What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 28 September 2020 18:57

COVID-19 ကူးစက်ခံရနိုင်ချေများသော အပြုအမူများ (၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်)

အောက်ပါအပြုအမူများပြုလုပ်ပါက လူတစ်ဦးတွင် COVID-19 ရောဂါပိုးရှိနေပါက အခြား

သူများထံ ရောဂါကူးစက်ခံရနိုင်ချေ များပြားပါသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန် တိုက်တွန်းအပ်ပါသည် -


• ဝိုင်းဖွဲ့သီချင်းဆိုခြင်းနှင့် လူအများစုဝေးကာ ကာရာအိုကေသီချင်းဆိုခြင်း၊
• ရုံး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများတွင် ဝိုင်းဖွဲ့စားသောက်ခြင်း၊


• စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အဖျော်ယမကာဆိုင်၊ ညစာစားပွဲ၊ မိတ်ဆုံစားပွဲ၊ မွေးနေ့ပွဲ၊ အလှူပွဲများ စသည်တို့တွင် ဝိုင်းဖွဲ့စကားပြောဆိုခြင်းနှင့် စားသောက်ခြင်း၊
• ဈေးနှင့် ဈေးဝယ်စင်တာများတွင် လူအများတိုးဝှေ့ ဝယ်ယူခြင်းနှင့် အချိန်ကြာမြင့်စွာ လှည့်လည် ဝယ်ယူခြင်း၊


• တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် ပစ္စည်းများဝယ်ယူရန် ရွေးချယ်ရာတွင် လူအများ အချိန်ကြာမြင့်စွာ အနီးကပ်ထိတွေ့ခြင်း၊


• အလှပြင်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး အချိန်ကြာမြင့်စွာ အနီးကပ်ထိတွေ့ခြင်း၊


• လူအများအခန်းတစ်ခုတည်း၌ နီးကပ်စွာ စုပေါင်းအိပ်စက်ခြင်း၊
• ဘတ်စ်ကားများနှင့် အဝေးပြေးယာဉ်များ စီးနင်းရာတွင် ပါးစပ်နှင့်နှာခေါင်းစည်းစနစ်တကျမတပ်ဆင်ခြင်း၊

 

အချိန်ကြာမြင့်စွာ လူအများတိုးဝှေ့ကြပ်တည်းစွာ စီးနင်းခြင်းနှင့် လူအများကိုင်တွယ်ထားသည့် လက်ကိုင်၊ လက်ရမ်းများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်နှာနှင့် နှာခေါင်းတို့ကို ကိုင်တွယ်ခြင်း။


(မှတ်ချက်။ ။ အခြားသော ရောဂါကူးစက်နိုင်ချေများပြားသည့် လူစုလူဝေးဖြင့်ပြုလုပ်သော ပွဲလမ်းသဘင်များ၊ အခမ်းအနားများ၊ သင်တန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ တရားပွဲများစသည်တို့ကို ယခုကာလအတွင်း ခွင့်မပြုကြောင်း အမိန့်ကြေညာစာများဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။)


ပြည်ထောင်စုဝန်ကြီး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Read times
Rate this item
(0 votes)