ်မှုများ ရှိနေသည်။

 

တရုတ်အစိုးရက ပြည်တွင်းရှိ မတ်စ် ထုတ်လုပ်သူများသည် အစိတ်အပိုင်းကို ဖြစ်စေ၊ တစ်ခုလုံးကို ဖြစ်စေ ပြည်တွင်းမှာသာ ရောင်းချခွင့် ရှိသည်။ ပြည်ပသို့ တင်ပို့ခွင့် ပိတ်ပင်ထားသည်။ တောင်ကိုရီးယား၊ ထိုင်ဝမ်နှင့် အိန္ဒိယ အပါအဝင် အခြားနိုင်ငံများတွင်လည်း မိမိနိုင်ငံသားများအတွက် သိမ်းထားလိုသဖြင့် ပြည်ပသို၌ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့ခြင်းကို ပိတ်ပင်ထားသည်။

 

သို့ဖြစ်ရာ ဆေးဘက်ဆိုင်ရာပစ္စည်းများ ကမ္ဘာ့ကုန်သွယ်ရေး အဆုံးသတ်သွားပြီလော။  ဆေးရုံသုံး ဝတ်ရုံ surgical gowns (harmonized code 6210) ကို တင်သွင်းကြသည့် ကမ္ဘာ့ကုန်သွယ်ရေးကို ကြည့်လျှင် အမေရိကန်နိုင်ငံသို့ အလေးချိန်ပမာဏအရ အများဆုံး ငါးနိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်သည်။

၁။ တရုတ်

၂။ ဗီယက်နမ်

၃။ မြန်မာ

၄။ ဘင်္ဂလားဒေ့ရှ်

၅။ အင်ဒိုနီးရှား

ဖော်ပြထားသည်မှာအလေးချိန်ကီလို ပမဏအရ ဖြစ်သည်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များအတွက် ဖြစ်သည်။

 

အများဆုံး တင်သွင်းသည့် တရုတ်နိုင်ငံသည် သွင်းကုန်ခွန် မြင့်တက်သဖြင့် ၂၀၁၉ ခုနှစ်တွင် ၂၀၁၈ ခုနှစ်ထက် ၂၀ ရာခိုင်နှုန်း လျော့ကျသွားသည်။ ထိုကာလတွင် မြန်မာနိုင်ငံသည် ၆၀ ရာခိုင်နှုန်း မြင့်တက်သည်။ နောက်ဆုံးရ ၂၀၂၀ ဇန်နဝါရီလအတွက် အချက်အလက်တွင် နေရာအပြောင်းအလဲများ ဖြစ်နေသည်ကို တွေ့ရသည်။

 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နှင့် တရုတ်တို့ သွင်းကုန်ခွန် နှုန်းထား လျော့ချရန် ပထမအဆင့်ကို သဘောတူခဲ့ကြပြီး ၂၀၂၀ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ရလဒ်အဖြစ် တရုတ်မှ ဆေးရုံသုံး ဝတ်ရုံ surgical gowns (harmonized code 6210) တင်သွင်းမှု သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် ၁၂ .၁ ရာခိုင်နှုန်း တိုးသည်။

အခြားထိပ်တန်း ၅ နိုင်ငံတွင်လည်း တိုးသည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့မှ တင်သွင်းသည့် ဆေးရုံသုံးဝတ်ရုံ အလေးချိန်ကီလိုဂရမ် ပမာဏသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂ ဆ တိုးသွားသည်။ မြန်မာနိုင်ငံသည် ထိပ်တန်း ၅ နိုင်ငံတွင် တတိယနေရာသို့ ရောက်ရှိသွားသည်။ ဗီယက်နမ်သည် ၂၁ . ၇ ရာခိုင်နှုန်း တိုးသည်။ ဘင်္ဂလားဒေ့ရှ်သည် ၃၈ ရာခိုင်နှုန်း လျော့ကျသည်။

 

အမေရိကန်နိုင်ငံသည် ဆေးရုံသုံး ဝတ်ရုံ surgical gowns (harmonized code 6210) ကို အီတလီ၊ ကနေဒါ? မက္ကဆီကို၊ ပါကစ္စတန်နှင့် အိန္ဒိယ နိုင်ငံများမှလည်း တင်သွင်းသည်။

 

supplychainbrief.com/myanmar

Read times
Rate this item
(0 votes)