What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 December 2021 08:07

ရင်သားအနီး တက်တူးထိုးရင် သိထားသင့်သော အချက်များ

တက်တူးကို ကိုယ်ခန္ဓာအနှံ့ ထိုးကြတာမှာ အချို့ အမျိုးသမီးတွေက ရင်သားတစ်ဝိုက်မှာ ထိုးကြပါတယ်။


တက်တူးထိုးရင် အသားနာပါတယ်။ အနာခံပြီး ထိုးကြပါတယ်။ ရင်သားအောက်နားတစ်ဝိုက်မှာ တက်တူးထိုးရင် ပိုနာပါလိမ့်မယ်။
အောက်မှာ ကူရှင်ခံပေးတဲ့ အဆီများများစားစား မရှိပါဘူး။ လက်ဖျားနဲ့ ဖိကြည့်လိုက်ရင် နံရိုးတွေစမ်းမိမှာပါ။ ကူရှင်အခံ မရှိတဲ့အတွက်ကြောင့် တင်ပါး၊ လက်မောင်း စတဲ့နေရာတွေမှာ တက်တူးထိုးတာထက် ရင်သားအောက်နားမှာ ထိုးတာက ပိုနာပါလိမ့်မယ်။

တက်တူးထိုးပြီးရင် အသားကျက်ဖို့ အချိန်ယူပါတယ်။ ၂ ပတ်ဝန်းကျင် ကြာမြင့်ပါတယ်။ တက်တူးထိုးထားတဲ့နေရာ လေသလပ်ဖို့ လိုပါတယ်။ အရေပြား လေရှူဖို့ လိုတာကြောင့် ဘရာ မဝတ်ရပါ။ အပြင်ထွက်ရင် nipple covers သုံးပါ။

တက်တူး အရည်အသွေး မကျအောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ အသားမကျက်သေးခင်မှာ ဆပ်ပြာအားမပြင်းတာကို သုံးပါ။ တအားမပွတ်ပါနဲ့။ အသာအယာဖြင့် ဆေးကြောပါ။ အရည်ပြား အစိုဓာတ် ထိန်းပေးတဲ့ အလှကုန် လိမ်းပေးလို့ ရပေမဲ့ အမွေးရနံ့ မပါတဲ့အဆီမျိုးကို ရွေးချယ်သုံးစွဲပါ။

အမြင်အတင့်တယ်ဆုံး အလိုက်ဖက်ဆုံး တက်တူးဒီဇိုင်းက မိမိရင်သားရဲ့ မျဉ်းကွေးနဲ့ အပ်စပ်တဲ့ အကွေး ဒီဇိုင်း ဖြစ်ပါတယ်။ ပန်းပန်မှ နန်းဆန်တယ် ဆိုတဲ့စကားအတိုင်း ပန်းပွင့်သေးသေး အရွက်သေးသေး အခက်သေးသေး ပန်းဒီဇိုင်းဟာ အသက်အရွယ် ရလာတဲ့အထိ အမြင်တင့်တယ်နေမှာ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာလည်း နန်းဆန်နေမှာ ဖြစ်ပါတယ်။

 

Screenshot_2021-12-07_080555.png

Read times
Rate this item
(0 votes)