What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 September 2020 20:22

မင်္ဂလာဒုံမြို့နယ် EMC စက်ရုံတွင် COVID-19 အ တည် ပြုလူနာနှင့်သံသယလူနာများတိုးလာသဖြင့် စက်ရုံယာယီပိတ်

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ လူဦးရေရှစ်ထောင်ခန့်လုပ်ကိုင်နေသော EMC သားရေအိတ်စက်ရုံတွင် COVID 19 ရောဂါ အတည်ပြုလူနာနှင့်သံသယလူနာများတိုးလာမှုအပေါ် စက်ရုံအလုပ်သမားများစိုးရိမ်ထိတ်လန့်လာသဖြင့် ၁၀ ရက်ခန့်စက်ရုံယာယီပိတ်သွားမယ်လို့သိရပါတယ်။

 

"စက်ရုံက ရောဂါကူးစက်မှုလည်းတိုးလာတယ်။ဒီနေ့လည်းအနံ့မရတဲ့အလုပ်သမား ၅ ယောက်လောက်ထပ်တွေ့ရတယ်။ရှေ့မှာကလည်းအတည်ပြုပြီးသား ၅ ယောက်၊အချို့ကလည်း၇ယောက်လို့ပြောတယ်။အဲ့ဒီအပေါ်အလုပ်သမားတွေက စိုးရိမ်စိတ်များတယ်။စက်ရုံက ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းမလုံလောက်တော့ စိတ်ပိုင်းဆိုင်ရာမလုံခြုံဘူးဖြစ်နေတာ။အနံ့မရတဲ့အလုပ်သမားတွေက ကျန်းမာရေးဌာနကပေးထားတဲ့ဖုန်းတွေကလည်းဆက်သွယ်လို့မရဘူး။

 

ဖုန်းဝင်တယ် ဖုန်းမကိုင်ဘူး ဖုန်းမအားဘူး။ထပ်ကာထပ်ကာခေါ်တယ်။ထွေအုပ်ရုံးကိုလည်းဆက်သွယ်တယ်မရဘူး။နောက်ဆုံးအလုပ်ရုံနဲ့အလုပ်သမားစစ်ဆေးရေးရုံးကိုဒီလိုတော့တွေ့ထားပြီဆိုပြီး အလုပ်သမားတွေကဆက်သွယ်လိုက်တယ်"ဟု Labour Power Group ဥက္ကဌဦးကျော်မျိုးထွေးက Myanmar Labour News ကိုပြောပါတယ်။

 

EMC စက်ရုံအတွင်း သူဌေး၏ ညွှန်ကြားချက်အရဟုဆိုကာ စက်ရုံအထွက်တွင်ခန္ဓာကိုယ်များကိုင်တွယ်၍ ပွတ်သပ်စစ်ဆေးခြင်းများလည်းပြုလုပ်နေသည့်အတွက် အလုပ်သမားများအနေဖြင့်စိုးရိမ်စိတ်များပိုမိုများပြားနေကြောင်းသိရပါတယ်။

 

"စက်ရုံပိတ်လိုက်ပြီ။သုံးနာရီခွဲထဲကဝန်ထမ်းတွေ ပြန်လွှတ်လိုက်တာ ။သူတို့မှမပိတ်လည်း ဝန်ထမ်းတွေက အလုပ်မဆင်းကြတော့ဘူး။ဆေးခန်းကဆရာမတွေဆိုလည်းတစ်ယောက်မှမလာကြဘူး။အနံ့မရတဲ့ကောင်မလေးတစ်ယောက်ကဆိုလည်း ငါးရက်လောက်ရှိနေပြီ ဒီနေ့မှသူကပြောတာ။အဲ့ဒီတော့စူပါတွေရော စကားပြန်တွေရောအကုန်လုံးကအလုပ်ပိတ်ခိုင်းတာ"ဟု EMC စက်ရုံမှဝန်ထမ်းတစ်ဦးကပြောပါတယ်။

 

မင်္ဂလာဒုံစက်မှုဇုန်ရှိ EMC သားရေအိတ်စက်ရုံသည် ၂၀၁၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီးအလုပ်သမား၈၀၀၀ကျော်ဖြင့်လည်ပတ်နေသောစက်ရုံဖြစ်ပါတယ်။ "စက်ရုံပိတ် မပိတ်တော့ မနက်ဖြန်အစည်းအဝေးခေါ်ထားတယ်။ကျွန်တော်တို့မနက်ဖြန်မှသိရမှာ အခုလောလောဆယ်တော့အစည်းအဝေးမထိုင်ရသေးလို့မသိရသေးဘူး"ဟုမင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

 

Myanmar Labour News

Read times
Rate this item
(0 votes)