What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 29 August 2020 09:11

ဒေါ်လာ ၁၄၀ တန် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ခံလူနာများ လိုအပ်နေ

ထုတ်လုပ်စမ်းသပ်ဆဲ ကာကွယ်ဆေးတစ်မျိုးကို တရုတ်အစိုးရပိုင် မီဒီယာများတွင် သတင်းဖော်ပြခဲ့ရာ၌ ဓာတ်ခွဲခန်းရှိ

သေတ္တာငယ်တစ်လုံးကို ပြုံးပျော်ရွှင်နေသော အမျိုးသမီးတစ်ဦးက ဓာတ်ခွဲခန်းအတွင်း ကိုင်မြှောက်ပြနေသည့် ဓာတ်ပုံကို ဖော်ပြထားသည်။

တရုတ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း Sinopharm ကဒီဇင်ဘာလတွင် ရောင်းချရန် အဆင်သင့်ဖြစ်ဖို့ မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ ၎င်းသည်ဒေါ်လာ ၁၄၀ ညီမျှသော ယွမ်ငွေစျေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်းလည်း ဖော်ပြခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံတွင် ကိုဗစလူနာဦးရေ လွန်စွာနည်းပါးနေပြီ ဖြစ်ပေရာ ကာကွယ်ဆေး စမ်းသပ်ဖို့ လူနာဦးရေ အလုံအလောက် တရုတ်နိုင်ငံတွင် မရရှိနိုင်သဖြင့် ပြည်ပတွင် စမ်းသပ်ရဖွယ်ရှိသည်ဟု သုံးသပ်ကြသည်။ နောက်ဆုံးအဆင့် စမ်းသပ်မှုအတွက် အနည်းဆုံး ကိုဗစ်လူနာ ၃၀၀၀ ဦး ရရှိဖို့ လိုအပ်သည်။

Source BBC 

 

Read times
Rate this item
(0 votes)