What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 18 August 2021 22:24

တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း စက်တင်ဘာ ၂၀ ရက် စတင်ရန် ဘိုင်ဒင်အစိုးရ ရက်သတ်မှတ်

ဘိုင်ဒင်အစိုးရက COVID-19 အရှိန်တင်ဆေးထိုးမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံသားများသည် ဆေးနှစ်ကြိမ် ထိုးပြီးသည့်နောက် ၈ လပြည့်ပြီးချိန်တွင် တတိယအကြိမ်ကို ဘူစတာထိုးနှံခြင်း booster shot အဖြစ် ထပ်မံ ထိုးနှံနိုင်သည်။ ထိုအချိန်အထိ ကိုဗစ်ကူးစက်မှုများ နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေပါက အကာအကွယ် ရရှိစေရန် အတွက် တတိယအကြိမ် ထိုးနှံစေခြင်း ဖြစ်သည်။

တတိယအကြိမ် ထိုးနှံမည့် ထိုးဆေးများကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ဦးစီးဌာနမှ ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေဆဲဖြစ်ပြီး လာမည့် သီတင်းပတ်များအတွင်း ရရှိမည် ဖြစ်ရာ နောက်တစ်လဖြစ်သော စက်တင်ဘာလတွင် ဆေးစထိုးနိုင်တော့မည် ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေးကို အစောဆုံး ထိုးထားသူများသည် ယခုအခါ ရှစ်လပြည့်မည် ဖြစ်ရာ တတိယအကြိမ် ဆေးထပ်ထိုးရန် လိုအပ်နေသည်။

ကူးစက်မှု အလွန်မြန်ဆန်ပြီး ပွားများမှုလည်း အားကောင်းသော delta မျိုးကွဲသည် အမေရိကန်နိုင်ငံရှိ ကူးစက်မှုများတွင် ၉၈ ဒသမ ၈ % တွင် တွေ့ရှိရသဖြင့် ယခုလို တတိယအကြိမ် ဆေးထပ်ထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

Pfizer သို့ မဟုတ် Moderna ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။ 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

ကိုဗစ် ကာကွယ်ရေး ထိုးဆေး ဘူစတာထိုးနှံခြင်းအဖြစ် တတိယအကြိမ် ထိုးနှံရန် လိုအပ်

 

Read times
Rate this item
(0 votes)