What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 April 2022 15:55

လစဉ်သုံးဂွမ်းထုပ်ကနေ Menstrual cups ကိုပြောင်းသုံးသင့်လား?

 

အနောက်နိုင်ငံတွေရဲ့ ခေတ်ရေစီးကြောင့် အရ အခုနောက်ပိုင်း အမျိုးသမီးငယ် အတော်များများဟာ

ဓမ္မတာလာချိန်မှာ လစဉ်သုံးဂွမ်းထုပ်အစား  Menstrual cups ကို အသုံးပြုလာကြပါတယ်။ Menstrual cups ဆိုတာ လစဉ်သုံးဂွမ်းထုပ် အစားထိုးခွက်ပဲဖြစ်ပါတယ်။ 

သူကတော့ တရက်တာဓမ္မတာလာနေစဉ် မိန်းမကိုယ် အတွင်းထဲသို့ ထည့်သွင်းရတဲ့ သေးငယ်တဲ့ခွက်အဖြစ် လူသိများပါတယ်။ ဒီခွက်လေးတွေက အခြားဂွမ်းထုပ် အသုံးပြုမူထက် သွေးကိုပိုမိုစုပ်ယူနိုင်တာကြောင့် အမျိုးသမီးအများအပြားက ဂွမ်းထုပ်အစား Menstrual cupsကို အစားထိုး အသုံးပြုလာကြပါတယ်။ 

ပျော့ပျောင်းပြီး ပိုးသတ်ထားသော၊ ဆီလီကွန်၊ ရော်ဘာစတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းများနဲ့  သန့်ရှင်းလွယ်ကူစွာ ပြုလုပ်ကြထားပါတာကြောင့် ဂွမ်းထုပ်အသုံးပြုသလို ပျံ့နှံ့စေခြင်းမရှိတဲ့ အပြင် ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှား နိုင်တာကြောင့်လည်းပါပါတယ်။

 သူရဲ့ အားသာချက်ကတော့ အသုံးပြုပြီးပါက သေချာဆေးကြော ပိုးသတ်ပြီး နောက်တစ်ကြိမ် ပြန်လည်အသုံးနိုင်တာကြောင့် လစဉ်သုံးဂွမ်းထုပ်လို လတိုင်း ကုန်ကျနေမှာ မဟုတ်ပဲ အချိန်ကြာကြာ ပိုးသတ် သိမ်းထားနိုင်တာကြောင့် ဝင်ငွေကို သက်သာစေပါတယ်။

 ဒါအပြင် ရေကူးခြင်း၊ တခြား အားကစားလုပ်ခြင်း၊  Gym ဆော့ခြင်းတွေမှာလည်း Menstrual cups အသုံးပြုတဲ့ အခါမှာ ယိုစိမ့်မူတွေ နေမသိထိုင်မသာ ဖြစ်မူတွေကို သက်သာစေပါတယ်။အားနည်းချက် အနေနဲ့ကတော့ ပြန်လည်း အသုံးပြုရမှာမလုပ်ချင်တဲ့ သူတွေအတွက်ကတော့ ဒါဟာအားနည်းချက်တစ်ခု ဖြစ်နေမှာပါ။

 ဒါအပြင် ခွက်ဟာ မိန်းမကိုယ်ထဲ ထည့်သွင်းရတာဖြစ်တာကြောင့် တချို့ မနှစ်သက်သူတွေအနေနဲ့ မထည့်တတ်သူတွေ အနေနဲ့ အနည်းငယ်ပြဿနာဖြစ်စေမှာပါ။ကျွန်မတို့ မိန်းမကိုယ် ကြွက်သားတွေက ကြုံ့နိုင်၊ ဆန့်နိုင်အား သိပ်ကောင်းတဲ့ ကြွက်သားတွေ ဖြစ်တဲ့အတွက် ခွက်ထည့်ချိန် ပြန်ထုတ်ချိန်တွေမှာ ထိုကြွက်သားတွေကကျယ်ပြီးကျန်နေခဲ့မှာ မဟုတ်ပါဘူး

။ဒါပေမယ့် တစ်ချို့ အစိုးရိမ်လွန်တဲ့ သူတွေ အနေနဲ့ ဒါဟာ ကြောက်စရာတစ်ခုလို့ ထင်နိုင်ပါတယ်။ ပုံမှန်အားဖြင့် ရာသီသွေးတွေဟာ အနံ့နံတယ်လို့ စွဲနေတတ်ကြပါတယ်။ တကယ်တော့ ရာသီသွေးမှာ ဒီလောက် အနံ့ရှိတာ မဟုတ်ပါဘူး။

 သွေးနံ့ဟာ ပြင်ပ လေ၊ တစ်နည်းအားဖြင့် အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီးမှ ထွက်လာတာပါ။း။ဒါကြောင့် Pad သုံးရင် အနံ့ရှိပေမယ့် ရာသီခွက်နဲ့ဆိုရင်တော့ သွေးက အပြင်လည်း ထွက်မလာတာကြောင့် အနံ့ထွက်စရာလည်း မရှိပါဘူး။တချို့ ဆီးသွားတဲ့အခါမှာ ခွက်ဟာ အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်သူတွေ ရှိတတ်ပါတယ်။

ရာသီလာတဲ့ နေရာ နဲ့ အပေါ့သွားတဲ့နေရာဟာ တစ်နည်းအားဖြင့် ထွက်လာရာ လမ်းကြောင်းချင်း မတူကြပါဘူး။ ဒါကြောင့် အပေါ့သွားတဲ့အခါ ရာသီခွက်ထဲ ဆီးတွေ ဝင်နေမှာကို စိုးရိမ်စရာမလိုသလို အောင့်ထားရလွန်းလို့ ဆီးအောင့်မှာ/ ဆီးပူမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး

သွေးမမြင်ရဲတဲ့သူတွေတော့ မသုံးပါနဲ့။ရာသီသွေးဆိုတာကသွေးပမာဏ နည်းနည်း နဲ့ သားအိမ်ထဲက တစ်ရှူးတွေ၊ သန္ဓေသားအတွက် ပြင်ဆင်ထားတဲ့ နံရံတွေ၊ အချွဲတွေ ရောပြီး ကွာကျလာတာမို့ ပုံမှန် သွေးအရောင်နဲ့ မတူဘဲ အရောင်ပိုရင့်နေတတ်ပါတယ်။ဒါကြောင့် သွေးမြင်ရမှာ ကြောက်တဲ့သူတွေအတွက် ဒီခွက်ကို ထုတ်၊ သွေးတွေကို သွန်ပြီး ရေပြန်ဆေးဖို့က ခက်ခဲတဲ့ အဆင့်တစ်ဆင့်ပါပဲ။

မိန်းမကိုယ်အတွင်းထဲ ဘာမှ ထည့်မရအောင် နာကျင်တတ်တဲ့သူတွေနဲ့ တင်ပါးဆုံကွင်း (Pelvic Floor) ပြဿနာရှိသူတွေ မသုံးသင့်ပါဘူး။ ဆီးလမ်းကြောင်း ပြဿနာရှိသူတွေလည်း မသုံးတာ ပိုကောင်းပါတယ်။

Read times Last modified on Tuesday, 17 May 2022 21:58
Rate this item
(1 Vote)