What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 November 2017 10:47

ဆောင်းတွင်းမှာ အသားအရေတွေ ခြောက်သွေ့မနေအောင် ပြုလုပ်ရမယ့် နည်းလမ်း (၅) မျိုး

ဆောင်းတွင်းမှာ အသားအရေတွေ ခြောက်သွေ့မနေအောင် ပြုလုပ်ရမယ့် နည်းလမ်း (၅) မျိုး google.com

သင့်အသားအရေဟာ အဆီပြန်တဲ့ အသားအရေမျိုးမဟုတ်ပဲ ခြောက်သွေ့တဲ့ အသားအရေမျိုးဆိုရင်တော့ ပိုဂရုစိုက်ကြရပြီပေါ့။

ဘယ် လိုးရှင်းလေးကောင်းသလဲ၊ ဘယ်ခရင်မ်ကိုတော့ဖြင့် ရွေးသင့်သလဲဆိုတာမျိုးလည်း ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ဒီတော့ ခြောက်သွေ့နေတဲ့ အသားအရေပိုင်ရှင်များအတွက် ဆောင်းရာသီမှာ ဘယ်လို အဆင်ပြေအောင် ဂရုစိုက်မလဲဆိုတာလေးကို ဖော်ပြပေးလို်ပါတယ်။

၁. ရေများများသောက်ပါ။

ရေများများသောက်ပေးခြင်းဟာ သင့်အသားအရေကို စိုပြေစေတယ်ဆိုတာ အထူးပြောနေစရာတောင် မလိုတော့ပါဘူးနော်။ ဒီတော့ လိုးရှင်းတွေ၊ ခရင်မ်တွေချည်း လိမ်းနေမယ့်အစား သင့်အနေနဲ့ ရေသောက်ပေးတာမျိုးကိုလည်း အသားအရေအတွက် လုပ်ဆောင်ပေးနိုင်ပါတယ်။

၂. အိမ်တွင်း အပင်စိုက်တာမျိုးလေးတွေ လုပ်ပါ။

သင့်အိမ်ခန်းအ၀နားလေးမှာ ဒါမှမဟုတ် ၀ရံတာလိုနေရာမျိုးမှာ စိမ်းစိမ်းစိုစိုလေးနဲ့ လှနေတဲ့ ပန်းပင်လေးများ အလှစိုက်တာမျိုးကလည်း သင့်အသားအရေအတွက် ကောင်းမွန်စေတာပါပဲ။ ဒါက တိုက်ရိုးကြီးမဟုတ်တောင် သင့်အခန်းအတွင်းက လေထုအနေအထားကို ပြောင်းလဲစေပြီး သင့်အသားအရေကျန်းမာအောင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။

READ - ဆောင်းတွင်း နှုတ်ခမ်းကွဲလျှင် ကုသနိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်း (၄) ခု

၃. လိုးရှင်းတွေအစာ သဘာဝအဆီတစ်မျိုးမျိုးကို ရွေးချယ်လိမ်းပါ။

သင့်အသားအရေအတွက် အထူးထုတ်ထားတဲ့ လိုးရှင်းတွေ အများကြီးရှိပေမယ့် ရေဓာတ်ဖြည့်ပေးနိုင်တဲ့ အရာမျိုးကို ပိုရွေးချယ်သင့်ပါတယ်။ သဘာဝသစ်ဥသီဖုတွေက ရတဲ့အဆီတွေဟာလည်း သင့်အသားအရေအတွက် အထူးသင့်လျော်ပါတယ်။ သံလွင်ဆီလိုအဆီမျိုးတွေကလည်း အထူးကောင်းမွန်တာမို့ မွှေးရနံ့တွေ သင်းကြိုင်အောင် အထူးထုတ်ထားတဲ့ လိုးရှင်းမျိုးနဲ့စာရင် ဒီလိုသဘာဝအဆီမျိုးကို ပိုရွေးချယ်သင့်ပါတယ်။

၎. ရေဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပါ။

ရေသောက်သလိုပဲ အစားအစာတစ်ခုခု စားတော့မယ်ဆိုရင် ရေဓာတ်ကြွယ်ဝသလားဆိုတာ တွေးကြည့်လိုက်ပါ။ ဥပမာ သခွားသီး၊ ပန်းဂေါ်ဖီ၊ စပျစ်၊ ပန်းသီး၊ ထောပတ်သီးစတဲ့ အသီးတွေကို စားပေးဖို့ လိုပါတယ်။

၅. Moisturizer မလိမ်းခင် toner သုံးပေးသင့်ပါတယ်။

အလှအပစိတ်ဝင်စားသူများအတွက် toner သုံးဖို့ကတော့ အထူးညွှန်ပြနေစရာ မလိုတော့ပါဘူး။ ဒီတော့ သင့်မျက်နှာသစ်ပြီး တစ်ခုခုလိမ်းတော့မယ်ဆိုတာနဲ့ toner အရင်ခံပြီးမှသာ moisturizer ဒါမှမဟုတ် ခရင်မ်စတာတွေကို လိမ်းပါ။

READ - ဆောင်းရာသီမှာ အရေပြားကို ရေဓာတ်ထိန်းညှိပေးရ

Source: loveshopmyanmar

Read times Last modified on Monday, 06 November 2017 10:52
Rate this item
(1 Vote)