What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 23 August 2020 09:48

ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ coronavirus ကူးစက်မှုနှုန်း မြင့်မားနေဆဲ

coronavirus ဖြစ်ပွားမှုနှုန်းသည် နိုင်ငံအတွင်း ဆက်လက်တိုးပွားနေသဖြင့်

ဘင်္ဂလားဒေ့ရ်ှသည် COVID-19 ဖြစ်ပွားမှုတွင် ပါကစ္စတန်နိုင်ငံထက် ပိုများသွားသည်ကို ဩဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သော စာရင်းတွင်တွေ့ရသည်။

ဘင်္ဂလားဒေ့ရ်ှတွင် coronavirus ဖြစ်ပွားမှု ၂,၉၂,၆၂၅ ရှိပြီး ကူးစက်ခံရမှုမှ ၃,၉၀၇ ဦး သေဆုံးခဲ့သည်။ လွန်ခဲ့သည့် ဩဂုတ်လ ၂၁ ရက် နံနက် ၈ နာရီမှ ဩဂုတ်လ ၂၂ ရက်နံနက် ၈ နာရီအထိ ပြီးခဲ့သည့်၂၄ နာရီအတွင်း ၄၆ ဦး ထပ်မံသေဆုံးမှုနှင့် အသစ် ၂,၂၆၅ ခု ဖြစ်ပွားခဲ့သည်။

ပါကစ္စတန်နိုင်ငံရှိ coronavirus ကူးစက်မှု ၂.၉၂၁၇၄ နှင့် ၆၂၃၁ ဦး သေဆုံးခဲ့ကြောင်း worldometers.info မှ ဖော်ပြခဲ့သည်။

တောင်အာရှတွင် အိန္ဒိယသည် အများဆုံးဖြစ်ပြီး ရောဂါဖြစ်ပွားမှုအရေအတွက်မှာ ၃၀,၀၁၃၇၉ အထိရှိခဲ့ပြီးသေဆုံးသူ ၅၆,၁၉၄ ဦး ရှိသည်။ တောင်အာရှတွင် ဒုတိယနေရာတွင် ရှိသော ဘင်္ဂလားဒေ့ရ်ှသည် မတ်လ ၈ ရက်နေ့တွင် COVID-19 ဖြစ်ပွားမှုသုံးခုကို ပထမဆုံးမှတ်တမ်းတင်ခဲ့ပြီး မတ်လ ၁၈ ရက်နေ့တွင် ပထမဆုံးသေဆုံးခြင်း ဖြစ်ပွားခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု ညွှန်ကြားမှု ဦးစီးဌာန၏ စနေနေ့ ထုတ်ပြန်ချက်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်းနမူနာ ၁၁,၃၅၆ ခုကိုစမ်းသပ်ခဲ့ပြီး ၎င်းတို့အနက် ၁၉.၉၅ ရာခိုင်နှုန်းသည် COVID-19 လူနာဖြစ်ကြောင်း အတည်ပြုသည်။

Oxford တက္ကသိုလ်နှင့် သက်ဆိုင်သည့် ရည်ညွှန်းဝက်ဘ်ဆိုက် Our World in the Oxford အရ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ ကူးစက်ပျံ့နှံ့မှုနှုန်းမှာ ၂၀.၄၄ ရာခိုင်နှုန်းရှိပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံသည် COVID-19 ကူးစက်မှုအမြင့်ဆုံးနိုင်ငံများစာရင်းတွင် နံပါတ် ၈ နေရာမှာ ရှိနေသည်။ ယခုအခါ အိန္ဒိယနှင့်ပါကစ္စတန်တို့ထက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ ကူးစက်မှုနှုန်းမြင့်မားနေသည်။ အိန္ဒိယ၏ကူးစက်မှုနှုန်းမှာ ၈.၄၇ ရာခိုင်နှုန်းဖြစ်ပြီး ပါကစ္စတန်တွင် ၁၂.၃၄ ရာခိုင်နှုန်းရှိသည်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင်အပတ်စဉ် COVID-19 ကူးစက်မှုနှုန်းသည် ပြီးခဲ့သည့် ၂၄ ပတ်အတွင်း ကူးစက်မှု ၂၀.၀၆ ရာခိုင်နှုန်း ရှိသည်။

သေဆုံးသူအသစ် ၄၆ ဦး အနက် ၃၆ ဦး မှာအမျိုးသားများဖြစ်ပြီး အမျိုးသမီး ၁၀ ဦး ဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၎င်းတို့အနက် ၃၃ ဦးသည်အသက် ၆၀ ကျော်၊ ၆ ဦးမှာ ၆၁ နှစ်နှင့် ၆၀ နှစ်၊ အခြား ၆ ဦးမှာအသက် ၄၁ မှ ၅၀ ကြားဖြစ်ပြီး တစ်ဦးမှာ ၃၁ မှ ၄၀ ကြားဖြစ်သည်။
သေဆုံးမှုများထဲမှ တစ်ခုမှာ အိမ်တွင်ဖြစ်ပွားခဲ့သည်။ COVID-19 သေဆုံးမှုသည် အိမ်၌ ပုံမှန်ဖြစ်ပွားနေသည်။ မေလ ၁၇ ရက်မှစ၍ အနည်းဆုံး coronavirus ဝေဒနာသည် ၅၉၉ ယောက်သည် အိမ်တွင်သေဆုံးပြီး ၃၁ ဦး မှာ ဆေးရုံများသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ကျန်းမာရေးစောင့်ရှောက်မှု ညွှန်ကြားမှု ဦးစီးဌာန၏ စုဆောင်းထားသည့် အချက်အလက်များအရ သိရသည်။

လူနာများအနေဖြင့် ဆေးရုံတွင် လျစ်လျူရှုခံထားရသည့်လူနာများနှင့် ပတ်သက်သည့် သတင်းများ မီဒီယာများက ဖော်ပြကြသဖြင့် ဆေးရုံတက်ဖို့ ရှောင်ရှားကြသည်။ COVID-19 ဖြစ်ပွားမှု ၁,၁၃၁၁၁၁ ရှိရာ၌ ၄၆၂၄ ဦး သာ ဆေးရုံများတွင် ကုသမှုခံယူသည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ညွှန်ကြားမှု ဦးစီးဌာနကဆိုသည်။

ယခုအထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် COVID-19 လူနာ ၁,၇၅,၅၆၇ ရောဂါကူးစက်ခံနေဆဲဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်ကပြောကြားသည်။
Source: newagebd.net

Read times Last modified on Sunday, 23 August 2020 09:50
Rate this item
(0 votes)