What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 08 June 2018 09:53

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနေစေမယ့် နည်းလမ်း ၆ ခု

မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်း လှနေစေမယ့် နည်းလမ်း ၆ ခု Google.com

မိတ်ကပ်လိမ်းတာဟာ သင့်ကိုပိုပြီး လှပစေတယ်ဆိုတာကတော့ငြင်းစရာမရှိပါဘူး။

ဒါပေမယ့် မိတ်ကပ်လိမ်းမှ လှနိုင်တာမျိုး မဟုန်ဘဲ မလိမ်းဘဲနဲ့ အသားအရေ ကြည်ကြည်လင်လင် နဲ့ သဘာဝကျကျ လှပနေစေဖို့အတွက် လိုက်နာရမယ့်နည်းလမ်း ၊ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) မိတ်ကပ်မလိမ်းဘဲ သဘာဝကျကျ လှနေစေဖို့ မျက်ခုံးမွေးတွေကို အမြဲပုံကျအောင် ပြုပြင်ပေးသင့်ပါတယ်။ မျက်ခုံးမွှေးပါးသူဆိုရင်လည်း မျက်ခုံးကို ပုံမှန်ဆွဲပေးတာမျိုးအပြင် ရိတ်ပေးတာမျိုးနဲ့ မျက်ခုံးမွေးပါးသူဆိုရင်လည်းမျက်ခုံးကို ပုံမှန်ဆွဲပေးတာမျိုးအပြင် မျက်ခုံးမွေးထူအောင် သံလွင်ဆီ ၊ ကြက်ဆူဆီ အစရှိတဲ့ သဘာဝပစ္စည်းတွေကို အသုံးပြုပြီး ပြုပြင်သင့်ပါတယ်။
(၂)နှုတ်ခမ်ူနီ မဆိုးဘဲ နှုတ်ခမ်းသားတွေ နူးညံ့လှပနေစေဖို့အတွက် သးကြားကို အသုံးပြုပြီး တစ်ပတ်တစ်ခါ နှုတ်ခမ်းသားကို Scrub လုပ်ပေးတာမျိုးနဲ့ ညအိပ်ရာ ဝင်ကာနီးတိုင်း သံလွင်ဆီလိမ်းပေးပြီးမှ အိပ်ရာဝင်တာမျိုးပြုလုပ်သင့်ပါတယ်။
(၃)မိတ်ကပ်မလိမ်းဘဲ လှနေစေဖို့ မျက်နှာကို သေချာသန့်ရှင်းရေး လုပ်သင့်ပါတယ်။ ဒါပေမယ့် တနေ့ကို မျက်နှာ ၃ကြိမ်ထက်တော့ ပိုပြီး မျက်နှာမသစ်သင့်ပါဘူး။အပြင်က ပြန်လာတဲ့အခါမှာ မျက်နှာကို သေချာစွာ ဆေးကြော သန့်စင်ပေးပြီး အစိုဓာတ်ထိန်း ခရင်မ်တမျိုးမျိုးလိမ်းပေးသင့်ပါတယ်။
(၄)အသားအရေ နေလောင်ဒဏ်ကနေ ကာကွယ်နိုင်ဖို့အတွက် အပြင်ထွက်ကာနီးတိုင်း Sunscreen လိမ်းပေးဖို့ လိုအပ်ပြီး Sunscreen လိမ်းပေးခြင်းဟာ အသားအရေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။
(၅)ရေများများ သောက်ပေးခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေတာကြောင့် သင့် အသားအရေကို စိုပြေစေမှာ ဖြစ်သလို ကျန်းမာရေးကို ကောင်းမွန်စေမှာလည်းဖြစ်ပါတယ်။ မနက်အိပ်ရာ နိုးနိုးချင် ရေတစ်ဖန်ခွက် သောက်ပေးခြင်းက သင့် အသားအရေကိုကြည်လင်စေမှာဘဲ ဖြစ်ပါတယ်။


source:"ဧရာဝတီ"

 

Read:အစားစာပြီးချိန် မပြုလုပ်သင့်တဲ့ အမူအကျင့်များ

အစားစာပြီးချိန် မပြုလုပ်သင့်တဲ့ အမူအကျင့်များ

Read times Last modified on Friday, 08 June 2018 10:23
Rate this item
(1 Vote)