What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 21 August 2020 08:38

COVID-19 ရောဂါပိုး D614 မှမျိုးဗီဇပြောင်း G614 သည် ရောဂါကူးစက်နိုင်ခြေ ဆယ်ဆအထိ ပိုမိုးများပြားနိုင်

မြန်မာနိုင်ငံ တွင် COVID-19 ရောဂါပိုးကူးစက်ခံရသူများ ၏ နမူနာ ၁၀ ခုအားစစ်ဆေးကြည့်သည့်အခါ ၆ခု တွင်

COVID-19 ရောဂါ မျိုးဗီဇသည် D614မှ G614 သို့ ပြောင်းလဲလာသည်ကို တွေ့ရကြောင်း ဆေးသုတေသန တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် သွေးရည်ကြည်ဖြင့် COVID-19 လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ ၏ ပြောကြားချက်အရ သိရသည်။

 

D614 မှ G614 သို့မျိုးဗီဇပြောင်းသွားပါက ရောဂါကူးစက်နိုင်ခြေ ဆယ်ဆအထိ ပိုမိုးများပြားနိုင်သည်။


မြန်မာနိုင်ငံတွင် တွေ့ရှိသည့် COVID-19 မျိုးဗီဇကို ဆေးသုတေသနဦးစီးဌာန က ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၃ မှ စတင်ကာ COVID-19 ရောဂါအား မော်လီကျူးနည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးပေးလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၆ ရက် အထိ ဓာတ်ခွဲ နမူနာပေါင်း ၂၀,၀၀၀ ကျော်၊ ပိုးတွေ့လူနာ (၁၁၀) ဦးအား ရှာဖွေတွေ့ရှိခဲ့သည်။

 

SARS-CoV-2 ပိုး ၏ မျိုးဗီဇ တစ်ခုလုံးအား စစ်ဆေးနိုင်သည့် နည်းပညာကို ၂၀၂၀ ပြည့်နှစ် မေလ တွင် ကြိုးစားဆောင်ရွက်ခဲ့သည်။ စစ်ဆေးတွေ့ရှိခဲ့သော ပိုးတွေ့ဓာတ်ခွဲနမူနာများထဲမှ ဗိုင်းရပ်စ်ပိုးအရေအတွက် များသည့် နမူနာများအားရွေးချယ် ကာ ထိုအထဲကမှ ပြည်တွင်းကူးစက်မှုဖြစ်ပေါ်ခဲ့သော လူနာများ နှင့် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက်လာသူ များထံမှ ပိုးတွေ့ဓာတ်ခွဲနမူနာ (၁၀) ခု ကိုစိစစ်ကာ SARS CoV-2 ၏ မျိုးဗီဇ တစ်ခုလုံးအား လေ့လာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

 

ဆေးသုတေသနဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မြတ်ထွဋ်ညွန့်က “ဓာတ်ခွဲနမူနာ ၁၀ ခု ထဲမှာမျိုးဗီဇအရ Clade အမျိုးအစားကိုတွေ့ရှိတယ်။ B Lineage အမျိုးအစားကွဲတွေကို တွေ့ရှိတဲ့ အတွက် ထိတွေ့မှုဖြစ်စဉ်ကို မော်လီကျူးနည်းပညာနဲ့ အတည်ပြုနိုင်ခဲ့တဲ့အခါ မြန်မာနိုင်ငံမှာ ရောဂါပိုးဗီဇ မျိုးကွဲတွေ ဝင်ရောက်ခဲ့ကြောင်း ကျွန်တော်တို့သိရှိခဲ့ပါတယ်’’ ဟုပြောသည်။

 

ပြည်တွင်းကူးစက်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ဓာတ်ခွဲနမူနာ ၅ ခုအနက် တစ်ခုတွင်သာ G614 ဗီဇပြောင်းလဲ မှု တွေ့ရှိခဲ့ကြောင်း၊ သို့ရာတွင် ပြည်ပမှ ပြန်လာသူများထဲမှ ဓာတ်ခွဲနမူနာ ၅ ခုစလုံးတွင် G614 ဗီဇပြောင်းလဲမှု တွေ့ရှိခဲ့ကြောင်းသိရသည်။

 

သို့ဖြစ်ရာ ဒေါက်တာ မြတ်ထွဋ်ညွန့်က “ပြည်ပက ပြန်လာသူတွေ ဆီက G614 အမျိုးအစား ပြည်တွင်းကူးစက်မှုဖြစ်ခဲ့ ရင် ကျွန်တော်တို့ COVID-19 ရောဂါရဲ့ ဒုတိယလှိုင်းဖြစ်နိုင်ခြေရှိတာကို အထူးဂရုပြုဖို့လိုအပ်ပါတယ်’’ ဟု သတိပေးပြောကြားသည်။

 

ယခုနောက်ပိုင်း COVID-19 ရောဂါတွေ့ရှိရသည့် နိုင်ငံများတွင် G614 မျိုးဗီဇအား အတွေ့များကြောင်း ၊ သို့ဖြစ်ပါ၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အားလိုက်နာရန် မဖြစ်မနေလိုအပ်ကြောင်း ဒေါက်တာ မြတ်ထွဋ်ညွန့်က ဆိုသည်။

 

ပြန်လည်သက်သာ ကောင်းမွန်သွားသူ COVID- 19 လူနာများ၏ သွေးရည်ကြည်ဖြင့် COVID-19 ရောဂါပိုးပြင်းထန် သူများကို ဆက်လက်ကုသပေးမည်ဖြစ်ကြောင်း၊ သွေးရောဂါ ပညာဌာနက အငြိမ်းစားဌာနမှူး ၊ COVID-19လူနာများအားကုသရေး Ad-hoc အကြံပေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြ က “ကျွန်တော်တို့ သွေးရည်ကြည်ကုထုံး နဲ့ COVID-19 ရောဂါပြင်းထန်စွာ ခံစားရသူ ၈ ဦးကို အောင်မြင်စွာကုသနိုင်ခဲ့ပြီး ၄ ဦးက ဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။ ကျန်တဲ့ ၄ ဦးကလည်း ရောဂါသက်သာနေပါပြီ။ သူတို့တွေဟာ ရောဂါအခံတွေ ရှိကြပြီး COVID-19 ရောဂါ ကိုပြင်းပြင်းထန်ထန်ခံစား ခဲ့ရသူတွေဖြစ်ပြီး ကျွန်တော်တို့ ခက်ခက်ခဲခဲ ကုသခဲ့ရသူတွေဖြစ်တယ်’’ ဟုပြောသည်။

 

သွေးရည်ကြည်ကုထုံးသည် ခုခံအားစနစ်ကို အသုံးပြု၍ ကုသသည့် ကုထုံး တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အတွင်းသို့ ရောဂါပိုးတစ်ခုဝင်ရောက်ပါက ပြန်လည် တိုက်ထုတ်ရန် ခန္ဓာကိုယ်မှ ပဋိပစ္စည်း ထွက်ပေါ်ပြီး ထိုပဋိပစ္စည်းက ရောဂါပိုးကို အနိုင်ယူတိုက်ထုတ်ခြင်းဖြစ်သည်။ ထိုပဋိပစ္စည်းကျန်ခဲ့သည့် သွေးရည်ကြည် ကို ထုတ်ယူ၍ အခြားရောဂါပိုးရှိလူနာအား ကုသမှုပေးခြင်းဖြစ်ကြောင်း ဆေးပညာရှင်များထံမှ သိရသည်။

 

“သွေးရည်ကြည်ကုဖို့ ဆိုတဲ့အခါ မှာ ရောဂါလက္ခဏာများတဲ့သူတွေ ကို ကြည့်ရတယ်။ ကျင့်ဝတ်ဆိုင်ရာ နည်းလမ်း နဲ့ ကုသရပါတယ်။ ရောဂါလက္ခဏာများတာက အောက်ဆီဂျင်ရာခိုင်နှုန်း၊ အသက်ရှူနှုန်း၊ အဆုတ်ရောင်တဲ့ ရာခိုင်နှုန်း၊ သွေးဖြူဥ ဘယ်လောက်ရှိရမယ်။ သွေးခဲတဲ့နှုန်း ဘယ်လောက်ရှိရမယ် ဆိုတဲ့ အသေးစိတ်တွေကို ကြည့်ပြီး သတ်မှတ်ပါတယ်။ နောက်လည်း ရောဂါလက္ခဏာပြင်းထန်သူတွေ ကို ကုသပေးမှာဖြစ်ပါတယ်။ ဒီ ၈ ယောက် ပြီးနောက်ပိုင်း ဒီနေ့ အထိ သွေးရည်ကြည်ကုထုံးနဲ့ ကုသဖို့ လိုအပ်တဲ့ သူ မရှိသေးပါဘူး’’ ဟု ပါမောက္ခဒေါက်တာရဲမြ က ရှင်းပြသည်။

 

သွေးရည်ကြည်ကုထုံး အတွက် COVID-19 ကူးစက်ခံရပြီးဆေးရုံက ဆင်းသွားသူများအား အလှူခံ၍ ၎င်းတို့၏ Antibody အားတိုင်းတာကြည့်ကာ ရောဂါအားချေဖျက်နိုင်သည့် ပဋိပစ္စည်းပါဝင်မှုများသူ ထံမှ သွေးရည်ကြည်အား အလှူခံမည်ဖြစ်ကြောင်း၊ အလှူခံပြီး သွေးရည်ကြည်သည် ၁ နှစ် အထိ သိမ်းဆည်းထားနိုင် မည်ဖြစ်ကြောင်း သိရသည်။

 

ရင်းမြစ်။ ဆင်ဟွာ

Read times Last modified on Friday, 21 August 2020 12:50
Rate this item
(0 votes)