What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 21 November 2017 10:29

ရာသီပြောင်းတိုင်း မကွေးရလေအောင်

ရာသီပြောင်းတိုင်း မကွေးရလေအောင် google.com

ရာသီအကူးအ​ပြောင်းကာလမှာ ဖြစ်​​လေ့ရှိတဲ့ တုပ်​​ကွေး​ရောဂါ ​ဖြစ်​ပွားလျှင်​ အလွန်​ခံရခက်​ပါတယ်​။ အလုပ်​မလုပ်​နိုင်​ ၊ ကျောင်းမသွားနိုင်​သည်​ အထိ ခံစားရ ဆိုးရွားပါတယ်​။

၁. အဖြစ်​များ​သောတုပ်​​ကွေးလက္ခဏာများက​တော့

လည်​​ချောင်းနာ၊ နှာ​ပိတ်​၊ နှာ​ရည်​ကျ၊ ​ချောင်းဆိုး၊ ခေါင်းကိုက်​၊ ဖျား၊ ကိုက်​လက်​ကိုက်​ခဲခြင်းစ​သော​ လက္ခဏာများသည်​ ကူးစက်​ခံရသူအဖို့ အလွန်​ခံရခက်​​သော လက္ခဏာများပင်​ဖြစ်​ပါတယ်​။

၂. ကူးစက်​ပုံ

အ​အေးမိနှာ​စေးခြင်းသည်​ သာမန်​​ရောဂါ​လေးမှစ၍ အဆုတ်​ပွအဆုတ်​​ရောင်​၍ ​ဆေးရုံတက်​ကုသရသည်​အထိ ပြင်းထန်​နိုင်​ပါတယ်​။

အ​အေးမိတုပ်​​ကွေး​ရောဂါသည်​ ဗိုင်းရပ်​စ်​ပိုးများ​ကြောင့်ဖြစ်​ပွား​လေ့ရှိပြီး ​ရောဂါဖြစ်ပွားသူ​ချောင်းဆိုး၊ နှာ​စေးခြင်းမှတဆင့်​​ ​သေးငယ်​​သော အမှုန်​အမွှားများ​လေထဲသို့ ပျံနှံ့ကူးစက်​နိုင်​ပါတယ်​။

ထိုအမှုန်​အမွှားများ ကပ်​ငြိ​နေနိုင်​​​သောအရာပစ္စည်းများ ထိ​တွေ့ကိုင်​တွယ်​ခြင်းမှ တစ်ဆင့်လည်း ကူးစက်​ခံရတတ်​ပါတယ်​။

တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားနည်း​သော အချိန်​တွင် ​ပိုမိုကူးစက်​တတ်​ပါတယ်​။ တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားမ​ကောင်းသာ က​လေးသူငယ်​များ၊ သက်ကြီးရွယ်​အိုများနှင့် နာတာရှည်​​ရောဂါသည်​များ မကူးစက်​​အောင် ​အထူးဂရုစိုက်​ရပါတယ်​။

၃. ရောဂါအ​ခြေအ​နေ

တုပ်​​ကွေးကူးစက်​သူများသည်​ အနည်းဆုံး ၅ရက်​မှ တစ်ပတ်​ထိ ကြာမြင့်​တတ်​ပါတယ်​။ ကိုယ်​လက်​ကိုက်​ခဲ၊ ဖျားနာမှု ပျောက်​သည်​​တိုင်​​အောင် ​ရက်​သတ္တပတ်​ အနည်းငယ်​ထိ နွမ်း လျ​နေတတ်​ပါတယ်​။

၎. ကုသနည်းများက​တော့

တုပ်​​ကွေးကုသနည်းများက​တော့ မိမိဖြစ်​တဲ့လက္ခဏာ​​ပေါ် မူတည်​ ကုသရပါတယ်​။

(၁) နှာပိတ်​ခြင်းအတွက်

နှာ​ခေါင်း​ရောင်​ရမ်းမှု သက်​သာ​စေ​သော နှာ​ခေါင်းဖြန်း​ဆေးများ အသုံးပြုနိုင်​ပါတယ်​။ သို့​သော်​ အချိန်​အတန်​ကြာသည်​အထိ မသက်​သာလျှင် ​ဆက်​မသုံးသင့်​ပါ။ နှာ​ရည်​ကျ၊ နှာ​ချေခဲ့လျှင်​ Antihistamines ​ဆေးကို ​သောက်​သုံးနိုင်​ပါတယ်​။
ဆေးနှင့်​ နှာ​ခေါင်းဖြန်း​ဆေးကို​တော့ တွဲမသုံးသင့်​ပါ။

၂. ချောင်းဆိုးခြင်း

ချောင်းဆိုးသက်​သာ​စေရန်​ ​ချောင်းဆိုးသက်​သာ ​ပျောက်​​ဆေးအမျိုးမျိုး ရှိပါတယ်​။ သလိပ်​​ပျော်​​ဆေးများလည်း ရှိပါတယ်​။ နှာ​စေးနှာပိတ်​ဆေးနှင့်​ တွဲလျက်​လည်း ရှိပါတယ်​။

(၃) ကိုယ်​လက်​ကိုက်​ခဲခြင်း

ကိုယ်​လက်​ကိုက်​ခဲခြင်းခဲ့လျှင်​ အကိုက်​အခဲ​ပျောက်​​ဆေး​သောက်​၍​ရ​သော်​လည်း အကိုက်​ခဲ​ပျောက်​​ဆေးများ အလွန်​အကျွံမ​သောက်​မိရန်​ အ​ရေးကြီးပါတယ်​။ ကိုယ်လက် ကိုက်ခဲတာအတွက်ရော ၊ ချောင်းဆိုးတာ ၊ နှာပိတ်နှာစေးတာအတွက်ရော ပျောက်ကင်းစေတဲ့ အာနိသင်တွေပါတဲ့ အအေးမိ နှာစေးပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။

(၄) လည်​​ချောင်းနာ

လည်​​ချောင်းနာ သက်​သာ​စေရန်​ ​ရေများများသာက်​ခြင်း၊ ဆားငန်​​ရေ ပလုတ်​ကျင်း​ပေးခြင်းများ ပြုလုပ်​နိုင်​ပါတယ်​။ ငုံ​ဆေးများ အသုံးပြုနိုင်​ပါတယ်​။ လည်​​ချောင်းဆိုးရွာစွာ နာလျှင်​ ပိုးသတ်​​ဆေး လိုနိုင်​ပါတယ်​။

(၅) ပိုးသတ်​​ဆေးနှင့်​ ဗိုင်းရပ်​သတ်​​ဆေးများက​တော့ ​ရောဂါလက္ခဏာ ပိုမိုဆိုးရွားစွာ ခံစားရလျှင်​ လိုအပ်​သဖြင့်​ ဆရာဝန်​နှင့်​ စမ်းသပ်​ပြသမှု ခံယူပြီးမှ ညွန်ကြားချက်​အတိုင်း ​သောက်​သင့်​ပါတယ်​။

သက်​သာ​စေ​သောနည်းလမ်းများက​တော့

- အပြည့်​အဝအနားယူပါ။

- အာဟာရရှိ​သောအရည်​များများ​သောက်​ပါ။

- လတ်​ဆတ်​​သောအသီး​ဖျော်​ရည်​များ​သောက်​ပါ။

- ဓာတ်​ဆားရည်​​သောက်​ပါ။

- ​ရေဓာတ်​ အလျင်​အမြန်​ဖြည့်​တင်း​ပေးပါ။

- ကိုယ်​ခံအားတက်​​စေ​သောအစာအစားများစား​ပေးပါ။

- ​ရေ​နွေး​ငွေ့ ရှူပါ။

- လည်​​ချောင်းနာအတွက်​ ဆားရည်​ပလုတ် ​ကျင်းပါ။

(၅) တုပ်​​ကွေး​ရောဂါ ကာကွယ်​နည်းများမှာ

- ကိုယ်​ခံအား​ကောင်း​စေရန်​ပြုမူ​နေထိုင်​ပါ

- အာဟာရပြည့်​ဝ​သောအစားအစာစားပါ

- Vitamin c ​သောက်​ပါ၊ အိပ်​​ရေးဝဝအိပ်​ပါ၊ အနားယူပါ

- စိတ်​ဖိစီးမှု ​လျော့ချပါ၊ ကိုယ်​ခံအားတက်​​စေမည့် အစာအစားများစားသုံးပါ

- လက်​​ဆေးပါ၊ ချောင်းဆိုးနှာ​ချေခဲ့လျှင်​ နှာ​ခေါင်းကိုအဝတ်​စ၊ တစ်​ရူးစဖြင့်​ပိတ်​၍ ဆိုးပါ။

- နှာ​ခေါင်းစည်းတပ်​ပြီး​နေပါ၊ ​တုပ်​​ကွေးရှိသူသည်​ အိမ်​သားများနဲ့​ဝေး​ဝေး​နေပါ။

- လူ​နေထူထပ်​​သော ​နေရာများကို​ရှောင်​ရှားပါ။

Source: ondoctor

Read times
Rate this item
(1 Vote)