What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 04 November 2021 09:19

ဂျပန်နိုင်ငံတွင် နေ့စဉ်ထပ်တိုး ကိုဗစ်အတည်ပြုလူနာဦးရေသည် ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ကာလတစ်လျှောက်စံချိန်တင် လျော့နည်းလာ

ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၁ ရက်က ထပ်တိုးသည့် ကိုဗစ်အတည်ပြုလူနာ ၈၆ ဦးရှိကြောင်း၊ ၎င်းမှာ ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ကာလတစ်လျှောက်ပထမဆုံးအကြိမ် နေ့စဉ်ထပ်တိုးလူနာ ၁၀၀ အောက် ကျဆင်းခဲ့ခြင်းဖြစ်ရာ

အတည်ပြုလူနာ စုစုပေါင်း ၁,၇၂၂,၆၀၃ ဦးရှိပြီး ထပ်တိုးသေဆုံးသူ ၇ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၁၈,၂၇၄ ဦးရှိကြောင်း NHK ရုပ်သံ၏စာရင်းများအရ သိရသည်။
တိုကျိုမြို့တွင် နိုင်ဝင်ဘာ ၁ ရက်က ထပ်တိုးအတည်ပြုလူနာ ၉ ရှိရာ ၎င်းမှာ ၁၇ လကြာ ကာလအပြီး နေ့စဉ်ထပ်တိုးအတည်ပြုလူနာဦးရေသည် ခုဂဏန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကိန်းဂဏန်းများအရ သိရသည်။
နိုဝင်ဘာ ၁ ရက် အထိ ဂျပန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စုစုပေါင်း အကြိမ်ရေ ၁၈၉ သန်း ရှိရာ လူဦးရေ၏ ၇၇.၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံထားပြီး ၇၂ ရာခိုင်နှုန်းသည် ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးဖြစ်ကြောင်း ဂျပန်အစိုးရ၏စာရင်းများအရ သိရသည်။
ဂျပန်၌ ယခုကာလများတွင် ကပ်ရောဂါအခြေအနေ များစွာကောင်းမွန်မှုရှိလာခဲ့သည်။ ဩဂုတ်လလယ်နှင့်လကုန်ပိုင်း၌ နေ့စဉ်ထပ်တိုးလူနာဦးရေ ၂၅,၀၀၀ကျော်ရှိရာမှ စက်တင်ဘာလကုန်ပိုင်းတွင် ထပ်တိုးလူနာ ၂,၀၀၀ အထိ လျင်မြန်စွာ ကျဆင်းခဲ့သလို အောက်တိုဘာလနောက်ပိုင်းတွင် နေ့စဉ်ရက်ဆက် ထပ်တိုးလူနာဦးရေး ရာဂဏန်းထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၁ ရက်မှစပြီး နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် အရေးပေါ်အခြေအနေ ပယ်ဖျက်ပေးခဲ့သည်။
ပြည်သူလူထုနှင့်ဆောင်ရွက်သူတို့၏ ကပ်ရောဂါ မူဝါဒများအပေါ်တွင် ပူးပေါင်းဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားလာခြင်းစသည်တို့က အရေးပေါ်အခြေအနေ ဖျက်သိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ကူးစက်လူနာ ဆက်တိုက် လျော့နည်းလာသည့် အကြောင်းအရင်း ဖြစ်ကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ကိုဗစ်ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ မူဝါဒအကြံပေးကော်မတီ၏ နောက်ဆုံး စီရင်ခံစာတွင် ဖော်ပြထားသည်။ အခြားတစ်ဖက်တွင်လည်း အချို့ဒေသများတွင် ညအချိန် အပြင်ထွက်သူများပြားလာမှုများ ရှိခြင်းကြောင့် ကော်မတီအနေဖြင့် ကူးစက်သူဦးရေ လျော့နည်လာမှုအရှိန် လျော့နည်းရပ်တန့်သွားမည်ကို စိုးရိမ်လျက်ရှိကြောင်း ဆိုသည်။

(Xinhua)

Read times Last modified on Thursday, 04 November 2021 09:20
Rate this item
(0 votes)