What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 December 2020 09:55

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များထုတ်ပြန်

COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်ကျန်းမာရေးဦးစီးဌာနမှ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်များပြန်လည်ဖွင့်လှစ်ရာတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များထုတ်ပြန်ထားသည်။

 

စားသောက်ဆိုင်သို့လာရောက်သော စားသုံးသူများအားလုံးကို ဆိုင်အဝင်အဝတွင် အပုချိန်တိုင်းခြင်း၊လက်ဆေးခြင်းများစီစဉ်ဆောင်ရွက်ထားရန် ၊ စားသုံးသူများ ထိုင်မည့်နေရာအား လေဝင်လေထွက်ကောင်းသောနေရာအဖြစ်စီစဉ်ဆောင်ရွက်ထားရန် ၊ တစ်ဦးချင်းစီစားနိုင်ပြီး တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊မှန်ပြား၊သစ်သားပြား အကန့်ကန့်ထားပေးပြီး စာသုံးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရန် ၊ အတူတူလာရောက်သည့် (၅) ဦးထက်မပိုသောမိသားစုဖြစ်ပါက

 

Distancing စားပွဲတွင် အတူတူထိုင်နိုင်အောင်စီစဉ်ဆောင်ရွက်ထားရန် ၊ကိုယ်တိုင်ယူစနစ်ဖြင့်ရောင်းချသော အစားအစာ buffet , Self-service များရောင်းချခြင်းကိုဆိုင်ဝန်ထမ်းကသာ ဝန်ဆောင်မှုပေးခြင်းဖြင့် စီစဉ်ဆောင်ရွက်ထားရန်၊ ပန်းကန်၊ဇွန်းများအား တစ်ခါသူံ ပစ္စည်း (သို့မဟုတ်) ပိုးသတ်ထားသော ပန်းကန်၊ဇွန်းများကိုသာအသုံးပြုရန် ၊ အစားသောက်စာရင်း(Menu) အား ချိတ်ဆွဲထားခြင်း (သို့မဟုတ်) စားပွဲမှန်အောင်၌ထားရှိရန် ၊ COVID-19 နှင့်ပတ်သတ်သောကျန်းမာရေးအသိပေး ပိုစတာများ ဗွီနိုင်းများကို လူအများမြင်သာသည့်နေရာများတွင် ချိတ်ဆွဲထားရန်၊

 

ငွေရှင်းကောင်တာမှ ငွေလက်ခံသည့်စနစ်ဖြစ်ပါက စားသုံးသူနှင့်တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ကောင်တာရှေ့တွင်မှန်ကာထားရန်၊ဆိုင်အတွင်းအနည်းဆုံး အယ်လ်ကိုဟော အနည်းဆုံး (၆၀%)ပါဝင်သော လက်သန့်ဆေးရည်များ ၊hand gel များအလွယ်တကူထားရှိပေးခြင်းများကိုစီစဉ်ဆောင်ရွက်ပေးရန်နှင့်စားသုံးသူများအတွက် Maskများ ၊ Face Shield များကို ဆိုင်အတွင်းသို့မဝင်မီ တပ်ဆင်နိုင်ရန် ၊ မှန်ကန်သောဆေးနှုန်းများဖြင့်ရောင်းချပေးနိုင်ရေးစီစဉ်ဆောင်ရွက်ထားရန် ထုတ်ပြန်သည်။

 

စားသောက်ဆိုင်တွင်တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်းများအတွက် စားသောက်ဆိုင်ရှိဝန်ထမ်းအချို့အား ကိုယ်အပူချိန်တိုင်းတာရန်နှင့် သံသယလက္ခဏာများရှိ/မရှိစစ်ဆေးနိုင်ရေအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းလမ်းညွှန်အတိုင်း စနစ်တကျလေ့ကျင့်သင်ကြားပေးပြီး ဝန်ထမ်းများနှင့်စားသုံးသူများအား စစ်ဆေးပေးရန်၊အလှည့်ကျတာဝန်ချထားပေးရန် ၊စားသောက်ဆိုင်မှတာဝန်ရှိသူများ ၊ဝန်ထမ်းများအားလုံးအား နေ့စဉ်နေ့တိုင်းကိုယ်အပူချိန်တိုင်းတာရန် နှင့်သံသယလက္ခဏာများရှိမရှိစစ်ဆေး၍ ကိုယ်အပူချိန်မြင့်တက်ခြင်း (သို့မဟုတ်) သံသယလက္ခဏာများရှိပါက စားသောက်ဆိုင်အတွင်းသို့ဝင်ခွင့်မပြုရန် ၊

 

စားသောက်ဆိုင်မှ တာဝန်ရှိသူများဝန်ထမ်းများအားလုံးသည်ကျန်းမာရေးကောင်းမွန်မှသာအလုပ်ဆင်းရမည်ဖြစ်ပြီး မိမိကိုယ်တိုင် ဖျားခြင်း၊နှာချေခြင်း၊ချောင်းဆိုးခြင်း စသည့်ရောဂါလက္ခဏာတစ်ခုခုခံစားရပါက အလုပ်နား၍ လိုအပ်သောဆေးကုသမှုခံယူစေရေး လိုက်နာဆောင်ရွက်ရန်၊စားသောက်ဆိုင်တာဝန်ရှိသူများဝန်ထမ်းများအားလုံးသည် စားသုံးသူများနှင့်သော်လည်းကောင်း ၊အချင်းချင်းသော်လည်းကောင်း ရောနှောနေထိုင်ခြင်းမပြုစေပဲ (၆) ပေအကွာဝေးမှနေထိုင်သွားလာစေရန်၊

 

စားသောက်ဆိုင်မှဝန်ထမ်းများအတွက် အိပ်ဆောင်ရှိပါက တစ်ယောက်နှင့်တစ်ယောက်အနည်းဆုံး ၆ ပေအကွာတွင် နေရာချထားပေးနိုင်ရစီစဉ်ဆောင်ရွက်ရန်၊စာသုံးသူများငွေရှင်းပြေစာနှင့် ငွေရယူခြင်း၊ငွေပြန်အမ်းခြင်းလုပ်ငန်းများကို စားပွဲထိုးများနှင်ဆောင်ရွက်ခြင်းမပြုပဲသီးခြားဝန်ထမ်းများအားတာဝန်ပေးရန်၊Mask , Face Shield , ခါးစည်းရှေ့ကာ (Apron) ကို မကြာခဏလဲလှယ်ရန် တို့ဖြစ်သည်။

 

ထို့ပြင် ရေနှင့်ဆပ်ပြာကိုအသုံးပြု၍ လက်ကိုစက္ကန့် (၂၀)ကြာအောင် စနစ်တကျဆေးကြောခြင်း (သို့မဟုတ်) အယ်လ်ကိုဟော (၆၀%)ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့်ဆေးကြောဆောင်ရွက်ရန် ၊ မိမိ၏တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားဂရုပြုဆောင်ရွက်ရန် ၊စားပွဲမျက်နှာပြင်များ ၊ကုလားထိုင်းများ ၊ကောင်တာများ၊တံခါးလက်ကိုင်များကို (၇၀%) အယ်လ်ကိုဟောဖြင့်မကြာခဏသန့်ရှင်းရေးလုပ်ရန်၊ဆိုင်အတွင်းသန့်ရှင်းရေးလုပ်ငန်းများအတွက်စားပွဲထိုးမှဆောင်ရွက်ခြင်းမပြုပဲ သီးခြားဝန်ထမ်းများအားတာဝန်ချထားရန် ၊

 

သန့်စင်ခန်းများကိုသန့်ရှင်းရေးမကြာခဏဆောင်ရွက်ရန်နှင့် ဆိုင်ဝန်ထမ်းများအားလုံး တစ်ကိုယ်ရည်သန့်ရှင်းရေး၊လက်မကြာခဏဆေးကြောရန်၊လက်အိတ်တပ်ဆင်ထားသောလဲ ဟိုကိုင်ဒီကိုင်မလုပ်ရန်ပညာပေးကြပ်မတ်ဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Read times
Rate this item
(0 votes)