မြို့နယ် ၁၃ ခုကို မိမိနေအိမ်တွင် နေထိုင်ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါသည်။
အောက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ နေထိုင် သော ပြည်သူများအနေဖြင့် ၂၀-၁၁-၂၀၂၁ ရက်၊ နံနက်(၄)နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင် ရန် Stay at home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်
(က) ကချင်ပြည်နယ်
(၁) ဖားကန့်မြို့နယ်။
(ခ) စစ်ကိုင်းတိုင်းဒေသကြီး
(၁) ကျွန်းလှမြို့နယ်၊
(၂) မုံရွာမြို့နယ်။
(ဂ) မကွေးတိုင်းဒေသကြီး
(၁) တောင်တွင်းကြီးမြို့နယ်၊
(၂) မကွေးမြို့နယ်၊
(၃) မင်းဘူးမြို့နယ်၊
(၄) ဆင်ပေါင်ဝဲမြို့နယ်၊
(၅) မင်းတုန်းမြို့နယ်၊
(၆) မင်းလှမြို့နယ်၊
(၇) သရက်မြို့နယ်၊
(၈) အောင်လံမြို့နယ်။
(ဃ)မန္တလေးတိုင်းဒေသကြီး
၁) ပြင်ဦးလွင်မြို့နယ်
(င) ဧရာဝတီတိုင်းဒေသကြီး
၁) ပုသိမ်မြို့နယ်။
အထက်ပါမြို့နယ်များအား Stay at home အစီအစဉ်မှ ပယ်ဖျက်ပြီးနောက်တွင်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် သက်ဆိုင်သည့် စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရမည်ဖြစ်ပါသည်။