What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 30 January 2021 16:17

ဆံပင်အတွက် အလှကုန်တွေကို သုံးတဲ့အခါ မှားယွင်းလေ့ရှိတဲ့ အကျင့်များ

သင့်ရဲ့ ဆံကေသာအတွက် အလှကုန်တွေ အသုံးပြုရာမှာ နည်းမှန်လမ်းမှန် မသုံးမိပဲ ဆံပင်ကို ပျက်စီးစေ တဲ့ အဖြစ်မျိုးရောက်သွားအောင် အမှားတွေကို အသုံးပြုနေတဲ့အတွက် မှန်ကန်အောင် အသုံးပြုရမယ့် နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဆံပင်မခြောက်သေးပဲ အပူချောင်းသုံးပြီး ဆံပင်ကောက်၊ ဖြောင့်ခြင်း။

ဆံပင်သား ပျက်စီးစေတဲ့ အကြောင်းအရာတွေထဲမှာ အဲ့ဒီအပူချောင်းတွေလည်း ပါဝင်နေပါတယ်။ ဆံပင်က ပုံသွင်းရမှာမို့ အပူချောင်းသုံးမယ်ဆိုရင်လည်း ဆံပင်ကို ခြောက်အောင် သေချာသုတ်ပြီးမှသာ အပူချောင်းကို သုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် အပူချောင်းမသုံးခင် ဆံပင်သားကို အပူဒဏ်ခံနိုင်မယ့် Heat Protect Spray အရင်ဖြန်းပြီးမှ သုံးပါ။

၂. ဆံပင်သားလေးသွားတဲ့အထိ Moisturizing ခရင်မ်တွေကို အများကြီးလိမ်းခြင်း။

Moisturizing ခရင်မ်ကို လက်ထဲထည့်ပြီး နှစ်ဖက်မျှသွားအောင် လက်ဖဝါးနှစ်ဖက်နဲ့ ညီညီမျှမျှလေး ခွဲပြီးတော့မှ ဆံပင်ကို လိမ်းပေးပါ။ ဗူးကို ညှစ်လိုက် လက်တစ်ဖက်တည်းနဲ့ လိမ်းလိုက်လုပ်နေရင်တော့ ခရင်မ်တွေ လိုတာထက်ပို လိမ်းမိသွားနိုင်ပါတယ်။

၃. စပရေးဖျန်းတဲ့အခါ ဆံပင်နား အရမ်းကပ်ပြီး ဖျန်းခြင်း။

ဆံပင်ပုံကျအောင် စပရေးဖျန်းတဲ့အခါ ခေါင်းနားအရမ်းကပ်ပြီး ဖျန်းတာမျိုး မလုပ်သင့်ပါဘူး။ ဆံပင်သား ပြောင်လက်ပြီး လှပစေမယ့် စပရေးကို ဆံပင်ပထမအလွှာအတွက်သာ အဓိကထားဖျန်းခြင်း။ စပရေးဖျန်းတဲ့ အခါ ဆံပင်အပေါ်လွှာ အတွက်သာ ပုံကျစေဖို့ ရည်ရွယ်ပြီး မှားယွင်းစွာ ဖျန်းတတ်ကြပါတယ်။

၄. ဆံပင်ပုံစံကြာရှည်ခံမယ့် ခရင်မ်လိမ်းတဲ့အခါ ထိပ်နားမှာချည်း ပုံနေအောင် လိမ်းခြင်း။

သင်ရဲ့ဆံပင်ကို ကြာရှည်ခံအောင်ထိန်းပေးမယ့် ခရင်မ်တွေ စုနေတော့ ဘာအကျိုးကျေးဇူးများရဦးမှာလဲ။ ဒီတော့ ဆံပင်သားအားလုံး စတိုင်လ်ကျဖို့ မျှတအောင် လိမ်းပေးရမှာ ဖြစ်ပါတယ်။

Read times Last modified on Saturday, 30 January 2021 16:22
Rate this item
(0 votes)