What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 September 2020 12:40

၅ ဒေါ်လာတန် ၁၅ မိနစ် COVID-19 Antigen Test ကို အသုံးပြုရန် FDA အတည်ပြု

ABBOTT ရဲ့ သုံးရလွယ်ကူမြန်ဆန် ၁၅မိနစ်ဖြင့် အဖြေရတဲ့ COVID-19 Antigen Testကို အရေးပေါ်သုံးရန်အတွက် FDA က အတည်ပြုပေးလိုက်ပါတယ်။

 

အဲဒီ COVID-19 Antigen Test ဈေးနှုန်းက ၅ ဒေါ်လာသာ ကုန်ကျပါတယ်။

 

Abbott မှ ထုတ်လုပ်တဲ့ BinaxNOW™ COVID-19 Ag Card ဟာ လျင်မြန်၊ အားကိုးရပြီး အလွယ်တကူ သယ်ဆောင်နိုင်တဲ့အပြင် ငွေကြေးတတ်နိုင်တဲ့ ကိရိယာဖြစ်ပြီး coronavirus ကူးစက်ခံထားရခြင်း ရှိမရှိကို လူအများအပြားတို့အား ဆေးစစ်ပေးနိုင်ဖို့ အတွက် ဖြစ်ပါတယ်။

 

ဆေးစစ်ချက်ရဲ့ ရလဒ်ကို ၁၅ မိနစ်အကြာမှာ ရရှိပြီး ဘာကိရိယာတွေမှ မလိုအပ်ဘူး။ ပိုးရှိတာကို သိနိုင်မှုနှုန်းထားက ၉၇ . ၁ % အထိ မြင့်မားပြီး ပိုးကင်းစင်ကြောင်း တိကျမှန်ကန်မှုက ၉၈.၅ % အထိ မြင့်မားတာ လက်တွေ့ စမ်းသပ်မှုများတွင် တွေ့ရပါတယ်။

 

Abbott က တွဲဘက် သုံးစွဲရမယ့် စမတ်ဖုန်း အက်ပ်အတွက် အခကြေး မယူပါဘူး၊ အဲဒီအက်ပ်ဖြင့် BinaxNOW ဆေးစစ်ချက် ရလဒ်တွေကို ပြသလို့ ရပါတယ်။

 

လူတွေ စုဝေးတဲ့ အလုပ်လုပ်တဲ့နေရာတွေ၊ ကျောင်းတွေမှာ ပိုးကင်းစင်သူဖြစ်ကြောင်း ပြသနိုင်မှာ ဖြစ်ပါတယ်။

 

Abbott က ဆေးစစ်ကတ်တွေကို သန်းချီတဲ့ အရေအတွက်ဖြင့် စက်တင်ဘာလမှာ ဖြန့်ချိမှာ ဖြစ်ပြီး အောက်တိုဘာလမှာ တစ်လလျှင် ဆေးစစ်ကြိမ်ရေ သန်း ၅၀ အထိ လုပ်ကိုင်မှာ ဖြစ်ပါတယ်။

 

Abbott က အမေရိကန်အစားအသောက်နှင့်ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့မှ (FDA) က ၎င်း၏ BinaxNOW ™ COVID-19 Ag Card ကို အရေးပေါ်အသုံးပြုခွင့် ( Emergency Use Authorization EUA) အတွက် အသုံးပြုခွင့်ကို အတည်ပြု ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန် ကြေညာပါတယ်။

 

ယင်းသည် COVID-19 ရောဂါကူးစက်မှုကိုစစ်ဆေးရန် ကတ်ပြားဖြစ်ပြီး ဆေးစစ်တာမှာ ၁၅ မိနစ်အတွင်း ရလဒ်ထုတ်ပေးတဲ့အထိ မြန်ဆန်ပါတယ်။

 

အရွယ်အစားက ခရက်ဒစ်ကဒ်အရွယ်လောက်သာ ရှိတာမို့ သယ်ဆောင်ဖို့ လွယ်ကူပြီး ဈေးနှုန်းက ၅ ဒေါ်လာသာ ဖြစ်တာကြောင့် ဈေးသက်သာပါတယ်။

 

BinaxNOW ဆေးစစ်ကတ်ဟာ အတည်ပြုပြီးသား lateral flow technology ကို အသုံးပြုထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဌာနေတွမှာ လူအမြောက်အမြားတို့ကို ဆေးစစ်ပေးဖို့အတွက် စိတ်ချလက်ချ အားကိုးလို့ ရတဲ့အပြင် တြခါး ဘာကိရိယာမှ မလိုအပ်ပါဘူး။

 

ပိုးကူးခံထားရတဲ့သူတွေကို လျင်မြန်စွာ ဖော်ထုတ်နိုင်ပြီး တခြားသူတွေထံ မကူးစက်အောင် အချိန်မှ တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။

 

Abbott က iPhone နှင့် Android စမတ်ဖုန်းတွေအတွက် တွဲဘက်သုံးစွဲရမယ့် NAVICA အမည်ရှိ မိုဘိုင်းအက်ပလီကေးရှင်းကိုလည်း ထုတ်လုပ်ပေးထားပါတယ်။

 

အခမဲ့ သုံးစွဲခွင့် ပေးထားမှာ ဖြစ်ပြီး ဆေးစစ်ရလဒ် ကောင်းမွန်ကြောင်းကို ယာယီ digital health pass အဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆေးတစ်ကြိမ် ထပ်စစ်ပြီးတိုင်း အသစ်တစ်ခု ထပ်ထုတ်ပေးမှာ ဖြစ်ပြီး ဆေးစစ်တဲ့ ရက်စွဲနဲ့တကွ ရလဒ်ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

 

သက်ဆိုင်ရာ အဖွဲ့အစည်အနေဖြင့် အဝင်နေရာမှာ စစ်ဆေးကြည့်ရှုဖို့အတွက် ပြသခိုင်းလို့ ရပါတယ်။ ဝင်ခွင့် ပြုပြီးတဲ့အခါ ကိုဗစ်ကာကွယ်တားဆီးရေးအတွက် လက်ဆေးခြင်း၊ လူချင်းခပ်ခွာခွာ နေခြင်း၊ မတ်စ်တပ်ထားခြင်းတို့ကို လုပ်ဆောင်စေရမှာ ဖြစ်ပါတယ်။

 

ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Robert B. Ford က "အမေရိကန်တွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ ဘဝတွေကို ပိုပြီး ယုံကြည်စိတ်ချမှု ရရှိအောင်ကူညီဖို့အတွက် ပြည့်စုံတဲ့စမ်းသပ်မှုအဖြေကိုပေးနိုင်ဖို့ BinaxNOW စမ်းသပ်မှုနဲ့ NAVICA အက်ပလီကေးရှင်းကို ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

 

ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Robert B. Ford က "အမေရိကန်တွေဟာ သူတို့ရဲ့ ကျန်းမာရေးနဲ့ ဘဝတွေကို ပိုပြီး ယုံကြည်စိတ်ချမှု ရရှိအောင်ကူညီဖို့အတွက် ပြည့်စုံတဲ့စမ်းသပ်မှုအဖြေကိုပေးနိုင်ဖို့ BinaxNOW စမ်းသပ်မှုနဲ့ NAVICA အက်ပလီကေးရှင်းကို ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းထုတ်ခဲ့တယ်" လို့ ပြောကြားခဲ့ပါတယ်။

 

"BinaxNOW နှင့် NAVICA အက်ပလီကေးရှင်းများအနေဖြင့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝများမှာ ပုံမှန်သာမန် အဖြစ်မျိုး ရအောင်ကူညီပေးတာမှာ ဈေးနှုန်းချိုသာပြီး သုံးရလွယ်ကူသော ဒစ်ဂျစ်တယ်ကျ န်းမာရေးကိရိယာ တစ်ခုဖြစ်ပါတယ်။

 

လူအမြောက်အမြားကို ဆေးစစ်ပေးနိုင်စေပါတယ် " လို့ ဖြည့်စွက်ပြောကြားပါတယ်။

 

AdvaMed (The Advanced Medical Technology Association) က ခန့်မှန်းထားသည်မှာ ဆေးစစ်ကတ် ထုတ်လုပ်သူများသည် တစ်နေ့လျှင် ခုရေ တစ်သန်း ထုတ်လုပ်ပေးပို့သည်။ စက်တင်ဘာလထဲတွင် Abbott သည် သန်းရာချီသော ပမာဏဖြင့် ထုတ်လုပ်ပေးပို့ပါတယ်။

 

အောက်တိုဘာလမှစ၍ တစ်လလျှင် ဆေးစစ်မှုကြိမ်ရေ သန်း ၅၀ အထိ ဆောင်ရွက်နိုင်စေမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် ဧပြီလကတည်းက ‌ဒေါ်လာသန်းချီ ရင်းနှီမြှုပ်နှံမှု ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံတွင် BinaxNOW ကို နေရာ နှစ်ခုတွင် အမြောက်အမြား ထုတ်လုပ်လျက် ရှိပါတယ်။

 

Written By Aung Win

Source Link : Abbott Media

Read times
Rate this item
(0 votes)