What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 09 September 2020 17:58

မြစ်ကြီးနားက ကိုဗစ်-၁၉ လူနာ မန္တလေး-မြစ်ကြီးနား အမြန်ရထားစီးနင်းခဲ့သူဖြစ်

မနေ့ညက အတည်ပြုလူနာစာရင်းမှာပါတဲ့ မြစ်ကြီးနားက လူနာဟာ မန္တလေးကနေ ရထားစီးပြန်ခဲ့တာဖြစ်လို့ စက်တင်ဘာ ၄ ရက် မန္တလေး-မြစ်ကြီးနား ရထား အထက်တန်းတွဲ ၂ မှာ စီးခဲ့သူတွေ အမြန်ဆုံးသတင်းပို့ကြဖို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

 

အဲဒီလူနာဟာ အဖော်ဘုန်းကြီးတပါးနဲ့အတူ မန္တလေးကနေ မြစ်ကြီးနားကို ညနေ ၄ နာရီအချိန် ထွက်တဲ့ အမှတ် ၅၅ အဆန်အမြန်ရထား အထက်တန်းတွဲ ၂ ခုံအမှတ် (C-3၊ C-4)နဲ့လိုက်ပါလာခဲ့တာပါ။

 

စက်တင်ဘာ ၅ ရက် မွန်းလွဲမှာ မြစ်ကြီးနားကိုရောက်ပြီး ဘူတာကနေ သုံးဘီး ဆိုင်ကယ်ငှားလို့ အေးမြသာယာရပ်ကွက်က နေအိမ်ကိုပြန်ခဲ့ပြီး စက်တင်ဘာ ၆ ရက်မနက်မှာတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာကြောင့် မြစ်ကြီးနားဆေးရုံကို သုံးဘီးဆိုင်ကယ်နဲ့ သွားခဲ့ပါတယ်။

 

လတ်တလောမှာတော့ သူနဲ့အနီးကပ်ထိတွေ့ခဲ့တဲ့ ဘုန်းကြီးနဲ့ လူနာရဲ့ မိသားစုဝင် ၂ ယောက်၊ အနီးကပ်မတွေ့ပေမယ့် အိမ်မှာရှိတဲ့ လူ ၉ ယောက်ကို ဓာတ်ခွဲနမူနာယူတာနဲ့ အသွားအလာကန့်သတ်ထားပါတယ်။

 

အဲဒီလူနာဟာ သြဂုတ် ၂၉ ရက်ကစပြီး နေမကောင်းလို့ မန္တလေးမှာ ဆေးခန်း ၃ ကြိမ်ပြခဲ့သေးတာကြောင့် မန္တလေးမှာရှိနေတုန်း ထိတွေ့ခဲ့သူတွေ၊ သွားလာခဲ့တဲ့နေရာတွေကို မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီ သတင်းပေးပို့ထားပါတယ်။

 

ပြီးတော့ စက်တင်ဘာ ၅ ရက်က မြစ်ကြီးနားဘူတာကြီးကနေ အေးမြသာယာကို ပို့ပေးခဲ့တဲ့ သုံးဘီးဆိုင်ကယ်ယာဉ်မောင်း၊ စက်တင်ဘာ ၆ ရက်မှာ အေးမြသာယာကနေ ဆေးရုံကြီးကို ပို့ပေးခဲ့တဲ့ သုံးဘီးဆိုင်ကယ်ယာဉ်မောင်းတို့လည်း နီးစပ်ရာ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးမှူးတို့ဆီ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြဖို့ ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

 

DVB Burmese

Read times
Rate this item
(0 votes)