What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 27 December 2020 11:32

ဖိလစ်ပိုင် လော့ခ်ဒေါင်းနဲ့ ကလေးမွေးနှုန်းထိုးတက်လာခြင်နှင့် နောက်ဆက်တွဲပြဿနာ

ရက်ဗဲလ်လီ ဇဘာလာတစ်ယောက် သူ့ရဲ့ ၁၀ယောက်မြောက် ကလေးကိုယ်ဝန်ကို လွယ်ထားပါတယ်။ 

 

၄၁နှစ်အရွယ် အမျိုးသမီးဟာ ဘီဘီစီသတင်းထောက်တွေနဲ့ စကားပြောနေချိန်မှာ သူ့ရဲ့ ၉ ယောက်မြောက် ကလေးကို လက်ထဲမှာချီထားနိုင်အောင် နောက်နံရံကိုလည်း အတော်ခက်ခက်ခဲခဲ မှီထားရပါတယ်။ "ကားလ်၊ ဂျု၀ယ်၊ ဂျွိုက်စ်…" လို့ သူ့ကလေးတွေရဲ့ နာမည်တွေပြောပြီး မိတ်ဆက်ပေးတော့ ၆ နှစ်သား ချာလီက သူ့အမေကို သူသဘောမတူတဲ့အကြည့်နဲ့ ပြန်ကြည့်ပါတယ်။ "ဆောရီး၊ သူ့နာမည်က ချာလီ" လို့ ရက်ဗဲလ်လီက ရိုးရိုးလေးပြုံးပြပြီး ပြောပါတယ်။

 

မိသားစု သားဆက်ခြားတာကို ဘယ်လိုလုပ်ရတယ်ဆိုတာ သူ မလေ့လာရခင်အချိန်ကတည်းက သူ့မှာ ကလေး ၇ ယောက်ရှိနေပါပြီ။ ဒါပေမဲ့ နောက်ဆုံး ကိုယ်ဝန်ကတော့ ကမ္ဘာမှာ အတင်းကျပ်ဆုံး လော့ခ်ဒေါင်းတွေထဲက တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင် လောခ့်ဒေါင်း ကာလမှာ ရခဲ့တာပါ။ အဲဒီတုန်းက လမ်းတိုင်းမှာ စစ်သားတွေက သံချပ်ကာကားတွေနဲ့ ကင်းလှည့်နေပြီး၊ ရဲဂိတ်တွေကလည်း လူအသွားအလာကို ကြပ်ကြပ်မတ်မတ်စစ်ပါတယ်။ စားစရာဝယ်ဖို့ မိသားစု တစ်စုမှာ လူတစ်ယောက်သာ အပြင်ထွက်ရပါတယ်။

 

လော့ခ်ဒေါင်းရဲ့အကျိုးဆက်တစ်ခုက ဖိလစ်ပိုင်က သိန်းပေါင်းများစွာသော အမျိုးသမီးတွေ သန္ဓေတားဆေးရနိုင်ဖို့ ခက်ခဲသွားခဲ့ပြီး ရက်ဗဲလ်လီလို မရည်ရွယ်ထားတဲ့ ကိုယ်ဝန်ကို ပိုက်ထားရတဲ့ သူတွေက နိုင်ငံတစ်ဝန်းမှာ အများကြီးဖြစ်လာခဲ့ပါတယ်။ ဖိလစ်ပိုင် လူဦးရေ အင်စတီကျု တက္ကသိုလ်(University of the Philippines Population Institute)နဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNPF)တို့က ခန့်မှန်းချက်အရ နောက်နှစ်မှာ မရည်ရွယ်ပဲ ဆောင်ရတဲ့ ကိုယ်ဝန်တွေက မွေးလာမယ့် ကလေးပေါင်း ၂၁၄,၀၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒါအစပိုင်း ကိန်းဂဏန်းပဲဖြစ်ဦးမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်မှာ လူဦးရေ တိုးပွားမှု အကျပ်အတည်းအရေးက အရင်ကတည်းက ရှိနေတာဖြစ်ပြီး ဒီကမ္ဘာ့ကပ်က အကြောင်းရင်း တစ်ခုသာဖြစ်ပါတယ်။ ဒီပြဿနာက နှစ်ပေါင်းများစွာ သန္ဓေတည်လာခဲ့တာပါ။

 

တင်းကျပ်တဲ့ ချုပ်ကိုင်မှု

ဖိလစ်ပိုင်မြို့တော် မနီလာဟာ လူဦးရေ ၁၁ သန်းနဲ့ ကျပ်ညပ်နေပါတယ်။ ၂၀၁၅ ခုနှစ်က စာရင်းတွေအရ ပျမ်းမျှအားဖြင့် တစ် စတုရန်း ကီလိုမီတာအတွင်း လူပေါင်း ၇၀,၀၀၀ အဲဒီမြို့မှာ နေထိုင်ကြတာပါ။ ဒီလိုကျပ်ညပ်နေတာကို မြို့ကလမ်းတွေပေါ်မှာ ကားတွေ ပိတ်ဆို့နေတာနဲ့လည်း ခံစားသိနိုင်သလို၊ ထောင်တွေထဲမှာလည်း အကျဉ်းသားတွေက ငါးသေတ္တာဘူးထဲက ဆာဒင်းငါးတွေလို နေနေရတာပါ။ ထောင်တွေမှာ သူတို့ အကျယ်အဝန်းနဲ့ လက်ခံထားနိုင်တဲ့ လူအရေအတွက်ထက် ၃ ဆ ကျော်ကို လက်ခံထားနေရပါတယ်။

 

ဆင်းရဲသူတွေက မြို့ထဲကလူနေအကျပ်ညပ်ဆုံး ဧရိယာတွေမှာ နေကြရပြီး၊ တချို့ဟာ အမှိုက်ပုံထဲကနေ အစားအစာကို ရှာဖွေစားသောက် ရှင်သန်နေရတာပါ။ ဆင်းရဲကြရတာဟာ နိုင်ငံရဲ့ လူဦးရေတိုးနှုန်းမြင့်နေတာနဲ့ တိုက်ရိုက်ပတ်သက်နေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ပြောကြပါတယ်။ လူဦးရေတိုးနှုန်းကို လျှော့ချနိုင်ရင် နည်းသွားတဲ့ လူဦးရေထဲက လူတဦးချင်းစီအနေနဲ့ အစိုးရ ဘတ်ဂျက် ပမာဏ တိုးပြီးရလာနိုင်တာ၊ အရင်းအမြစ်တွေ ပိုသုံးစွဲနိုင်လာတာ၊ ဘဝမှာ အခွင့်အရေးတွေပိုရလာတာ စတဲ့ အကျိုးတွေရမယ်လို့ သူတို့က ဆိုပါတယ်။

 

ဖိလစ်ပိုင်အစိုးရကလည်း ဒါကို သိပါတယ်။ ဒါကြောင့် ၁၉၆၀ နှစ်တွေ တစ်ဝိုက်ကတည်းက မွေးဖွားနှုန်းကို လျှော့ဖို့ကြိုးစားလာတာ အနည်းငယ် အောင်မြင်မှုတော့ ရလာခဲ့ပါတယ်။ အဲဒီတုန်းက လူဦးရေ ၃၅ သန်းကနေ ဒီနေ့ကာလမှာ ၁၁၀ သန်းအထိ ၃ ဆ နီးပါး တိုးလာခဲ့ပေမယ့် မွေးဖွားနှုန်းက ၁၉၆၉ ခုနှစ်မှာ မိခင် တစ်ဦးမှာ ကလေး ၆.၄ ယောက် ရှိရာကနေ ၂၀၂၀ ခုနှစ်မှာ ၂.၇၅ ယောက် အထိကျဆင်းလာခဲ့ပါတယ်။

 

ဒါပေမဲ့ အလားတူကာလအတွင်း တခြား အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ ယှဉ်ရင်တော့ အောင်မြင်မှုနည်းတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာအများစုရှိတဲ့ ထိုင်းမှာ ကုလသမဂ္ဂ စာရင်းဇယားတွေအရ လူဦးရေတိုးနှုန်းက ၁၉၆၀နှစ်တွေ တစ်ဝိုက်မှာ မိခင်တစ်ယောက်မှာ ကလေး ၅.၈ ယောက်ရှိရာကနေ ၂၀၂၀ ခုနှစ်မှာ ၁.၅ ယောက်ပဲ ရှိပါတော့တယ်။ ထိုင်းမှာ ဆင်းရဲမွဲတေတဲ့ လူဦးရေ ရာခိုင်နှုန်းက ၁၀% ရှိပြီး ဖိလစ်ပိုင်မှာ ၁၇% ရှိပါတယ်။ ဒီလိုဘာလို့ကွာခြားတာလဲ ဆိုရင်တော့ ပဋိသန္ဓေတားတာတွေကို ဖိလစ်ပိုင်မှာ သြဇာကြီးလှတဲ့ ကက်သလစ် ကျောင်းတော်တွေကနေ ဆန့်ကျင်မှုတွေ ကြောင့်လည်း တစ်စိတ်တစ်ပိုင်းအရ သက်ဆိုင်နေပါတယ်။

 

"အမှန်တကယ်ပေါ့၊ ကျွန်တော်တို့က[သန္ဓေတားတာ] ကိုဆန့်ကျင်မှာ" လို့ ဖိလစ်ပိုင်ရဲ့ ကက်သလစ် ဘုန်းတော်ကြီးများ ညီလာခံအဖွဲ့ (Catholic Bishops' Conference) က ဘုန်းတော်ကြီး ဂျရုမ်း ဆက်စီလာနို ကပြောပါတယ်။ "ကိုယ်ဝန်တားဆေးတွေကို ခွင့်မပြုဘူး၊ စာရိတ္တပိုင်းနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်လာမှုတွေကို လူတွေ သတိထားရအောင်ပြောရမယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ပြောသလို မလုပ်ဘူး ဆိုရင်တော့လည်း ရှိပါစေလေ။"

 

ကက်သလစ်ကျောင်းတော်တွေကလို မဟုတ်ဘဲ တခြားနည်းတွေနဲ့လည်း ကိုင်တွယ်ဆောင်ရွက် နေပါတယ်လို့ သမ္မတ ဒူတာတေး အစိုးရရဲ့ အရင် လူမှုစီးပွားဆိုင်ရာ ဝန်ကြီးဟောင်း အာနက်စတို ပါနီးယာ က ပြောပြီး ဆင်းရဲမွဲတေမှုလျော့ကျလာတဲ့ လောလောလတ်လတ် အောင်မြင်မှုဟာ ၂၀၁၂ ခုနှစ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဥပဒေနဲ့ ဆိုင်တယ်။ ဒီဥပဒေအရ လိင်ပညာပေးတွေလုပ်နိုင်ခဲ့တယ်၊ ဆင်းရဲသူတွေအတွက် ပဋိသန္ဓေတားဆေးတွေ လက်လှမ်းမီမီ ရနိုင်အောင် စီစဉ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ကိုဗစ်က ဒီလိုအောင်မြင်မှုတွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ လူဦးရေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင် (Commission on Population and Development –POPCOM) ရဲ့ အမှုဆောင်ဒါရိုက်တာ ဟွမ် အန်တိုနီယို ပီရက်ဇ်က "ကျွန်တော်တို့ ၄ နှစ်တာ အားစိုက်လုပ်ခဲ့ရတဲ့ စီမံကိန်းက ဆုံးရှုံးတော့မယ်"လို့ ဆိုပြီး "အခုရှိနေတဲ့ အခြေအနေအတိုင်း မရည်ရွယ်ဘဲ ရထားတဲ့ ကိုယ်ဝန်တွေ ဒီလိုနှုန်းမျိုးနဲ့ ဆက်သွားနေမယ်ဆိုရင် ကိုယ်ဝန်ဆောင် ၁၀ ယောက်တိုင်းမှာ ၃ ယောက်က မရည်ရွယ်ဘဲ ရတဲ့ ကိုယ်ဝန်တွေ ဖြစ်နေလိမ့်မယ်၊ နောက်နှစ်ဆိုရင် မရည်ရွယ်ဘဲရတဲ့ ကိုယ်ဝန်က တစ်ဝက် လောက်တောင် ဖြစ်သွားနိုင်တယ်။"

 

“ကလေးထုတ် စက်ရုံ”

ဒေါက်တာ ဟိုဆေး ဖဘဲလ်လာ အောင်မေ့ဖွယ်ဆေးရုံက ဝန်ထမ်းတွေက အမြဲအလုပ်များကြပါတယ်။ ၂၀၁၂ ခုနှစ်ကို ပြန်ကြည့်ရင် ဒီဆေးရုံကနေ အဲဒီကာလက တစ်နေ့ တစ်နေ့ ကလေးပေါင်း ၁၂၀ မွေးပေးပါတယ်။ အမေရိကန် ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ဒီသားဖွားဆေးရုံကို "ကလေးထုတ် စက်ရုံ"လို့တောင် အမည်ပေးကြတဲ့အထိပါ။ ၂၀၁၂ ခုနှစ် မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဥပဒေထွက်လာပြီးကတည်းက အခြေအနေတွေ တိုးတက်လာခဲ့ပြီး ကလေးမွေးတဲ့အရေအတွက်က တစ်ဝက်နီးပါးလောက် ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်အရေးကြောင့် ကလေးမွေးနှုန်း ထိုးတက်ပြန်ဦးမှာပါ။

 

ဘီဘီစီ သတင်းထောက်တွေ လူနာဆောင် အမှတ် ၁ ထဲကို ဝင်လိုက်တဲ့အခါ မွေးကင်းစကလေးတွေရဲ့ ငိုသံလေးတွေက ဆီးကြိုနေပါတယ်။ ဘောလုံးကွင်း တစ်ဝက်စာလောက်ကျယ်တဲ့ ဒီအခန်းထဲမှာ သံဖရိန်ဘောင်လေးတွေ ခတ်ထားတဲ့ ကုတင်တွေက စီကာရီကာ နဲ့ပါ။ ပန်ကာလေရှိပေမဲ့ အခန်းက ပူလောင်နေဆဲပါ။ မွေးခန်းဝတ်ရုံတွေ ဝတ်ထားတဲ့ မိခင်တွေက နှာခေါင်းစည်းတွေ၊ မျက်နှာအကာတွေ တပ်ထားကြပြီး သူတို့ရဲ့ မွေးကင်းစ ရင်သွေးလေးတွေကို ချီပွေ့ထားကြပါတယ်။

 

"အခုအချိန်မှာတော့ ကုတင် ၂ လုံးမှာ ကိုယ်ဝန်ဆောင်မိခင် ၃ ယောက်၊ ၄ ယောက်ကို အတူထားနေရပါတယ်"လို့ ဒေါက်တာ ဒိုင်ယာနာ ကက်ဂျိုက်ပ်က ပြောပါတယ်။ "တခြားမှာလည်း ထားစရာနေရာမရှိဘူးလေ၊ နောက်ပြီး နောက်ထပ် ကိုယ်ဝန်ဆောင်လူနာတွေ လာဖို့ရှိနေသေးတယ်၊ အခုတောင် ဆေးရုံမှာ လက်ခံနိုင်တဲ့ လူနာထက် ပိုပြီးလက်ခံထားရတာ၊ နောက်ဆိုရင် ကုတင် ၂ လုံးမှာ လူနာက ၆ ယောက်၊ ၇ ယောက်တောင်ဖြစ်သွားနိုင်တယ်။" ဗိုင်းရပ်စ်က ဒီကိုယ်ဝန်ဆောင်အရေအတွက် တိုးလာတဲ့ ပြဿနာကိုတင် ပေးတာ မဟုတ်ပါဘူး၊

 

အရင်လတုန်းက ဆေးရုံထဲက လူနာ ၇ ယောက်နဲ့ သူနာပြု ၁ ယောက်မှာ ကိုဗစ်ပိုးတွေ့ရလို့ ဆေးရုံကို ယာယီပိတ်ခဲ့ရပါသေးတယ်။ ဆေးရုံ စီမံခန့်ခွဲရေးပိုင်းက နောက်ထပ် ကုတင်အသစ်တွေအတွက် နေရာပေးနိုင်အောင် အဆောက်အဦ အသစ် ချဲ့ထွင်ဆောက်နိုင်ဖို့ မျှော်လင့်နေပါတယ်၊ ဒါပေမဲ့ အဲဒါက မပြီးသေးပါဘူး။

 

'မိစ္ဆာဒိဋ္ဌိတွေ'

မစ္စတာ ပါနီးယာအနေနဲ့ ကလေးတွေများလာတာက ရေရှည်မှာ "မျိုးဆက်နဲ့ချီတဲ့ ဆင်းရဲမွဲတေမှု" ဖြစ်လာမယ်၊ သားဖွားဆေးရုံတွေ မလုံလောက်တဲ့ ကျန်းမာရေးစနစ်ကြောင့်လည်း ဝန်နဲ့အား မမျှဖြစ်လာမယ်ဆိုတာတွေကို ကြိုမြင်ထားပြီးသားဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ ကိုဗစ် ၁၉ ပြဿနာက အရင်ကတည်းက အခက်အခဲရှိနေတဲ့ နိုင်ငံ့ဘတ်ဂျက်ကို ပိုပြဿနာတက်စေခဲ့ပါတယ်။

 

"ကျွန်တော်တို့အနေနဲ့ လူဦးရေတိုးပွားမှု ထိန်းချုပ်ရေးအစီအစဉ်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ တစ်နှစ်ကို အနည်းဆုံး ပီဆို ၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၄၁.၅ သန်း)လိုအပ်တယ်"လို့ မစ္စတာ ပါနီးယာက ပြောပါတယ်။ "ဒါပေမဲ့ လူဦးရေ ကော်မရှင်ကို ပေးထားတဲ့ ဘတ်ဂျက်က ပီဆို သိန်း ၅၀၀ (အမေရိကန် ဒေါ်လာ ၁၀.၄ သန်း) လောက်ပဲရှိတယ်၊ ဆိုတော့ လိုအပ်ချက်ရဲ့ လေးပုံ တစ်ပုံပဲ ရနေတယ်။"

 

သမ္မတ ဒူတာဒေးဟာ သားဆက်ခြားတဲ့အစီအစဉ်တွေကို လှိုက်လှိုက်လှဲလှဲထောက်ခံသူဖြစ်တယ်လို့ မစ္စတာ ပါနီးယာကဆိုပါတယ်၊ ဒါပေမဲ့ "မူးယစ်ဆေးဝါးကိစ္စတွေနဲ့ လာဘ်စားမှုတွေကို ပိုအာရုံစိုက်နေတယ်" လို့ မူးယစ်ဆေးသုံးသူတွေ၊ ရောင်းသူတွေကို အကြမ်းဖက်နည်းတွေသုံး နှိမ်နင်းနေတာတွေကို ထောက်ပြရင်း ပြောပြပါတယ်။ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဥပဒေဟာလည်း ကက်သလစ်ကျောင်းတော်တွေနဲ့ မဟာမိတ်ဖွဲ့ထား တဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့တွေက ဥပဒေကြောင်းအရ တရားစွဲတာတွေကို ရင်ဆိုင်နေရပါတယ်၊

 

အကျိုးဆက်အနေနဲ့ လိင်ဆက်ဆံပြီး နောက်နေ့မနက်မှာ သောက်ရတဲ့ သန္ဓေတားဆေးက တရားမဝင်ဘူးဖြစ်နေသလို၊ အိမ်ထောင်မရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ မိဘက သဘောတူညီချက်မပါဘဲ သန္ဓေတားဆေး သုံးတာတွေကို လက်မခံတာတွေက ဆက်ရှိနေပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်နှုန်းက ဒုတိယအများဆုံးပါ။ ကမ္ဘာ့ကပ်ကြောင့် အဲဒီနှုန်းက ၂၀% အထိ တက်လာလိမ့်မယ်လို့ လူဦးရေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင် (POPCOM) က သတိပေးပါတယ်။

 

ကက်သလစ်ကျောင်းတော်တွေက ဒီပြဿနာကိုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းချက်ထုတ်ပြီး၊ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဆင်းရဲ ချမ်းသာ ကွာဟနေမှုကို ပိုပြီး အာရုံစိုက်ဖြေရှင်းဖို့လိုတယ်လို့ ဆိုပါတယ်။ "မျိုးပွားမှုဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုစနစ် မအောင်မြင်တာတွေနဲ့ပတ်သက်ပြီး ကျောင်းတော်ကို မိစ္ဆာဒိဋ္ဌိတွေက ဝေဖန်ကြတာ သိပ်လွယ်တယ်" လို့ ဘုန်းတော်ကြီး ဂျရုမ်း ဆက်စီလာနိုက မိန့်ပါတယ်။

 

"ကျွန်တော်တို့ရင်ဆိုင်နေရတာတွေကို ကြည့်ရင် လူတွေဘာလို့ ဆင်းရဲတွင်းထဲ နစ်နေရတာလဲ ဆိုတာ လေ့လာရမယ်၊ ဒီဆေးပြားတွေက ဆာလောင်မွတ်သိပ်နေသူတွေအတွက် ဘာအကျိုးဖြစ်မှာလဲ၊ လူတွေ အခုအချိန်မှာ အမှန် တကယ် လိုအပ်နေတာတွေကို ဦးစားပေးဖို့လိုအပ်တယ်။"

 

'နံပါတ် တစ် စိုးရိမ်မှု'

 

သူတို့ပြောနေကြတဲ့ ဆင်းရဲမွဲတေမှုဆိုတာကို ရက်ဗဲလ်လီက ကောင်းကောင်းကြီး သိထားပါတယ်။ ကမ္ဘာမှာ လူနေအကျပ်ညပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ တွန်ဒိုက ဘက်ဆီကို ဆိုတဲ့ အရပ်မှာ သူနေထိုင်နေတာပါ။ ကက်သလစ်ကျောင်းတော်ကိုလည်း သူသိပါတယ်၊ အဲဒီကနေ သင်ကြားပေးတဲ့ သန္ဓေတားဆေး၊ ကိုယ်ဝန်ဖျက်ချခြင်းစတဲ့အပေါ် အမြင်တွေကိုလည်း သူသိပါတယ်။

 

ရှုပ်ရှက်ခတ်ပြီး လူတွေ ထူလှတဲ့ သူတို့ရပ်ကွက်ကနေ နည်းနည်းအေးဆေးတဲ့ နေရာတစ်ခုကို ရွေးသွားခဲ့တော့ နောက်ဆုံး ရေခဏခဏကြီးတတ်တဲ့ မြစ်ဝှမ်းဘေးဆီရောက်ပါတယ်၊ အဲဒီမှာ အတူထိုင်ကြရင်း စကားပြောကြတုန်း သူပြောပြတာက "ကျွန်မ ကိုယ်ဝန် တစ်လလောက်ပဲ ရှိတဲ့အချိန်မှာ ဘဝက သိပ်ခက်ခဲတာမို့ ဖျက်ချချင်တယ်လို့ ကျွန်မယောက်ျားကို ပြောကြည့်တယ်" "သူက တို့ဒီအတိုင်းပဲ ကျော်ဖြတ်ရအောင်တဲ့၊ ကျွန်မလည်း အပြစ်ကျူးလွန်မယ့်အစား ကိုယ်ဝန်ကို ဆက်လွယ်ထားလိုက်တယ်"

 

"ကျွန်မတို့ တသီးတခြားကွဲပြီး နေနေကြတာ ၃ လလောက်ရှိပါပြီ။" မျက်ရည်တွေသုတ်ရင်း ရက်ဗဲလ်လီပြောတာက သူ့ကလေးတွေရဲ့ ရှေ့ရေးကို သူစိုးရိမ်တယ် ဆိုတာပါ။ စကားပြောနေကြတုန်း မူးယစ်ဆေးရောင်းဝယ်သူတွေကို ရှာဖို့အတွက် ရွှံ့ဗွက်ထနေတဲ့လမ်းထဲကို ရဲကားတစ်စီး ဝင်လာတော့ လူတွေလည်း ရှဲကုန်ပါတယ်။ မူးယစ်ဆေး ရောင်းတာက "ထွက်ပေါက်" ရစရာ လမ်းတွေ နည်းနည်းလေးရှိတဲ့အထဲက လမ်းတစ်ခုပါလို့ ရက်ဗဲလ်လီက ထောက်ပြပါတယ်။

 

ကိုဗစ် ကမ္ဘာ့ကပ်က ဖိလစ်ပိုင် စီးပွားရေးကို ထိုးဆင်းအောင် ရိုက်ခတ်တဲ့အချိန်မှာ အလုပ်ရဖို့အခွင့်အရေးက ပိုပိုဆိုးလာခဲ့ပါတယ်။ "ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ပါ့မလားဆိုတာ၊ ကျွန်မရဲ့ နံပါတ် တစ် စိုးရိမ်မှုပါ"လို့ ရက်ဗဲလ်လီက ပြောပါတယ်။ "တခါတလေမှာ ကျွန်မ စိတ်တို ဒေါသထွက်ပြီး နင်တို့ကို ချမ်းသာတဲ့သူတွေဆီကို မွေးစားဖို့ ပေးလိုက်မယ်၊ ဒါမှ နင်တို့ ကျောင်းကောင်းကောင်း နေနိုင်မှာလို့ ပြောပစ်လိုက်တယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ ငါ သူတို့ကို ကျောင်းထားပေးနိုင်မှာပါလို့ ကိုယ့်ဘာသာကိုယ် အားတင်းပြီး ပြောရတယ်။"

 

BBC Burmeses

သမ္မတ ဒူတာဒေးဟာ သားဆက်ခြားတဲ့အစီအစဉ်တွေကို လှိုက်လှိုက်လှဲလှဲထောက်ခံသူဖြစ်တယ်လို့ မစ္စတာ ပါနီးယာကဆိုပါတယ်၊ ဒါပေမဲ့ "မူးယစ်ဆေးဝါးကိစ္စတွေနဲ့ လာဘ်စားမှုတွေကို ပိုအာရုံစိုက်နေတယ်" လို့ မူးယစ်ဆေးသုံးသူတွေ၊ ရောင်းသူတွေကို အကြမ်းဖက်နည်းတွေသုံး နှိမ်နင်းနေတာတွေကို ထောက်ပြရင်း ပြောပြပါတယ်။

မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး ဥပဒေဟာလည်း ကက်သလစ်ကျောင်းတော်တွေနဲ့ မဟာမိတ်ဖွဲ့ထား တဲ့ လူမှုကူညီရေး ပရဟိတအဖွဲ့တွေက ဥပဒေကြောင်းအရ တရားစွဲတာတွေကို ရင်ဆိုင်နေရပါတယ်၊ အကျိုးဆက်အနေနဲ့ လိင်ဆက်ဆံပြီး နောက်နေ့မနက်မှာ သောက်ရတဲ့ သန္ဓေတားဆေးက တရားမဝင်ဘူးဖြစ်နေသလို၊ အိမ်ထောင်မရှိသေးတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေ မိဘက သဘောတူညီချက်မပါဘဲ သန္ဓေတားဆေး သုံးတာတွေကို လက်မခံတာတွေက ဆက်ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်နှုန်းက ဒုတိယအများဆုံးပါ။ ကမ္ဘာ့ကပ်ကြောင့် အဲဒီနှုန်းက ၂၀% အထိ တက်လာလိမ့်မယ်လို့ လူဦးရေနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ ကော်မရှင် (POPCOM) က သတိပေးပါတယ်။

ကက်သလစ်ကျောင်းတော်တွေက ဒီပြဿနာကိုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းချက်ထုတ်ပြီး၊ နိုင်ငံအတွင်းမှာ ရှိနေတဲ့ ဆင်းရဲ ချမ်းသာ ကွာဟနေမှုကို ပိုပြီး အာရုံစိုက်ဖြေရှင်းဖို့လိုတယ်လို့ ဆိုပါတယ်။

"မျိုးပွားမှုဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုစနစ် မအောင်မြင်တာတွေနဲ့ပတ်သက်ပြီး ကျောင်းတော်ကို မိစ္ဆာဒိဋ္ဌိတွေက ဝေဖန်ကြတာ သိပ်လွယ်တယ်" လို့ ဘုန်းတော်ကြီး ဂျရုမ်း ဆက်စီလာနိုက မိန့်ပါတယ်။ "ကျွန်တော်တို့ရင်ဆိုင်နေရတာတွေကို ကြည့်ရင် လူတွေဘာလို့ ဆင်းရဲတွင်းထဲ နစ်နေရတာလဲ ဆိုတာ လေ့လာရမယ်၊ ဒီဆေးပြားတွေက ဆာလောင်မွတ်သိပ်နေသူတွေအတွက် ဘာအကျိုးဖြစ်မှာလဲ၊ လူတွေ အခုအချိန်မှာ အမှန် တကယ် လိုအပ်နေတာတွေကို ဦးစားပေးဖို့လိုအပ်တယ်။"

'နံပါတ် တစ် စိုးရိမ်မှု'

သူတို့ပြောနေကြတဲ့ ဆင်းရဲမွဲတေမှုဆိုတာကို ရက်ဗဲလ်လီက ကောင်းကောင်းကြီး သိထားပါတယ်။ ကမ္ဘာမှာ လူနေအကျပ်ညပ်ဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ တွန်ဒိုက ဘက်ဆီကို ဆိုတဲ့ အရပ်မှာ သူနေထိုင်နေတာပါ။

ကက်သလစ်ကျောင်းတော်ကိုလည်း သူသိပါတယ်၊ အဲဒီကနေ သင်ကြားပေးတဲ့ သန္ဓေတားဆေး၊ ကိုယ်ဝန်ဖျက်ချခြင်းစတဲ့အပေါ် အမြင်တွေကိုလည်း သူသိပါတယ်။

ရှုပ်ရှက်ခတ်ပြီး လူတွေ ထူလှတဲ့ သူတို့ရပ်ကွက်ကနေ နည်းနည်းအေးဆေးတဲ့ နေရာတစ်ခုကို ရွေးသွားခဲ့တော့ နောက်ဆုံး ရေခဏခဏကြီးတတ်တဲ့ မြစ်ဝှမ်းဘေးဆီရောက်ပါတယ်၊ အဲဒီမှာ အတူထိုင်ကြရင်း စကားပြောကြတုန်း သူပြောပြတာက "ကျွန်မ ကိုယ်ဝန် တစ်လလောက်ပဲ ရှိတဲ့အချိန်မှာ ဘဝက သိပ်ခက်ခဲတာမို့ ဖျက်ချချင်တယ်လို့ ကျွန်မယောက်ျားကို ပြောကြည့်တယ်"

"သူက တို့ဒီအတိုင်းပဲ ကျော်ဖြတ်ရအောင်တဲ့၊ ကျွန်မလည်း အပြစ်ကျူးလွန်မယ့်အစား ကိုယ်ဝန်ကို ဆက်လွယ်ထားလိုက်တယ်"

"ကျွန်မတို့ တသီးတခြားကွဲပြီး နေနေကြတာ ၃ လလောက်ရှိပါပြီ။"

မျက်ရည်တွေသုတ်ရင်း ရက်ဗဲလ်လီပြောတာက သူ့ကလေးတွေရဲ့ ရှေ့ရေးကို သူစိုးရိမ်တယ် ဆိုတာပါ။ စကားပြောနေကြတုန်း မူးယစ်ဆေးရောင်းဝယ်သူတွေကို ရှာဖို့အတွက် ရွှံ့ဗွက်ထနေတဲ့လမ်းထဲကို ရဲကားတစ်စီး ဝင်လာတော့ လူတွေလည်း ရှဲကုန်ပါတယ်။ မူးယစ်ဆေး ရောင်းတာက "ထွက်ပေါက်" ရစရာ လမ်းတွေ နည်းနည်းလေးရှိတဲ့အထဲက လမ်းတစ်ခုပါလို့ ရက်ဗဲလ်လီက ထောက်ပြပါတယ်။ ကိုဗစ် ကမ္ဘာ့ကပ်က ဖိလစ်ပိုင် စီးပွားရေးကို ထိုးဆင်းအောင် ရိုက်ခတ်တဲ့အချိန်မှာ အလုပ်ရဖို့အခွင့်အရေးက ပိုပိုဆိုးလာခဲ့ပါတယ်။

"ကလေးတွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးနိုင်ပါ့မလားဆိုတာ၊ ကျွန်မရဲ့ နံပါတ် တစ် စိုးရိမ်မှုပါ"လို့ ရက်ဗဲလ်လီက ပြောပါတယ်။

"တခါတလေမှာ ကျွန်မ စိတ်တို ဒေါသထွက်ပြီး နင်တို့ကို ချမ်းသာတဲ့သူတွေဆီကို မွေးစားဖို့ ပေးလိုက်မယ်၊ ဒါမှ နင်တို့ ကျောင်းကောင်းကောင်း နေနိုင်မှာလို့ ပြောပစ်လိုက်တယ်။ ဒါပေမဲ့ ရင်ထဲမှာတော့ ငါ သူတို့ကို ကျောင်းထားပေးနိုင်မှာပါလို့ ကိုယ့်ဘာသာကိုယ် အားတင်းပြီး ပြောရတယ်။"

Read times Last modified on Sunday, 27 December 2020 11:44
Rate this item
(0 votes)