What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 10 November 2017 13:25

ဆောင်းရာသီမှာ အသားအရေလှပစေဖို့ ဆောင်ရန်ရှောင်ရန်လေးများ

ဆောင်းရာသီမှာ အသားအရေလှပစေဖို့ ဆောင်ရန်ရှောင်ရန်လေးများ google.com

ဆောင်ရန်အချက်များ

- ရေဓာတ်ဖြည့်ပေးပါ။ ခြောက်သွေ့တဲ့အသားအရေဟာ ရေဓာတ်ခန်းခြောက်နေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ထို့ကြောင့် ရေမဆာခင်မှာ ရေပုံမှန်သောက်ပေးပါ။

- နူးညံ့တဲ့သွားတိုက်တံကိုသုံးပြီး တစ်ပတ်ကို နှစ်ကြိမ်အသားအရေကို ချေးချွတ်ဆေးကြောပေးခြင်းဟာ အသားအရေကို သဘာဝအတိုင်း သန့်စင်စေပါတယ်။

- sun- screen ကို တစ်နှစ်ပတ်လုံး ပုံမှန်လိမ်းပေးပါ။

- SPF နဲ့ anti-aging ပါဝင်တဲ့ ပေါင်းစပ်ထုတ်ကုန်ပစ္စည်းများကို အသုံးပြုပါ။

ရှောင်ရန်အချက်များ

- မိတ်ကပ်အလွန်အကျွံမလိမ်းပါနဲ့။ ခြောက်သွေ့တဲ့ ဆောင်းရာသီကာလတွေမှာ အသားအရေဟာ ပိုပြီး နာကျင်လွယ်ပါတယ်။ ထို့ကြောင့် ရိုးစင်းတဲ့ သဘာဝနည်းလမ်းများနဲ့ လှပအောင် နေတာ အကောင်းဆုံးပါပဲ။

- အလွန်အကျွံမစားပါနဲ့။ တစ်နှစ်တာရဲ့ဆောင်းရာသီကာလတွေမှာ အသားအရေဟာ အစာစားနိုင်ဆုံးအချိန်ပါပဲ။ ဒါပေမယ့် အလွန်အကျွံစားခြင်းက ချွေးပေါက်တွေပိတ်ပြီး အသားအရေပျက်စီးစေတာကြောင့် ပုံမှန်ပဲ စားပါ။

- အစားမလျော့ပါနဲ့။ ကယ်လိုရီဓာတ်နည်းလွန်းတာကလည်း အသားအရေကို ၀ါကြန့်ပြီး အကျည်းတန်စေပါတယ်။ ထို့ကြောင့် ပုံမှန်ထက်မလျော့ဘဲစားပါ။

- အိပ်ချိန်မလျော့ပါနဲ့။ အိပ်ချိန်နည်းလွန်းတာက မျက်ကွင်းညိုပြီး အသားအရေကို ညစ်ထေးစေပါတယ်။

Source: gandawin

Read times
Rate this item
(0 votes)