What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 October 2020 11:13

ရန်ကုန်၌ သွေးလှူရှင်များ လုံခြုံစိတ်ချမှု အပြည့်အဝပေးနိုင်မည့် သွေးလှူဒါန်းချိန် သတ်မှတ်

သီးသန့်လှူဒါန်းလိုသည့် သွေးလှူရှင်များအတွက် လုံခြုံစိတ်ချရမှု အပြည့်အဝပေးနိုင်မည့် သွေးလှူဒါန်းချိန်တစ်ခုကိုသတ်မှတ်၍ ဝန်ဆောင်မှုပေးနိုင်ရန် အမျိုးသားသွေးဌာန (ရန်ကုန်)က စီစဉ်ထားကြောင်း သိရသည်။

 

အဆိုပါ သွေးလှူဒါန်းချိန်မှာ နေ့စဉ် ညနေ (၅) နာရီမှ ည (၇) နာရီ အတွင်းဖြစ်ပြီး ယင်းအချိန်အတွင်း လှူဒါန်းလိုသော သွေးလှူရှင်များအနေဖြင့် ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်း အကြောင်းကြားရမည်ဖြစ်ကြောင်း၊ ထိုသို့ စာရင်းပေးသွင်းပြီးပါက ဆရာဝန်များက ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် သွေးလှူရှင်အား ဖုန်းခေါ်ဆိုမည်ဖြစ်ကြောင်း အမျိုးသားသွေးဌာန(ရန်ကုန်) တာဝန်ခံ ဒေါက်တာ သီတာအောင်က ပြောသည်

 

ယင်းသို့ လိုအပ်သော အချက်အလက်များကို ဆရာဝန်မှ ဖုန်းဖြင့် အတည်ပြုပြီးပါက အချိန်စောင့်ဆိုင်းစရာမလို၊ မည်သူနှင့်မျှ ထိတွေ့စရာ မလိုဘဲ မှတ်ပုံတင်ပုံစံတွင် လက်မှတ်ထိုး၍ ချက်ချင်းသွေးလှူဒါန်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ကြိုတင်စာရင်းပေးသွင်းအကြောင်း ကြားရမည့် ဖုန်းနံပါတ်များမှာ ၀၉-၉၆၅၄၅၂၈၈၄၊ ၀၉-၉၅၂၅၀၆၃၇၁၊ ၀၉-၂၅၀၀၁၆၀၇၉၊ ၀၉-၅၀၇၉၁၇၅ တို့ဖြစ်ပြီး သွေးလှူရှင်အရေအတွက် သတ်မှတ်ထားခြင်းမရှိဘဲ တစ်ဦးချင်း သော်လည်းကောင်း၊ မိသားစုနှင့်သော်လည်းကောင်း၊ သူငယ်ချင်းများနှင့် သော်လည်းကောင်း အတူတကွ လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ယခုပြုလုပ်သည့် ဝန်ဆောင်မှုအတွက် အမျိုးသားသွေးဌာန၏ ပြင်ပဝင်ပေါက်ကို ညနေ (၅) နာရီတွင် ပိတ်ထားမည်ဖြစ်ပြီး ကြိုတင်စာရင်း ပေးသွင်းထားသည့် သွေးလှူရှင်များကိုသာ သီးသန့်ဝန်ဆောင်မှုပေးမည့် အစီအစဉ်ဖြစ်သည်။

 

ထိုကဲ့သို့ ဝန်ဆောင်မှု ပေးသည့်အချိန်အတွင်း လာရောက်လှူဒါန်းရန် အခက်အခဲရှိသည့် သွေးလှူရှင်များအနေဖြင့်လည်း နေ့စဉ် နံနက် (၈) နာရီမှ ညနေ(၄) နာရီအတွင်း အမျိုးသားသွေးဌာန(ရန်ကုန်)သို့ လာရောက် လှူဒါန်း နိုင်ပြီး https://www.donateblood myanmar.org/booking ဝက်ဘ်ဆိုက်တွင်လည်း အွန်လိုင်းဘိုကင်စနစ်ဖြင့် စာရင်းသွင်းနိုင်ကြောင်း သိရသည်။

 

ထိုသို့ လာရောက်လှူဒါန်းရာတွင် မိသားစုလိုက်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မိမိအစီအစဉ်ဖြင့် လာရောက်ရန် သွားလာရေး အခက်အခဲရှိပါက ကားကြိုပို့အစီအစဉ်ကို အမျိုးသားသွေးဌာန (ရန်ကုန်)မှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည်။

 

အမျိုးသားသွေးဌာန (ရန်ကုန်)အနေဖြင့် အလှူရှင်များလှူဒါန်းသည့် သွေးများကို လိုအပ်သည့်နေရာများ၌ ကောင်းမွန်စွာ အသုံးပြုနိုင်ရန် ဆေးရုံပေါင်း (၁၆) ရုံသို့ ပြန်လည်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

Ref; အေးမင်းသူ

MRTV

Read times
Rate this item
(0 votes)