What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 25 October 2021 10:34

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်၌နေထိုင်ရေးအစီအစဉ်တွင် အကျုံးဝင်သည့်မြို့နယ်များကို ဖြေလျှော့ပေးမည်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ပိုမိုလျော့ကျလာမှသာ နေအိမ်၌နေထိုင်ရေး အစီအစဉ်တွင်

အကျုံးဝင်သည့် မြို့နယ်များကို ဖြေလျှော့ပေးခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားမှုများမှာ တည်ငြိမ်စပြုနေပြီဖြစ်၍ ပိုးတွေ့ရှိသူ အရေအတွက်မှာလည်း ကျဆင်းလာပြီဖြစ်သော်လည်း အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ပိုးတွေ့ရှိမှုနှုန်းနှင့် ပိုးတွေ့ရှိသူအရေအတွက် များပြားလျက်ရှိနေသည့်အတွက် တစ်နိုင်ငံလုံးတွင် ပိုးတွေ့ရှိမှုနှုန်းအနေဖြင့် ၇ ဒသမ ၈ ရာခိုင်နှုန်းမှ ၇ ဒသမ ၉ ရာခိုင်နှုန်းခန့်တွင် တန်းလျက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 ရောဂါပိုးတွေ့နှုန်း ရှစ်ရာခိုင်နှုန်းအောက် လျော့ကျလာပြီး အောက်တိုဘာ ၁၅ ရက်တွင် ၇ ဒသမ ၅၇ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၆ ရက်တွင် ၆ ဒသမ ၇၆ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၇ ရက်တွင် ၇ ဒသမ ၃၂ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၈ ရက်တွင် ၆ ဒသမ ၂၁ ရာခိုင်နှုန်း၊ အောက်တိုဘာ ၁၉ ရက်တွင် ၅ ဒသမ ၇၇ ရာခိုင်နှုန်း၊ အောက်တိုဘာ၂၀ ရက်တွင် ၆ ဒသမ ၉၅ ရာခိုင်နှုန်းနှင့် အောက်တိုဘာ ၂၁ ရက်တွင် ၄ ဒသမ ၉၅ ရာခိုင်နှုန်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 တတိယလှိုင်းအတွင်း Stay at Home ကြေညာထားသည့် မြို့နယ် ၁၁၉ မြို့နယ်ရှိပြီး ယင်းအထဲမှ ကူးစက်မှုကျ၍ ထိန်းချုပ်နိုင်သည့် မြို့နယ်များကို Stay at Home အစီအစဉ်မှ ပယ်ဖျက်ပေးထားသည့် မြို့နယ်ခြောက်မြို့နယ်ရှိကာ ၎င်းတို့မှာ ကလေး၊ စစ်ကိုင်း၊ တမူး၊ ဖြူး၊ ပဲခူးနှင့် မြောင်းမြမြို့နယ်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19 တတိယလှိုင်းဖြစ်ပွားမှုသည် အောက်ခြေအထိမကျသေးသည့်အတွက် မပေါ့ဆရန်နှင့် COVID-19 စည်းကမ်းများကို လိုက်နာပြီး ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူများအနေဖြင့်လည်း အမြန်ဆုံးထိုးနှံရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရောဂါဖြစ်ပွားမှုများကျနေရာမှ တက်ရသည့် အကြောင်းရင်းသုံးချက်ရှိပြီး ၎င်းတို့မှာ ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းခြင်း၊ COVID-19 ကာကွယ်ရေးစည်းကမ်းများ လိုက်နာမှု လျော့ရဲလာခြင်း၊ မလိုက်နာခြင်းနှင့် လတ်တလောအတွင်း ခရီးသွားလာမှု၊ လူစုလူဝေးများဖြစ်ပေါ်မှုစသည်တို့သည် အဓိကအချက်များဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။


မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု အများအပြားလိုနေသေးပြီး ယခုလွှမ်းခြုံနိုင်သည့် အခြေအနေနှင့် ကပ်ရောဂါ ထိန်းချုပ်ရန်လိုအပ်နေသေးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင်လည်း အကြိမ်ပြည့်ထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)