What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 20 June 2020 15:35

လက်သည်းလေးတွေ ဝါညစ်ပြီး ကျိုးပဲ့နေလို့ စိတ်ညစ်နေလား

လက်သည်းလေးတွေကို ရောင်စုံခြယ် ဆေးဆိုးပြီးတဲ့နော်က ဆေးပြန်ဖျက်တဲ့အခါ လက်သည်းတွေ ဝါညစ်နေခဲ့ရင် အလှအပ မြတ်နိုးသူ မိန်းကလေးတိုင်း စိတ်ညစ်ကြရပါတယ်။ ဒီလိုဝါညစ်နေတဲ့ လက်သည်းလေးတွေကို အမြန်ဖြူသွားစေဖို့ ၊ ကျိုးပဲ့လွယ်တဲ့ လက်သည်းလေးတွေကို ကာကွယ်ဖို့နဲပ လက်သည်းတွေ ရောဂါ ကင်းစင်လှပဖို့ ပြုလုပ်ရမယ့် သဘာဝနည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

လက်သည်းလေးတွေကို ဖြူစေဖို့

လက်သည်းတွေကို ဖြူစေတဲ့ ပထမနည်းကတော့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ အရောင်ချွတ်နိုင်စွမ်းရှိတဲ့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းကို အနှစ်ရလာတဲ့အထိမွှေပါ။ ပြီးရင် ဝါဂွမ်းဖတ်လေးကို သုံးပြီး လက်သည်းလေးတွေရဲ့ အပေါ်ဘက်ရော် အောက်ဘက်ရော် သုတ်လိမ်းပေးပါ။ ၂ မိနစ် ၊ ၃ မိနစ်လောက် ထားပြီးရင် ရေနွေးနွေးနဲ့ဆေးချပေးခြင်းဖြစ် သင့်လက်သည်းလေး ဖြူဖွေးလှပ စေပါ။

 

နောက်ထပ် နည်းလမ်းတစ်ခုကတော့ သဘာဝအုန်းဆီ ကို ဇွန်း ၁ ဇွန်းကို မုန့်ဖုတ်ဆိုဒါ ၂ ဇွန်း နဲ့ ရောကာ သံပရာရည် နည်းနည်းရောပြီး အနှစ်ရလာသည်အထိ မွှေပါ။ ရလာတဲ့အနှစ်ကို လက်သည်းလေးတွေပေါ်ကာ ခဏ ထားပြီးနောက် ရေနွေးလေးနဲ့ ဆေးချပေးလိုက်ရင် ဝါညစ်နေတဲ့ လက်သည်းတွေကို ဖြူလာစေမှာပါ။

 

လက်သည်းတွေကို ကာကွယ်ဖို့

ဝါညစ်နေတဲ့ လက်သည်းတွေကို ဖြူစင်သွားအောင် ပြုလုပ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ကြိမ် လက်သည်းနီဆိုးတဲ့အခါ လက်သည်းတွေကို နောက်တစ်ခါ ဝါညစ်မနေဖို့ ဘယ်လိုကာကွယ်မလဲဆိုတာကို ပြောပြပေးသွားမှာပါ။ လက်သည်းပေါ် အရောင်းဆိုးဆေးမတင်မီ Base Coat အကြည်လေး အရင်ဆိုးပေးပါ။ Base Coat က သဘာဝ လက်သည်းလေးတွေ ဝါညစ်မသွားအောင် ကာကွယ်ပေးသလို လက်သည်းဆိုးဆေးအရောင်ကို အကြာကြီးထိ မပျက်ပြယ်အောင် ထိန်းသိမ်းပေးနိုင်ပါတယ်။

 

လက်သည်းလေးတွေ တော်ရုံမရှည်လို့ ကျိုးလွယ်ပဲ့လွယ်လို့ စိတ်ညစ်နေသူတွေအတွက် တစ်ညတည်းနဲ့ အလုပ်ဖြစ်မယ့် နည်းလမ်းကတော့ သံလွင်ဆီကို လိမ်းပေးရမှာဖြစ်ပါတယ်။ ညတိုင်လုပ်ရင်တော့ ပိုကောင်းပါတယ်။ သံလွင်ဆီမှာ ဗီတာမင်အီး ကြွယ်ယလို့ လက်သည်းလေးတွေကို အားဖြည့်ပေးတဲ့ အပြင် လက်သည်းအောက်ခြေကို သွေးလည်ပတ်မှုကောင်းအောင်လဲ ကူညီပေးနိုင်ပါတယ်။

 

ပြုလုပ်နည်းကတော့ လက်သည်းလေးတွေနဲ့ လက်သည်းအောက်ခြေ Cuticles ကို သံလွင်ဆီလေးလိမ်းကာ ၅ မိနစ်ခန့် နှိပ်နယ်ပေးပြီး ချည်သားလက်အိတ်လေး စွပ်အိပ်ပေးပါ။ မနက်ကျရင် လက်သည်းလေးတွေရဲ့ သိသိသာသာ ပြောင်းလဲမှုကို သင်ကိုယ်တိုင် မြင်တွေ့ရမှာဖြစ်ပါတယ်။

 

လက်သည်းလေးတွေ ရောဂါကင်းစင် လှပစေဖို့

ဒီအတွက်ကတော့ ကလေးလေးတွေကို လိမ်းပေးတဲ့ Baby Oil နဲ့ အုန်းဆီကို သုံးရမှာပါ။ ဒီအဆီနှစ်မျိုးစလုံးက အစိုဓာတ် ကောင်းကောင်း ဖြည့်ပေးနိုင်တဲ့အပြ်င အုန်းဆီက လက်သည်းမှာ စွဲကပ်တတ်တဲ့ မှိုပိုးတွေကိုလည်း သတ်နိုင်စွမ်း ရှိပါတယ်။ ဒီအဆီနှစ်မျိုးကို ဆတူရောပြီး လက်ဖဝါးထဲထည့်ကာ ပူနွေးလာတဲ့အထိ ပွတ်ပေးပါ။ လက်သည်းလေးတွေနဲ့ Cuticles တွေပေါ် ၅ မိနစ် ၊ ၁၀ မိနစ်ခန့် နှိပ်နယ်လိမ်းပေးပါ။

 

ပြီးရင် ချည်သားအိတ်လေး စွပ်ပြီး အိပ်လိုက်ပါ။ မနက်ရောက်ရင် လက်သည်း မှိုစွဲလို့ ကျိုးပဲ့ပုံပျက်နေတဲ့ လက်သည်းလေးတွေ သက်သာလာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

Health Products Directory

Read times
Rate this item
(0 votes)