What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 09 January 2018 15:13

တစ်လအတွင်း စနစ်တကျ ဝိတ်ကျစေအောင် လမ်းညွှန်ပေးမယ့် app

တစ်လအတွင်း စနစ်တကျ ဝိတ်ကျစေအောင် လမ်းညွှန်ပေးမယ့် app google.com

တစ်လအတွင်း ကိုယ်လိုချင်တဲ့ အနေအထားရောက်တဲ့အထိ ဝိတ်ကျအောင် စနစ်တကျဝိတ်ကျစေမယ့် လမ်းညွှန် app ဖြစ်ပါတယ်။

App ထဲမှာ ဘယ်ဘက်ဘားတန်းကိုဆွဲရင် Training plans/ Meal plans/ Report/ Remiander/ Setting/ Restart/ Progress ဆိုတာ အစဉ်အတိုင်း ဖော်ပြထားပါမယ်။

Training plans ထဲဝင်ရင် Day 1 ကနေ Day 30 အထိ plan တွေရှိပါတယ်။ သူပြထားတဲ့လေ့ကျင့်ခန်းတွေကို လိုက်လုပ်ရမှာပါ။ ရက်အလိုက်ပိုပိုတိုးပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဥပမာ-ထိုင်ထဆိုရင် ထိုင်ထလုပ်နေတဲ့ animation ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ကိုယ်အစဉ်လိုက်လုပ်တဲ့အပိုင်းကို အကုန်လုပ်နိုင်မလုပ်နိုင်ကို ရာခိုင် နှုန်းနဲ့ဖော်ပြမှာဖြစ်တယ်။ ၁၀၀ ရာခိုင်နှုန်းပြရင်တော့ app ကလမ်းညွှန်ထားသည့်အတိုင်း သဝေမတိမ်း လုပ် ဆောင်နိုင်တဲ့ သဘောဖြစ်ပါတယ်။

Meal plan ထဲမှာဆိုရင် စားသင့်တဲ့အစားအစာ၊ လျှော့စားသင့်တဲ့အစားအစာ အချိန်အဆကို ဖော်ပြထားပါ တယ်။ Day 1 ထဲဝင်ရင် Standard Diet နဲ့ Vegetarian Diet ဆိုပြီး ဖော်ပြပါလိမ့်မယ်။

Standard Diet ထဲမှာ ဆိုရင် မနက်စာ၊ နေ့လည်စာ၊ သရေစာနဲ့ ညစာမှာ သူဖော်ပြတဲ့အတိုင်း စားသောက်ရမှာဖြစ်ပါတယ်။ ဥပမာ- မနက်စာဆိုရင် သကြားမပါတဲ့လက်ဖက်ရည် တစ်ခွက်၊ အဆီမတတ်တဲ့ မုန့်တစ်ခုခုဖော်ပြထားပါလိမ့်မယ်။ နေ့လယ်စာဆိုရင်လည်း စားသောက်ရမယ့် ဟင်း၊ အစားအသောက် ပမာဏကို အချိန်အဆပါ ဖော်ပြမှာ ဖြစ်ပါတယ်။

Vegetarian Diet ကတော့ ဝိတ်မြန်မြန်ကျစေတဲ့ စားသောက်နည်းဖြစ်ပါတယ်။ အရွက်များများပါတဲ့ အစားအ စာ ကိုဖော်ပြထားမှာ ဖြစ်ပါတယ်။ ကြိုက်တဲ့ Diet plan နဲ့ စားသောက်နည်းကို သုံးနိုင်ပါတယ်။

Report ကတော့ ရုတ်တရက်မှာကိုယ် Diet လုပ်ထားတဲ့ plan တွေကို workout လုပ်ထားတာတွေကို ကိုယ်ပြီးသ လောက် မှတ်တမ်းဝင်နေမှာဖြစ်ပါတယ်။ အဲသည်အပေါ် ကယ်လိုရီကျဆင်းမှုကို app က တွက်ချက်ထားမှာ ဖြစ်ပါတယ်။အောက်ဘက်မှာ လက်ရှိကိုယ်အလေးချိန်ပေါင်ကို ထည့်ထားရပါမယ်။ ပြီးရင် အရပ်အမြင့်ကိုပါ ရိုက်ထည့် ထား ရပါမယ်။ ရှိသင့်တဲ့အလေးချိန်ကို အလိုအလျောက် တွက်ချက်ပေးမှာဖြစ်ပါတယ်။

Remainder ကတော့ အချက်ပေးတဲ့သဘောမျိုး ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရမည့်အချိန်တွေ၊ အစားအ သောက်စားသင့်တဲ့အချိန်တွေကို အချက်ပေးသဘောမျိုးနဲ့ ဖုန်းရဲ့ noti မှာ ဖော်ပြထားမှာ ဖြစ်ပါတယ်။

Setting ထဲမှာဆိုရင် health data ကျန်းမာရေးအချက်အလက်ကို တွက်ချက်ဖို့ genre နဲ့ မွေးနေ့ ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်။

L Lအောက်ပါလင့်မှာ free download ရယူနိုင်ပါတယ်L L

https://goo.gl/gehT5H 

Source: Kumudra

Read times Last modified on Tuesday, 09 January 2018 15:31
Rate this item
(0 votes)