What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 22 October 2021 09:33

အိန္ဒိယနိုင်ငံက ပြည်ပခရီးသွားများအတွက် ကွာရန်တင်း စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးရန်ရှိ

အိန္ဒိယနိုင်ငံ အစိုးရသည် စိတ်ချရသောနိုင်ငံများမှ ရောက်ရှိလာသော နိုင်ငံတကာခရီးသည်များအတွက်

ကွာရန်တင်း (quarantine) စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် အိန္ဒိယနှင့်နိုင်ငံအဆင့် အသိအမှတ်ပြုထားသော သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုသော ကာကွယ်ဆေးများ ထိုးနှံပြီးကြောင်း အပြန်အလှန်အသိအမှတ်ပြုလက်မှတ်များဖြင့် သဘောတူညီချက်ရရှိထားသော နိုင်ငံများမှ နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း စံသတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည့် လမ်းညွှန်ချက်အသစ်များကို အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၂၅ ရက်မှစ၍ အသက်ဝင်မည့် စံသတ်မှတ်ချက်အသစ်များအရ သတ်မှတ်ထားသော နိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြားသားများအား လေဆိပ်မှထွက်ခွာခွင့်ပြုသွားမည်ဖြစ်ပြီး နိုင်ငံသို့ဆိုက်ရောက်ပြီးနောက် ၁၄ ရက်အတွင်း ၎င်းတို့၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ကြည့်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုခရီးသွားဧည့်သည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (COVID-19) ကင်းစင်ကြောင်း RT-PCR ဆေးစစ်ချက် တင်သွင်းရမည်ဖြစ်ကြောင်း၊ ၎င်းဆေးစစ်ချက်သည် ခရီးမသွားမီ ၇၂ နာရီအတွင်း စစ်ဆေးထားခြင်း ဖြစ်ရမည် ဖြစ်သည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံအဆင့် သို့မဟုတ် WHO အသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပြန်အလှန်အသိအမှတ်ပြုခြင်းဆိုင်ရာ သဘောတူညီချက်များကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နီပေါ၊ ဘယ်လာရုဇ်၊ လက်ဘနွန်၊ အာမေးနီးယား၊ ယူကရိန်း၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆာဘီးယား စသည့်နိုင်ငံ ၁၁ နိုင်ငံနှင့် လက်မှတ်ရေးထိုးထားခဲ့သည်။
လမ်းညွှန်ချက်များအရ လက်ရှိတွင် အိန္ဒိယနှင့် ထိုသို့ သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများလည်းရှိကြောင်း၊ သို့ရာတွင် နိုင်ငံအဆင့်အသိအမှတ်ပြုထားသော သို့မဟုတ် WHO အသိအမှတ်ပြုထားသော ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးထားသော အိန္ဒိယ နိုင်ငံသားများအား ကင်းလွတ်ခွင့်ပေးထားကြောင်း၊ အခြေခံအပြန်အလှန်သဘောတူညီချက်အပေါ် အိန္ဒိယနိုင်ငံသားများအား ကွာရန်တင်းကင်းလွတ်ခွင့်ပေးထားသော နိုင်ငံများအားလုံးမှ ခရီးသွားများကိုလည်း ဆိုက်ရောက်စဉ် ကွာရန်တင်း ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
“လေယာဉ်နှင့်ခရီးသွားစဉ် ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသော ခရီးသည်တစ်စုံတစ်ဦးရှိပါက အဆိုပါပုဂ္ဂိုလ်သည် လုပ်ထုံးလုပ်နည်းအရ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပါတယ်” ဟု လမ်းညွှန်ချက်များအရ ပြောကြားထားသည်။
ပင်လယ်ဆိပ်ကမ်းများ သို့မဟုတ် ကုန်းလမ်းခရီးစဉ်များမှတစ်ဆင့် ရောက်ရှိလာသော နိုင်ငံတကာခရီးသွားဧည့်သည်များလည်း အလားတူ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရမည်ဖြစ်သည်။

(Xinhua)

Read times
Rate this item
(0 votes)