What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 August 2020 17:18

COVID-19 ရောဂါဒုတိယလှိုင်းမပေါ်ပေါက်စေရေး သတိပြုရန်အတွက် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ ပြည်သူများသို့ပန်ကြားချက်

COVID-19 ရောဂါဒုတိယလှိုင်းမပေါ်ပေါက်စေရေး သတိပြုရန်အတွက် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးရှိ ပြည်သူများသို့ပန်ကြားချက်ကို

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

အဆိုပါ ပန်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(က) (၁၉.၈.၂၀၂၀)နေ့၊ နံနက်ပိုင်း မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအထိ ကမ္ဘာတွင် (COVID-19) ရောဂါဖြစ် ပွားသူ (၂၂) သန်း (၃) သိန်းကျော်ရှိ၍ သေဆုံးသူ (၇)သိန်း (၈)သောင်းကျော် ရှိနေပြီဖြစ်ကာ ဖြစ်ပွားသူနှင့် သေဆုံးသူအရေအတွက်မှာ အချိန်နှင့်အမျှ တိုးတက်များပြားလျက်ရှိနေပါသည်။

(ခ) အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားသူ (၂)သန်း (၇)သိန်းကျော်၊ သေဆုံးသူ (၅)သောင်း (၃)ထောင်ကျော်ဖြင့် ကမ္ဘာတွင်ဖြစ်ပွားမှုတတိယအများဆုံး နိုင်ငံဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်လည်း ဖြစ်ပွားသူ (၂)သိန်း (၈)သောင်းကျော်၊ သေဆုံးသူ (၃)ထောင့် (၇)ရာကျော် ရှိနေကာ ကမ္ဘာတွင် ဖြစ်ပွားမှုအများဆုံး (၁၆)နိုင်ငံမြောက် ဖြစ်နေပါသည်။ အဆိုပါနိုင်ငံများတွင် ဖြစ်ပွား/သေဆုံးသူဦးရေ မှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိနေရပါသည်။

(ဂ) မိမိတို့နိုင်ငံတွင် (၁၉-၈-၂၀၂၀)ရက်နေ့ နံနက်ပိုင်းအထိ COVID-19 ရောဂါဖြစ်ပွားသူ (၃၇၉)ဦးရှိပြီး ၎င်းတို့အနက် (၆)ဦး သေဆုံးခဲ့ပါသည်။ ရောဂါပိုးတွေ့ရှိရသူများအနက် ထက်ဝက်ကျော်ဖြစ်သည့် (၆၁%)ခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာစွာ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်း မရှိသော်လည်း COVID-19 ရောဂါပိုးများရှိနေ၍ ထိုသူတို့ထံမှ ပြန်လည်ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်သည့်အလားအလာများစွာရှိနေပါ သည်။

(ဃ) (၁၉-၈-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ (၂၀)ဦး ရှိပြီ ဖြစ်ပါသည်။ လက်တလောတွေ့ရှိချက်များအရ (၁၄-၈-၂၀၂၀)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေဆေးရုံကြီး၌ စောင့်ကြည့်လူနာဖြစ်သူ လူနာအမှတ်(၃၇၅)နှင့် (၁၈-၈-၂၀၂၀)ရက်နေ့တွင် အလားတူလူနာအမှတ်(၃၇၇)တို့သည် ဒေသတွင်း ကူးစက်ခံရမှုများဖြစ်ပြီး မည်သူ့ထံမှ စတင်ကူးစက် ခဲ့သည်ကို မသိရှိရသေးပါသဖြင့် ကြိုးစား၍ လိုက်လံရှာဖွေနေရဆဲဖြစ်ပါသည်။ လူနာအမှတ်(၃၇၅)နှင့် ဆက်စပ်ထိတွေ့ခဲ့သူများအနက် လူနာအမှတ် (၃၇၈)နှင့် (၃၇၉)တို့အား ထပ်မံရှာဖွေတွေ့ရှိခဲ့ပါသည်။

(င) အထက်တွင်ဖော်ပြခဲ့သည့် အခြေအနေအရ ရောဂါလက္ခဏာမပြ ရောဂါပိုးသယ်ဆောင်သူများမှ ပြည်သူများအကြား တိတ်တဆိတ် ရောဂါဆက်လက်ဖြန့်ဝေခြင်းကြောင့် လိုက်နာမှုအားနည်းလျက်ရှိသူ ပြည်သူများအကြားတွင် ရောဂါဖြစ်ပွားမှုများ ရုတ်တရက်ယခုထက်ပိုမို၍များပြားစွာပေါ်ပေါက်လာပြီး ထိန်းချုပ်ရန် ခက်ခဲသောရောဂါဖြစ်ပွားမှုဒုတိယလှိုင်းအဖြစ် ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်လာနိုင် ပါသည်။

(စ) ရောဂါကာကွယ်ရေးနည်းလမ်းများကို ပြည်သူအားလုံးမှလိုက်နာလျှင်လိုက်နာသကဲ့သို့ မိမိတို့ရခိုင် ပြည်နယ်တွင် ရောဂါဒုတိယလှိုင်းပေါ်ပေါက်လာမည့်အခြေအနေအား ရှောင်လွှဲနိုင်မည်ဖြစ်ပါ၍ အောက်ဖော်ပြပါအဓိကလိုက်နာရမည့်အချက်(၈)ချက်ကို တိတိကျကျလိုက်နာကြပါရန် ပြည်သူများသို့ အသိပေးနှိုးဆော်အပ်ပါသည် -

(၁) တတ်နိုင်သမျှ မိမိအိမ်မှာသာ နေပါရန်၊

(၂) လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊

(၃) တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး (၆)ပေ အကွာ မှသာ နေထိုင်ပြောဆို ဆက်ဆံကြပါရန်၊

(၄) အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့် နေရာများသို့ သွားသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်း စည်း (Mask) ကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊

(၅) လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြပါရန်၊

(၆) နိုင်ငံခြားမှပြန်ရောက်လာသူများအား အသွားအလာတားမြစ်ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေ ခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝပူးပေါင်းပါဝင်စေပါ၊ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများရှိက မဖြစ်မနေသတင်းပို့ပါရန်။

(၇) ရောဂါပိုးရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ၊ သံသယရောဂါလက္ခဏာများ ဖြစ်သည့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း စသည်တို့ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန (သို့မဟုတ်) အုပ်ချုပ်ရေးမှူးရုံးသို့ အမြန်ဆုံးသတင်းပို့ပါရန်။

(၈) ရောဂါပိုးရှိသူအတည်ပြုလူနာနှင့် ဆက်စပ်ထိတွေ့မှုရှိသူများကို ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်း စဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပေးပါရန်။

Read times
Rate this item
(0 votes)