What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 31 August 2020 08:36

(၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

လူနာသစ် တွေ့ရှိမြို့နယ်များ  ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ ရခိုင်ပြည်နယ် ကျောက်တော် ကျောက်ဖြူ၊ စစ်တွေ ပုဏ္ဏားကျွန်း ပေါက်တော

 

(၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်-
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၀) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၇) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉) ခု၊
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈)ခု၊
- စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၁၇၂) ခုအား ထပ်မံစစ်ဆေးခဲ့ရာ-
-
• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦးတွေ့ရှိပါသည်။

။ (၃၁-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၈၇) ဦး ရှိပြီဖြစ်ပါသည်။
၃။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၅၇၀) ခု၊
- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၄၁၉) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၃၀၁) ခု၊
- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင်(၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉)ခု
- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့်
- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈)ခု၊
- စုစုပေါင်း(၂,၄၂၅) ခုအား စစ်ဆေးခဲ့ပါသည်။

 

Read times Last modified on Monday, 31 August 2020 08:48
Rate this item
(0 votes)