What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 18 June 2020 19:39

GYM သွားကစားစရာ မလိုဘဲ ဝိတ်ကျစေမယ့် နည်းလမ်းများ

ကိုယ်အလေးချိန်များပြီး အဝလွန်နေသူများအတွက် ဝိတ်ချတဲ့နည်းမျိုးစုံ ရှိပါတယ်။ တစ်ချို့က အစားအသောက် နဲ့ ဝိတ်ချတတ်ကြသလို တစ်ချို့က အားကစားလုပ်ပြီး ဝိတ်ချတတ်ကြပါတယ်။

 

တစ်ချို့က ပိန်ဆေးတွေ သောက်ကြတာမျိုးလည်းရှိပါတယ်။ ဒီတစ်ခါမှာတော့ GYM သွားကစားစရာ မလိုဘဲ အလွယ်လုပ်နိုင်မယ့် ဝိတ်ကျမယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

 

အပူအစပ်တွေကို စားပါ

အပူအစပ်ကြိုတဲ့ မိန်းကလေးတွေအတွက်တော့ ဒီနည်းလမ်းက နှစ်သက်စရာ ကောင်းနေမှာပါ။ ချဉ်ချဉ် နဲ့ ပူပူစပ်စပ် အစားအစာတွေ စားပေးခြင်းက အဆီတွေကို လောက်ကျွမ်းစေနိုင်ပါတယ်။

 

ရေသောက်ပါ

ရေသောက်ခြင်းဟာလည်း ဝိတ်ကျစေတဲ့အပြင် ကျန်းမာရေးကောင်းအောင် စောင့်ရှောက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၂-၃ လီတာခန့် ပုံမှန်သောက်သုံးပါက သွေးတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတာမို့ အဆီကျစေတဲ့အပြင် အသားအရေးကိုလည်း စိုပြေစေပါတယ်။

 

အနီရောင်ပန်းကန်တွေကို သုံးပါ

အစားအသောက်စားတဲ့အခါမှာ အလွန်အကျွံ မစားဖြစ်အောင် အနီရောင်က ဟန့်တားပေးနိုင်ပါတယ်။ Diet နေတဲ့ မိန်းကလေးတွေအတွက် အနီရောင်ကြွေပန်းကန်တွေ သုံးစွဲပေးရင် ကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

စျေးဝယ်ထွက်ပါ

မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး စျေးဝယ်ထွက်တာဟာ မထင်ထားတဲ့လောက်အောင် ဝိတ်ကျစေပါတယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ကြည့် ရယ်မောပြီး လမ်းလျှောက်တာနဲ့တင် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။ အချိုရည်တွေသောက်ပြီး အမောမဖြေမိစေဖို့လဲ သတိထားဖို့ လိုမယ်နော်..။

 

အိမ်သန့်ရှင်းရေး လုပ်ပါ

အိမ်သန့်ရှင်းရေး လုပ်ခြင်းက ခန္ဓာကိုယ် လှုပ်ရှားမှုကို ရစေပြီးတော့ ခန္ဓာကိုယ်အတွင်း အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေး လုပ်ပေးတာက အားလပ်ချိန်ကို ကောင်းကောင်း အသုံးချနိုင်သလို သွားရည်စာခြင်း ကို ရှောင်လွဲပြီးသာ ဖြစ်ပါတယ်။

 

တရားထိုင်ပါ

ကခုခြင်းကို မနှစ်သက်တဲ့သူတွေအတွက် နေ့စဉ် ၁၀ မိနစ်ခန့် တရားထိုင်းခြင်းကလည်း ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီတွေကို လောင်းကျွမ်းစေနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုနဲ့ လုပ်ငန်းခွင်က ပင်ပန်းမှုတွေကို လျှော့ချပေးပြီး စိတ်သက်သာရှိစေမှာဖြစ်ပါတယ်။

 

Health Products Directory

Read times Last modified on Thursday, 18 June 2020 20:04
Rate this item
(0 votes)