What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 19:04

ထိုင်းနိုင်ငံသည် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားလျက် ရှိသော်လည်း COVID-19 ဖြစ်ပွားမှုအသစ် ၇ ခုသာ ရှိခဲ့

အာဆီယံဒေသတွင် ၁၈-၁၀ ၂၀ ည ၇း၀၀ အထိ တစ်ရက်တာ ထုတ်ပြန်ချက်များအရ


အင်ဒိုနီးရှားသည် နေ့စဉ် ကူးစက်မှုအသစ်များအတွက် ထိပ်ဆုံးတွင်ရှိသည်။ ကျန်းမာရေး၀န်ကြီးဌာနသည် COVID-19 ဖြစ်ပွားမှုအသစ် ၄,၁၀၅ ခုကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သည်။ လူပေါင်း ၈၀ သေဆုံးခဲ့သည်။ ကိုဗစ်ကြောင့် သေဆုံးသူ ၁၂,၅၁၁ အထိရှိပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည်။

ဖိလစ်ပိုင်သည် တစ်နေ့တာ ကူးစက်မှု စံချိန်အရ ဒုတိယနေရာတွင်ရှိသည်။ကျန်းမာရေးဦးစီးဌာန (DoH) က COVID-19 လူနာစုစုပေါင်း ၂,၃၇၉ ခုကို COVID-19 လူနာစာရင်းတွင်ထည့်သွင်းခဲ့သည်။

ဒုတိယလှိုင်းထနေသည့် မြန်မာနိုင်ငံသည် တတိယနေရာတွင် ရှိသည်။ COVID-19 ဖြစ်ပွားမှုအသစ် ၁,၃၈၇ ခုကို ယမန်နေ့ညနေက အစီရင်ခံခဲ့သည်။

မလေးရှားသည် တတိယလှိုင်းကို ရင်ဆိုင်နေရသည်။ ယမန်နေ့က ကူးစက်မှု ၈၆၉ ခု ရှိကြောင်း ထုတ်ပြန်သည်။  ၈၆၆ ခုသည် ပြည်တွင်းကူးစက်မှုများဖြစ်ပြီး ၅ ခုမှာ ပြည်ပမှ ဝင်ရောက်လာသူများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေဆုံးမှုအသစ် (၇) ခုကိုယနေ့ထုတ်ပြန်ခဲ့သည်။

စင်ကာပူနိုင်ငံသည် COVID-19 ဖြစ်ပွားမှုအသစ် ၇ ခုကို ယနေ့အစီရင်ခံခဲ့သည်။ ကူးစက်မှုအသစ်များ၏ ၁ ခုသည် ရပ်ကွက်ထဲတွင်ရှိပြီး ၁ ခု မှ လုပ်သားများ အဆောင်တွင် နေထိုင်သူဖြစ်သည်။ ပြည်ပမှ ဝင်လာသူများတွင် (၅) ခု ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် စင်ကာပူသို့ ဆိုက်ရောက်သောအခါ အိမ်မှာ နေထိုင်ရန်အသိပေးညွှန်ကြားထားသူများ ဖြစ်သည်။

 

download_5.jpg

ထိုင်းနိုင်ငံသည် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပွားလျက် ရှိသော်လည်း COVID-19 ဖြစ်ပွားမှုအသစ် ၇ ခုသာ ရှိခဲ့သည်။ မဲဆောက်မြို့ရှိ မြန်မာလူမျိုးများအကြားကူးစက်မှု ၃ ခုအပါအ ၀ င် COVID-19 ဖြစ်ပွားမှုအသစ် ၇ ခုကို ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံမှ ကူးစက်မှုးအသစ် ၂ ခုကို ယမန်နေ့ညနေပိုင်းက တင်ပြခဲ့သည်။

တစ်ရက်တာအတွက် ကိုဗစ်ကြောင့် သေဆုံးဦးရေမှာ အင်ဒိုနီးရှား (၈၀)၊ ဖိလစ်ပိုင် (၅၀)၊ မြန်မာ (၃၉) နှင့်မလေးရှား (၇) ခုစုစုပေါင်း သေဆုံးမှုအသစ် ၁၇၆ ခုရှိသည်။

18_oct_asean.jpg

 

Read times Last modified on Sunday, 18 October 2020 19:10
Rate this item
(0 votes)