What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 29 August 2020 00:37

ရန်ကုန် အောင်ဘာလေသိန်းဆုဌာနခွဲမှ ဝန်ထမ်းအချို့ကို Quarantine ဝင်ရန်ခေါ်ဆောင်ထား

ကိုဗစ်လူနာနှင့်ထိတွေ့ခဲ့သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲမှ ဝန်ထမ်းအချို့အား Quarantine ဝင်ရန် ယနေ့(ဩဂုတ်၂၈)ညနေပိုင်းက လာရောက်ခေါ်ဆောင်သွားကြောင်းမျက်မြင်တွေ့ရှိသူ ပြည်သူတဦးကပြောသည်။

 

"PPE (အကာအကွယ်)ဝတ်ဆုံ တွေဝတ်ထားတဲ့သူတွေက လာခေါ်သွားတာပါ။ ကျွန်တော်မြင်တာကတော့ ငါးယောက်လောက်ကို ခေါ်သွားတာမြင်ပါတယ်"ဟု ၎င်းကဆိုသည်။

 

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က" လူဘယ်လောက်လည်းတော့မသိဘူး။ ကျွန်တော်တို့ဆီက ဝန်ထမ်းတယောက်က COVID-19 Positive ဖြစ်တယ်။ အဲဒီဝန်ထမ်းကိုတော့ ဆေးရုံတင်ထားပြီးပြီပေါ့။ သူနဲ့ထိတွေ့ခဲ့တဲ့ ဝန်ထမ်းတွေကို Quarantineဝင်ဖို့ လိုက်ခေါ်တာပေါ့"ဟု ပြောသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသည့်ဝန်ထမ်းနှင့် ထိတွေ့ခဲ့သည့် ဝန်ထမ်းပေါင်း ၂၀ဦးခန့်ရှိပြီး အချို့ကို Home Quarantineထားခြင်း အချို့ကို Facilities Quarantine ထားခြင်းများ လုပ်ဆောင်ထားကြောင်း ၎င်းကပြောသည်။

 

TCM

News Watch

Read times
Rate this item
(0 votes)