What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 September 2020 20:49

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက်ရင် အဆ ၉၀ ကွာပါတယ်

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းဟာ နှိုင်းယှဉ်လိုက်ရင် အဆ ၉၀ ကွာပါတယ်
ဘယ်လိုကြောင့်ပါလိမ့်ဆို ရှင်းပါ့မယ်...

ပထမလှိုင်းမှာ လူနာစတွေ့သည့် မတ်လ ၂၃ မှ လူနာ ၃၇၄ ယောက်ဖြစ်ဖို့ ၂၁ ပတ်ကြာပါတယ် တစ်ပတ်ကို ၁၆ ယောက်နှုန်းဖြစ်ပါတယ်
သို့သော် ဒုတိယလှိုင်းစတင်သည့် လူနာ ၃၇၅ မှ ၉၉၉၁ ဖြစ်ဖို့ ၆ ပတ်ပဲကြာပါတယ် တစ်ပတ်ကို ၁,၆၀၃ ယောက် ပိုးတွေ့ပါတယ် ဒါဆိုအဆ ၉၀ ကွာတာသိလောက်ပြီထင်ပါတယ်
ထို့နည်းတူပထမလှိုင်းမှာ သေသူ ၆ ယောက်ပဲရှိပေမဲ့ ဒုတိယလှိုင်းမှာ ယခုအချိန်အထိသေသူ ၁၉၂ ယောက်ရှိပါတယ်
သေသူ စုစုပေါင်း ၁၉၈ ယောက်ကို ခွဲခြမ်းစိတ်ဖြာကြည့်လျှင် ၆၀ အထက် ၁၃၇ ယောက်ရှိပြီး စုစုပေါင်းသေဆုံးသူ၏ ၆၉% ရှိနေတာကို တွေ့ရမှာပါ
အမျိုးသားသေဆုံးမှုကအများဆုံးဖြစ်ပြီး ၁၂၈ ဦးရှိကာ ၆၅% ရှိပါတယ် အမျိုးသမီးသေဆုံးမှုက ၇၀ဦးရှိပြီး ၃၅% ရှိပါတယ် ကျားမ သေဆုံးမှုအချိုး ၂:၁ ဖြစ်ပါတယ်
ဒီနေရာမှာ အသက် ၆၀ အထက်သေဆုံးသူတွေဟာ အပြင်ထွက်လို့ အုပ်စုဖွဲ့စားသောက်လို့ social gathering ဆောင်ရွက်လို့မဟုတ်ပဲ မိသားစုဝင်တွေဆီက ကူးစက်ခံရတာ ဖြစ်ကြောင်းလဲ ဝမ်းနည်းဖွယ်ရာ တွေ့ရှိရပါတယ်
နဂိုထဲက အသက်ကြီးသူ နောက်ခံရောဂါရှိသူဟာ အန္တရာယ်ရှိကြောင်း US CDC ကတွေ့ရှိချက်ကို အကျယ်ရေးပြပြီးဖြစ်ပါတယ်
သေဆုံးရတဲ့အဓိက အကြောင်းရင်းမှာလည်း ဆေးရုံအရောက်နောက်ကျတာ တချို့ဆို သေပြီးမှ အလောင်းအဖြစ်နဲ့ဆေးရုံရောက်ရာက ဓာတ်ခွဲနမူနာယူပြီးစစ်လို့သာ ပို့တွေ့မှန်းသိရတာဖြစ်ပါတယ်
ဒီနေရာမှာ သေသူအားလုံးဟာ အသက်ကြီးသူတွေ နောက်ခံရောဂါရှိသူတွေပဲ မဟုတ်ကြပါ ဘာမှရောဂါမရှိတဲ့ အသက်ငယ်သူတွေလဲ သေနေကြတာတွေ့နေရပါတယ် ဒီတော့ကာ ငါ့မှာဖြစ်ရင်တော့ သက်သက်သာသာလေးပဲ ဖြစ်မှာပဲလို့ ကိုဗစ်နဲ့ စာချုပ်ချုပ်ထားတာ မဟုတ်တဲ့အကြောင်း အထူးသတိပြုစေချင်ပါတယ်
ဒီတော့ကာ ပြည်သူတွေကို မေတ္တာနဲ့ သတိပေးလိုတာကတော့ မိမိရဲ့ မိဘ ဘိုးဘွား တွေကို ချစ်ခင်တယ် မြတ်နိုးတယ် တန်ဖိုးထားတယ်ဆိုရင် မိမိတို့ကိုယ်တိုင်က ရောဂါကူးစက်ခြင်းမခံရလေအောင် ပြုမူနေထိုင်ဖို့ အထူးအရေးကြီးလှပါတယ် ဒီမိဘ ဘိုးဘွားတွေဟာ သူတို့တွေရဲ့ငယ်ရွယ်နုပျိုတဲ့ဘဝတွေ အချိန်တွေကို မိမိတို့အတွက် ရင်းနှီးမြှုပ်နှံင်္ပြး မိမိတို့ ဒီလိုလူလားမြောက်လာအောင် ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုတာ မမေ့သင့်ပါ ဒီအချိန်မှာ မိမိတို့က တပြန်တလှည့် ကျေးဇူးသိတတ်ရမှာဖြစ်ပါတယ် ဒါ့ကြောင့်မို့ ခုအချိန်မှာ ဘယ်လိုပုံစံအမျိုးအစားဖြစ်ဖြစ် စုစည်းမှုတွေ အဖွဲ့လိုက်ဆောင်ရွက်မှုတွေ မလုပ်ဆောင်သင့်ပါဘူး စဉ်းစားပါ တွေးခေါ်ပါ ဦးနှောက်ပါတာ ဘာလုပ်ဖို့ထားတာလဲ တွေးခေါ်တတ်ပါစေ ကံကိုယုံ ဘာလို့ဆူးပုံနင်းမှာလဲ လက်ရှိအချိန်မှာ သင်တို့ကိုကုသမှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ သူတို့ရဲ့မိဘတွေ သားသမီးတွေကို ပစ်ပြီး သင်တို့အတွက် စောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ် အန္တရာယ်ရှိတဲ့အနေအထားတရပ်မှာ တချို့သူတွေ ရောဂါကူးစက်ခံနေရတာလဲ ရှိနေပါတယ် ဆရာဝန်/ဆရာမ ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများလာရင် သင်တို့ကို ဘယ်သူက ကုသမှုပေးမှာပါလဲ
ဒါ့ကြောင့် သင်တို့မိသားစုကို ချစ်တယ် တန်ဖိုးထားတယ် မြတ်နိုးတယ် မိသားစုတွေ အတူတကွ ပျော်ရွှင်စွာ နေလိုတယ်ဆိုရင် ချမှတ်ထားတဲ့စည်းကမ်းတွေကို တသဝေမတိမ်း လိုက်နာပါ ဒါမှသာ ရောဂါကူးစက်မှုသံသရာကို ဖြတ်တောက်နိုင်ပြီး ဖြစ်ပွားကူးစက်သေဆုံးမှုမှ အမြန်ဆုံး လျှော့ချနိုင်မှာပါ
လောကမှာ ကိုယ့်အသက်ထက်ဘာမှတန်ဖိုးမရှိပါ ကျန်းမာရေးကောင်းမွန်ဖို့က နံပါတ် ၁ အရေးအကြီးဆုံးဖြစ်ပါတယ် ကျန်းမာရေးကောင်းမွန်မှသာ မိမိဆန္ဒရှိတဲ့အတိုင်း အရာရာ အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်
လက်ရှိအခြေအနေမှာ ကမ္ဘာပေါ်မှာ စုစုပေါင်းပိုးတွေ့လူနာ ၃၃ သန်းနီးပါး (သိန်း ၃၃၀) နဲ့ သေဆုံးသူ ဆယ်သိန်း ပြည့်တော့မှာဖြစ်ပါတယ် သေဆုံးသူတစ်ယောက်ချင်းဆီမှာ မိသားစုတွေ ရှိတဲ့အတွက် မိသားစုတွေအတွက်တော့ ၁၀၀ ရာနှုန်း ဆုံးရှုံးမှု ဖြစ်တာမို့ အတင့်မရဲကြပါနဲ့
ခုလက်ရှိရင်ဆိုင်နေရတာက အဖျက်စွမ်းအားကြီးပြီး ရုပ်ပြောင်းရုပ်လွဲမြန်ဆန်လွန်းလှတဲ့ အဏုဇီဝပိုးငယ်လေးဖြစ်ပေမဲ့ လုံးဝ အထင်သေးလို့မရ လျှော့တွက်လို့မရတဲ့အခြေအနေမို့ မိမိတို့လူသားတွေအနေနဲ့ အမြန်ဆုံးအနိုင်ရရှိဖို့ ကမ္ဘာသူကမ္ဘာသားအားလုံးက အားကြိုးမာန်တက်ကြိုးစားတိုက်ထုတ်နေကြချိန်မှာ မကျန်ရစ်စေပဲ မြန်မာနိုင်ငံသူ/သားအားလုံးက အတူညီညွတ်စွာနဲ့ ပါဝင်ကြစို့လား
ဒီအချိန်မှာ နီခြင်း စိမ်းခြင်း ဝါခြင်း ပြာခြင်းထက် မြေကြီးအောက် မိမိအပါအဝင် မိမိမိသားစု မရောက်ဖို့ အထူးအရေးကြီးနေချိန်ဖြစ်ပါတယ် သေမင်းက လက်တကမ်းမှာပါ မပေါ့ဆကြပါနဲ့တော့ ဒါဟာနှလုံးသားနဲ့ရေးတဲ့စာဖြစ်ပါတယ်။

Read times
Rate this item
(0 votes)