What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 05 October 2021 08:02

ကာကွယ်ဆေး ထိုးထားသူများ ပြည်တွင်း ခရီးသွားလာရာတွင် Quarantine နှင့် ရောဂါပိုး စစ်ဆေးခြင်း ကင်းလွတ်ခွင့်ပြုထားခြင်း မရှိသေး

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးလွှမ်းခြုံမှုသည် လက်ရှိအချိန်အထိ ၁၅ ရာခိုင်နှုန်းခန့်သာရှိသေးသည့်အတွက် ကာကွယ်ဆေးထိုးပြီး သူများကို ရောဂါပိုးရှိ မရှိ မစစ်ဆေးရန်၊

Quarantine မဝင်ရန်စသည်တို့ကို ခွင့်ပြုထားခြင်း မရှိ‌သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းသို့သွားလာပါက ခရီးသွားသည့် အရပ်ဒေသများတွင် ကူးစက်မှုများနှင့် ကာကွယ်ဆေးမထိုးရသေးသူများရှိနေပါက မိမိ မှတစ်ဆင့်ကူးစက်နိုင်ရန် အခွင့်အလမ်းများ ခြင်းကြောင့်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပေးမှုသည် ချမ်းသာသည့်နိုင်ငံများတွင် ရာခိုင်နှုန်း ၅၀၊ ရာခိုင်နှုန်း ၆၀ ကျော်သော်လည်း ဖွံ့ဖြိုးမှုလိုအပ်သည့် နိုင်ငံများတွင် တစ်ရာခိုင်နှုန်း၊ နှစ် ရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းဝန်းကျင်သာရှိသည်ကို တွေ့ရ ပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးပါကလည်း COVID-19 စည်းကမ်းများကို လိုက်နာရ မည်ဖြစ်ပြီး မလိုက်နာပါက မလိုလားအပ်သည့် ကူးစက်မှုများကို ဖြစ်စေကြောင်း သိရသည်။

လက်ရှိတတိယလှိုင်းကို ထိန်းချုပ်နိုင်သည့် အနေအထားရှိနေပြီဖြစ်ပြီး ရောဂါဖြစ်ပွားမှုများသည် ယခင်ထက်နှိုင်းစာပါက‌ လေးပုံတစ်ပုံထက် နည်းလာ‌ကြောင်း၊ လှိုင်း၏သဘောသည် ကျပါက ဖြည်းဖြည်းခြင်းကျပြီး ပေါ့ဆမှုဖြစ်ပြီဆိုပါက ပြန်ထောင်တက်၍ နောက်ထပ်လှိုင်းတစ်လှိုင်းဖြစ်နိုင်ပြီး အချို့ နိုင်ငံများတွင် တစ်လှိုင်းပြီးတစ်လှိုင်းဖြစ်နေသည့်အနေအထား တွေ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရောဂါဖြစ်ပွားမှုများကျနေရာမှ တက်ရသည့်အကြောင်းရင်း သုံးချက်ရှိပြီး နံပါတ် (၁) အနေဖြင့် ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းခြင်း၊ ယင်းသို့ မျိုးဗီဇပြောင်းသည့်အခါတွင် အောင် မြင်သည့်မျိုးဗီဇဖြစ်ပါက Variant ဖြစ်သွားပြီး ယခု စိုးရိမ်ဖွယ်ရာ ဗီဇမျိုးစိတ် VOC လေး ခု၊ ဂရုစိုက်စောင့်ကြည့်ရမည့် မျိုးဗီဇကွဲ VOI ငါးခု၊ နောက်ထပ်သတိထားရမည့် Alert မျိုးဗီဇကွဲ ၁၁ ခုရှိပြီး လက်ရှိတွင် ဗီဇပြောင်းပိုး များကို အချိန်နှင့်တစ်ပြေးညီ ကမ္ဘာတစ်ဝန်း လုံးက စောင့်ကြည့်နေကြောင်း၊ နံပါတ် (၂) COVID-19 ကာကွယ်ရေးစည်းမျဉ်းများ လိုက်နာမှုလျော့ရဲလာခြင်း၊ မလိုက်နာခြင်းနှင့် နံပါတ် (၃) လတ်တလောအတွင်း ခရီးသွားလာ မှု၊ လူစုလူဝေးများဖြစ်ပေါ်မှု စသည်တို့သည် အဓိကနေရာတွင်ပါဝင်နေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာမှ သိရသည်။

news-eleven.com

 

Delta ဗီဇပြောင်းပိုးနှင့်ပတ်သက်၍ ထူး ခြားချက်များရှိပြီး သြဂုတ် ၂၇ ရက်က ဂျွန် ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အ ရ Delta သည် နဂိုဗီဇပြောင်းပိုးနှင့်မတူသည့် အချက်မှာ COVID-19 မူလပိုးများကို စမ်း သပ်သည့်အခါတွင် ငါးရက်မှ ရှစ်ရက်အထိ ရောဂါပိုးအတွေ့နိုင်ဆုံးဖြစ်ပြီး ဒယ်လ်တာ သည် သုံးရက်မှငါးရက်အတွင်း အတွေ့နိုင် ဆုံးဖြစ်‌ကြောင်း၊ ယင်းကြောင့် ‌ရောဂါပိုးရှိမ ရှိကို ရှေ့တိုးစမ်းသပ်ရန် လိုအပ်သည်ဟု ပြသ နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိ ရသည်။

ထို့ပြင် ယခင်က ရောဂါပျိုးရက်သည် ခြောက်ရက်မှ ၁၃ ရက်ရှိသည့်အတွက် နှစ်ပတ် Quarantine ဝင်ခိုင်း‌ကြောင်း၊ Delta သည် ရောဂါပျိုးရက်တိုသွားပြီး ၁၁ ရက်အကျော်တွင် ၎င်း၏ ရောဂါပျိုးရက်ပြီးသည့် အတွက် Quarantine ဝင်သည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း သိရသည်။

Read times Last modified on Tuesday, 05 October 2021 11:27
Rate this item
(1 Vote)