What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 31 July 2020 00:02

UNHCR နှင့် WFP တို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွက် COVID-19 Test Kit ပေါင်း ၂၀,၀၀၀ လွှဲပြောင်းပေးအပ်

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ အတူတကွပူးပေါင်း၍

COVID-19 စမ်းသပ်ကိရိယာပေါင်း ၂၀,၀၀၀ ကို မြန်မာနိုင်ငံအစိုးရသို့ပေးအပ်ခဲ့ပါသည်။ UNICEFက ဝယ်ယူခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ဆောင်ရွက်ပေးခဲ့သည့် ဤစမ်းသပ်ကိရိယာများသည် ကုလသမဂ္ဂက မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(MoHS)သို့ စမ်းသပ်ကိရိယာပေါင်း ၉၀,၀၀၀ ကျော် ထောက်ပံ့ပေးမည့်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂမိသားစုအနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ COVID-19 တုံ့ပြန်ဆောင်ရွက်မှုတွင် အပြည့်အဝပူးပေါင်းကူညီ ရပ်တည်လျက်ရှိပြီး အရေးပေါ်လူ့အသက်ကယ်ဆယ်ရေးနှင့် COVID-19 Test Kit များ ပံ့ပိုးမှုများ အပါအဝင် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုတားဆီးရာတွင်အကူအညီဖြစ်စေမည့် အမျိုးသားအဆင့်တုံ့ပြန်ဆောင်ရွက်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက်လည်း အားဖြည့်ကူညီပေးလျက်ရှိပါသည်။ အလားတူ ပြည်တွင်းတွင်လိုအပ်နေသည့် ကယ်ဆယ်ရေး၊ သန့်ရှင်းရေးနှင့် ဆေးဝါးအထောက်အပံ့များ မြန်မာနိုင်ငံသို့ လွယ်ကူချောမွေ့စွာ ရောက်ရှိနိုင် စေရန်အတွက် WFP ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးစနစ်မှတစ်ဆင့်လည်း ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

“ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါသည် လူတိုင်းကိုသက်ရောက်စေပြီး ထိခိုက်လွယ်လူအုပ်စုများကိုအန္တရာယ်များစွာ ဖြစ်စေခဲ့သည်။ ပါးစပ်နှင့်နှာခေါင်းစည်းများဝတ်ဆင်ခြင်း၊ လူတစ်ဦးနဲ့တစ်ဦးလက်တကမ်းအကွာမှာနေခြင်းနှင့် လူစု လူဝေးမှရှောင်ရှားခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာအလေ့အကျင့်များ ထိန်းသိမ်းထားခြင်းအပါအဝင် ကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအားဆက်လက်၍လိုက်နာဆောင်ရွက်ရန်လိုအပ်နေသေးသည်” ဟု UNHCR မှ ယာယီဌာနေကိုယ်စားလှယ် Ms. Cecile Fradot ကပြောကြားခဲ့သည်။ "ဒီစမ်းသပ်ကိရိယာများကို ယနေ့ လွှဲပြောင်း ပေးအပ်ခြင်းသည် ဗိုင်းရပ်စ်ပိုးကူးစက်မှုလမ်းကြောင်းကိုထိန်းချုပ်ရပ်တန့်ရန်နှင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေး နေရသူများအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံးကိုကာကွယ်ရန်အတွက် မြန်မာနိုင်ငံ အစိုးရ၏ လုပ်ဆောင်မှုများကို ပံ့ပိုးကူညီရာတွင် အလွန်အရေးပါသည်"။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Anderson က “ဒီ စမ်းသပ်ကိရိယာတွေဟာ COVID-19 ကူးစက်ပြန့်ပွားမှု ဒုတိယလှိုင်းကို ကာကွယ်တားဆီးဖို့ဆောင်ရွက်နေတဲ့ နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်တည်တံ့စေဖို့နဲ့ ပိုပြီးတိုးမြှင့်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုလိုကြိုးပမ်း အားထုတ်မှုတွေဟာ ပြည်တွင်းမှာ ဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါမှုကို ထိန်းချုပ်ဖို့အတွက် အလွန် အရေးကြီးပါတယ်” ဟုပြောကြားခဲ့ပါသည်။

ယခုလက်ရှိပံ့ပိုးမှုသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာနည်းဗျုဟာအားပံ့ပိုးကူညီပေးသည့်အနေဖြင့် မြန်မာနိုင်ငံအစိုးရအတွက် WHO၊ UNICEF နှင့် ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရရှိရေးရန်ပုံငွေမှတဆင့် UNOPS တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ယင်း၏ သက်ဆိုင်ရာဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာဌာနများသို့ စမ်းသပ်ကိရိယာပေါင်း ၇၅,၀၀၀ကျော်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းအပါအဝင် ကုလသမဂ္ဂ၏ပေါင်းစည်း ဆောင်ရွက်မှုအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုနှစ်တွင် UNHCR သည် အမျိုးသားအဆင့်COVID-19ရောဂါတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာလုပ်ငန်းများတွင် နိုင်ငံမဲ့ နေသူများနှင့်နေရပ်စွန့်ခွာပြည်သူများအပါအဝင် ကူညီစောင့်ရှောက်မှုလိုအပ်နေသူများအားလုံး ပါဝင်ခွင့်ရရှိစေရေး သေချာစေရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ (၉.၄) သန်း သုံးစွဲမည့်လုပ်ငန်းအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် WFP သည် မြန်မာနယ်စပ်ဂိတ်များနှင့် နိုင်ငံတော်အစိုးရပံ့ပိုးမှုဖြင့်ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သား ၅၀,၀၀၀ ကျော်အတွက် နေ့စဉ်အစားအစာများထောက်ပံ့ပေးလျက်ရှိသည့်အပြင်၊ COVID-19 ရောဂါတိုက်ဖျက်ရေးတွင် အရေးတကြီး လိုအပ်လျက်ရှိသည့် မရှိမဖြစ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာပစ္စည်းများနှင့် ခရီးသည်များအား WFP ၏ အပတ်စဉ်ပျံသန်းလျက်ရှိသည့် အကူအညီပေးရေးလေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ကူညီပေးလျက်ရှိပါသည်။

UNHCR and WFP team up to deliver 20,000 COVID-19 Test Kits to Myanmar

UNHCR, the UN Refugee Agency, and the World Food Programme (WFP) have teamed up to deliver 20,000 COVID-19 test kits to the Government of Myanmar. The test kits, which were procured and delivered by UNICEF, arrived at the Yangon International Airport today as part of a broader United Nations provision of over 95,000 test kits to the Myanmar Ministry of Health and Sports.

The United Nations family stands in full solidarity with the Government of Myanmar in its response to COVID-19 and is actively supporting its efforts to save lives, and strengthen the national response capacity to help contain the spread of the virus, including with COVID test kits, as well as leveraging WFP’s humanitarian logistics system to facilitate the arrival of much needed relief, hygiene and medical supplies to Myanmar.

“The global pandemic has impacted everyone and placed vulnerable communities at heightened risks. Continued vigilance is still required, including wearing masks, physical distancing and maintaining hygiene practices,” said Ms. Cecile Fradot, Representative ad interim for UNHCR in Myanmar. “The delivery of the test kits today is critical to support the Government of Myanmar to cut the chains of transmission of the virus and protect all communities, including those displaced by conflict.”

According to WFP Myanmar’s Country Director Mr. Stephen Anderson, “These kits are intended to further boost and sustain the Government of Myanmar’s efforts to avert a second wave of COVID transmissions which is fundamental to keeping poverty and hunger in check”.

This latest contribution to the Government of Myanmar builds on collective UN efforts to support the national testing strategy, with 75,000 test kits handed over by the World Health Organisation, UNICEF, and UNOPS through its Access to Health Fund, to the Ministry of Health and Sports and its relevant laboratory facilities to date.

This year, UNHCR rolled out a US $9.4m programme aimed at ensuring the inclusion of persons of concern, including stateless and displaced people, in the national COVID-19 response. At the same time, WFP has so far provided daily meals for over 50,000 returning migrants at Myanmar border gates and government-managed quarantine centers, while WFP weekly aid flights continue to bring into the country essential supplies and passengers urgently needed in the fight against COVID-19.

Read times
Rate this item
(0 votes)