What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 31 October 2019 16:43

ခေါင်းမခြောက်ဘဲ အိပ်လိုက်မိတဲ့အခါ ဖြစ်လာမယ့် ဆိုးကျိုး (၆) မျိုး

မိန်းကလေးတွေအနေနဲ့ ခေါင်းမခြောက်ဘဲ အိပ်လိုက်တဲ့အခါမှာ အအေးမိတာတွေ ၊ ဖျားတာတွေအပြင်တခြားသောကျန်းမာရေးဆိုင်ရာဆိုးကျိုးတွေရှိလာနိုင်ပါတယ်ခေါင်းမခြောက်ဘဲအိပ်လိုက်ခြင်းဖြင့်ဖြစ်လာနိုင်တဲ့ မနှစ်မြို့ဖွယ်ရာဆိုးကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ဆံပင်ကျိုးကြေခြင်း

ဆံပင်ဟာစိုနေတဲ့အချိန်မှာပိုပြီးကျိုးကြေလွယ်ပါတယ်စိုနေတဲ့ဆံပင်နဲ့အိပ်လိုက်တဲ့အခါ ဆံသားတစ်ခုနဲ့တစ်ခုပွတ်တိုက်ခြင်း၊ခေါင်းအုံးနဲ့ ပွတ်တိုက်ခြင်းတွေကနေတစ်ဆင့်ဆံပင်တွေကျိုးကြေပျက်စီးမှုတွေပိုများလာမှာ ဖြစ်ပါတယ်

(၂) ဗောက်

စိုနေတဲ့ဆံပင်နဲ့အိပ်လိုက်တဲ့အခါဦးရေပြားမှာ မှိုရောဂါ၊အရေပြားရောဂါတွေ ဖြစ်လာနိုင်ပြီး ဗောက်တွေ၊ ခေါင်းယားယံခြင်းတွေအပြင်တခြားအရေပြားဆိုင်ရာ ပြဿနာတွေလည်း ဖြစ်လာမှာပါ

 

(၃) ပွေး

ခေါင်းမခြောက်သေးဘဲအိပ်လိုက်ခြင်းဖြင့် မှိုရောဂါဖြစ်လာရုံသာမကမှိုရောဂါကြောင့် ပေါက်လာတဲ့ဦးရေပြားပေါ်က ပွေးတွေဟာ အရမ်းကိုယားယံတဲ့အပြင်ဆံပင်တွေကိုလည်းအစုလိုက်တွေကျွတ်စေနိုင်ပါတယ် သင့်ရဲ့ဦးရေပြားပေါ်မှာအနီကွက်ကြီးတွေနဲ့ ပူနွေးပြီးအဖတ်တွေလန်နေတာမျိုးရှိနေရင်တော့ ပွေးတွေ ဖြစ်နေနိုင်တာကြောင့်ဆရာဝန်ထံသွားပြသင့်ပါတယ်

(၄) ခေါင်းကိုက်ခြင်း

ခေါင်းမခြောက်သေးဘဲပန်ကာ ၊အဲယားကွန်းတွေအောက်မှာအိပ်မိတဲ့အခါအအေးမိတာ၊နှာစေး ချောင်းဆိုးတာအပြင် ခေါင်းကိုက်တာတွေကိုပါခံစားရနိုင်ပါတယ်

 

(၅) တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတာ

ခေါင်းမခြောက်ဘဲအိပ်လိုက်တဲ့အခါ ပြောင်းလဲသွားတဲ့ခန္ဓာကိုယ်အပူချိန်ကိုညှိဖို့ ခန္ဓာကိုယ်ကကြိုးစားနေရတာကြောင့်နိုးလာတဲ့အခါ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်

(၆) ဆံပင်တွေကို ရှုပ်ထွေးပြီး ပျက်စီးစေတယ်

ခေါင်းမခြောက်ဘဲအိပ်လိုက်တဲ့အခါ ဆံပင်တွေက ရှုပ်ပြီးတစ်ခု နဲ့ တစ်ခု ချည်မိကာ ရှုပ်ထွေးသွားစေပါတယ်။ ရှုပ်နေတဲ့ ဆံပင်ကို ရှင်းရင်းကနေအချိန်လည်းကုန် ၊ ဆံပင်လည်း ကျိုးကြေ ပျက်စီးတဲ့အပြင် ကို ဆံပင်အရောင်တွေကိုပါမှိုင်းသွားစေပါတယ်

Source: Aunt may

 

{Zawgyi}

=======

မိန္းကေလးေတြအေနနဲ႔ ေခါင္းမေျခာက္ဘဲ အိပ္လိုက္တဲ့အခါမွာ အေအးမိတာေတြ ၊ ဖ်ားတာေတြအျပင္တျခားေသာက်န္းမာေရးဆိုင္ရာဆိုးက်ိဳးေတြရွိလာႏိုင္ပါတယ္ေခါင္းမေျခာက္ဘဲအိပ္လိုက္ျခင္းျဖင့္ျဖစ္လာႏိုင္တဲ့ မႏွစ္ၿမိဳ႕ဖြယ္ရာဆိုးက်ိဳးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) ဆံပင္က်ိဳးေၾကျခင္း

ဆံပင္ဟာစိုေနတဲ့အခ်ိန္မွာပိုၿပီးက်ိဳးေၾကလြယ္ပါတယ္စိုေနတဲ့ဆံပင္နဲ႔အိပ္လိုက္တဲ့အခါ ဆံသားတစ္ခုနဲ႔တစ္ခုပြတ္တိုက္ျခင္း၊ေခါင္းအုံးနဲ႔ ပြတ္တိုက္ျခင္းေတြကေနတစ္ဆင့္ဆံပင္ေတြက်ိဳးေၾကပ်က္စီးမႈေတြပိုမ်ားလာမွာ ျဖစ္ပါတယ္

(၂) ေဗာက္

စိုေနတဲ့ဆံပင္နဲ႔အိပ္လိုက္တဲ့အခါဦးေရျပားမွာ မႈိေရာဂါ၊အေရျပားေရာဂါေတြ ျဖစ္လာႏိုင္ၿပီး ေဗာက္ေတြ၊ ေခါင္းယားယံျခင္းေတြအျပင္တျခားအေရျပားဆိုင္ရာ ျပႆနာေတြလည္း ျဖစ္လာမွာပါ

 

(၃) ေပြး

ေခါင္းမေျခာက္ေသးဘဲအိပ္လိုက္ျခင္းျဖင့္ မႈိေရာဂါျဖစ္လာ႐ုံသာမကမႈိေရာဂါေၾကာင့္ ေပါက္လာတဲ့ဦးေရျပားေပၚက ေပြးေတြဟာ အရမ္းကိုယားယံတဲ့အျပင္ဆံပင္ေတြကိုလည္းအစုလိုက္ေတြကြၽတ္ေစႏိုင္ပါတယ္ သင့္ရဲ႕ဦးေရျပားေပၚမွာအနီကြက္ႀကီးေတြနဲ႔ ပူေႏြးၿပီးအဖတ္ေတြလန္ေနတာမ်ိဳးရွိေနရင္ေတာ့ ေပြးေတြ ျဖစ္ေနႏိုင္တာေၾကာင့္ဆရာဝန္ထံသြားျပသင့္ပါတယ္

(၄) ေခါင္းကိုက္ျခင္း

ေခါင္းမေျခာက္ေသးဘဲပန္ကာ ၊အဲယားကြန္းေတြေအာက္မွာအိပ္မိတဲ့အခါအေအးမိတာ၊ႏွာေစး ေခ်ာင္းဆိုးတာအျပင္ ေခါင္းကိုက္တာေတြကိုပါခံစားရႏိုင္ပါတယ္

 

(၅) တစ္ကိုယ္လုံး နာက်င္ကိုက္ခဲတာ

ေခါင္းမေျခာက္ဘဲအိပ္လိုက္တဲ့အခါ ေျပာင္းလဲသြားတဲ့ခႏၶာကိုယ္အပူခ်ိန္ကိုညႇိဖို႔ ခႏၶာကိုယ္ကႀကိဳးစားေနရတာေၾကာင့္ႏိုးလာတဲ့အခါ တစ္ကိုယ္လုံးနာက်င္ကိုက္ခဲတာေတြ ျဖစ္လာႏိုင္ပါတယ္

(၆) ဆံပင္ေတြကို ရႈပ္ေထြးၿပီး ပ်က္စီးေစတယ္

ေခါင္းမေျခာက္ဘဲအိပ္လိုက္တဲ့အခါ ဆံပင္ေတြက ရႈပ္ၿပီးတစ္ခု နဲ႔ တစ္ခု ခ်ည္မိကာ ရႈပ္ေထြးသြားေစပါတယ္။ ရႈပ္ေနတဲ့ ဆံပင္ကို ရွင္းရင္းကေနအခ်ိန္လည္းကုန္ ၊ ဆံပင္လည္း က်ိဳးေၾက ပ်က္စီးတဲ့အျပင္ ကို ဆံပင္အေရာင္ေတြကိုပါမႈိင္းသြားေစပါတယ္

 

Source: Aunt may

Read times Last modified on Friday, 03 January 2020 15:42
Rate this item
(1 Vote)