What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 20 June 2022 15:57

မျက်နှာပေါ်ကအဆီအဖုလေးတွေကို ဘယ်လိုကုသရမလဲ

မျက်နှာပေါ်က အဆီအဖုလေးတွေရှိနေတာ မိန်းကလေးတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာပဲဖြစ်ပါတယ်။ 

ဒီအဆီအဖုလေးတွေ ပျောက်အောင် အလွယ်တကူလုပ်ဆောင်လို့တော့မရပါဘူး။ ဖယ်ရှားဖို့ခက်လှပါတယ်။ ဒီအဆီအဖုလေးတွေက အသားအရေအောက်မှာ Keratinလို့အမည်ရတဲ့ပရိုတိန်းဓာတ်နဲ့ပြည့်နေတဲ့ အကျိတ်ကလေးတွေဖြစ်ပါတယ်။ ဆံပင်ရဲ့ အပြင်ဘက်အလွှာမှာတွေ့ရတဲ့ Keratinဆိုတဲ့ပရိုတိန်းဓာတ်က ဆံပင်သန်ဖို့၊ အသားအရေကောင်းဖို့၊ လက်သည်း၊ခြေသည်းကျန်းမာသန်စွမ်းဖို့ အရေးကြီးပါတယ်။

ဒီလိုအဆီအဖုလေးတွေက အသက်အရွယ်၊ အသားအရေအမျိုးအစားတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်းဖြစ်နိုင်ပါတယ်။ ဒါတွေကို ပါး၊ မျက်လုံးတဝိုက်၊ နှာခေါင်းတို့တွင် အမြဲလိုလို တွေ့ရပါတယ်။ Keratinဆိုတဲ့ပရိုတိန်းဓာတ်တွေ ပိတ်မိသွားတဲ့အခါ အသားအရေပေါ်တွင် အဆီအဖုလေးတွေအဖြစ် ဖြစ်လာပါတယ်။ အသားအရေတွင် ဆဲလ်အသေများ ပိတ်မိနေတဲ့အခါမှာလဲ တွေ့ရတတ်ပါတယ်။ အဆီအဖုလေးတွေကို ကုသလို့ရတဲ့နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

ဖယ်ရှားဖို့မကြိုးစားပါနဲ့

မျက်နှာပေါ်က အဆီအဖုလေးတွေကို လက်နဲ့ မဖဲ့ပါနဲ့။ အဆီအဖုလေးတွေကို ဖယ်ရှားဖို့ကြိုးစားခြင်းက သွေးထွက်ခြင်း၊ အမာရွက်ဖြစ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ ဒါအပြင့် ရောဂါကူးစက်မှုများလဲ ဖြစ်စေနိုင်ပါတယ်။

သန့်စင်ပေးပါ

သင့်မျက်နှာကို Parabenလို့အမည်ရတဲ့ကွန်ပေါင်ဓာတ်မပါတဲ့ နူညံ့တဲ့ဆပ်ပြာနဲ့ သစ်ပေးပါ။ မျက်နှာသစ်ပြီးတဲ့နောက် နူညံ့တဲ့မျက်နှာသုတ်ပုဝါနဲက ဖြည်းညင်းစွာ သုတ်ပေးပါ။

Manuka ပျားရည်နဲ့ပေါင်းတင်ပါ

Manukaပျားရည်က မျက်နှာပေါ်ရှိ အသားအရေနီးမြန်းခြင်းကို လျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ ဘတ်တီးရီးယားနဲ့ အသားအရေနီးမြန်းခြင်းက အသားအရေ ကျိန်းစပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Manukaပျားရည်နဲ့ပေါင်းတင်ခြင်းက အဆီအဖုလေးတွေကို သက်သာသွားစေနိုင်ပါတယ်။ Manukaပျားရည်က သာမန်ပျားရည်တွေမှာမရှိတဲ့ အာနိသင်တွေပါဝင်ပါတယ်။

နှင်းဆီရည်အနည်းငယ်သုံးပေးပါ

နှင်းဆီရည်က နှင်းဆီဆီပါဝင်တဲ့ သန့်စင်ပြီးသားရေဖြစ်ပါတယ်။ နှင်းဆီအဆီက အသားအရေတွင် အသုံးပြုမယ်ဆိုရင် ကောင်းမွန်ပါတယ်။ အဆီအဖုလေးတွေ များလာမယ်ဆိုရင် တစ်နေ့ကို နှစ်ကြိမ်၊သုံးကြိမ် နှင်းဆီအရည်ကို အသုံးပြုပေးပါ။ မျက်လုံးနားကို နှင်းဆီရည်မဖြန်းမိအောင် ဂရုစိုက်ပေးရပါမယ်။

Retinoid Creamကို အသုံးပြုပေးပါ

Retinoid Creamsတွင် ဗီတာမင်အေပါဝင်ပါတယ်။ ဒီဗီတာမင်က အသားအရေအတွက် အရေးပါပါတယ်။ Retinolပါဝင်တဲ့ Creamကို တစ်နေ့ တစ်ကြိမ်လိမ်းပေးပါ။ သင့်မျက်နှာကို သန့်စင်ပြီးမှသာ အသုံးပြုပေးရပါမယ်။ Retinoid creamကို အသံုံးပြုတဲ့အခါSunscreenကို အသုံးပြုဖို့လဲ အရေးကြီးပါတယ်။ Retinoid Creamက နေရောင်ခြည်ကြောင့်ဖြစ်စေနိုင်တဲ့ အသားအရေပျက်စီးမှုကို ပိုထိခိုက်စေနိုင်ပါတယ်။

Read times
Rate this item
(0 votes)