What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 19 December 2018 15:40

ဝမ်းချုပ်နေရင် ဒီဖျော်ရည်လေးကို သောက်ပေးပါ

ဝမ်းချုပ်ခြင်းဆိုတာ အစာလမ်းကြောင်းတလျှောက် လှုပ်ရှားမှုတွေ နှေးကွေးလာပြီး အစာဟောင်းတွေ စွန့်ထုတ်ရာမှာ ခက်ခဲလာခြင်းကိုခေါ်ပါတယ်။

ဝမ်းချုပ်ရောဂါကို တချို့က ဝမ်းပျော့စာတွေ ပြန်စားပြီး ဖြေရှင်းတတ်ကြသလို တချို့ကတော့ ဝမ်းနှုတ်ဆေးပြန်သောက်ပြီး ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ရောဂါကို ဖျော်ရည်လေးနည်းနည်းသောက်ပြီး ဖြေရှင်းနိုင်တယ်ဆိုတာကိုကော သိကြလား။ ဘာဖျော်ရည်တွေလဲဆိုတော့...

 

၁။ ဆီးသီးဖျော်ရည်

ဆီးသီးထဲမှာ အမျှင်ဓာတ်နဲ့ sorbitol ဆိုတဲ့ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ အာဟာရဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပြီး ဝမ်းချုပ်နေသူများအတွက် ဝမ်းပျော့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပျားရည်ကတော့ သဘာဝအတိုင်း ဘက်တီးရီးယားပိုးမွှား တိုက်ဖျက်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဇီရာစေ့ကတော့ အစာအိမ်ကျန်းမာရေး ကောင်းစေဖို့အတွက် ဖျော်ရည်ရဲ့အရသာ ကောင်းမွန်စေဖို့အတွက် ထည့်သွင်းရတာပါ။

ပြုလုပ်နည်းလေးကတော့ ဆီးသီး (၅) လုံးခန့်ကို ရေနွေးနဲ့ (၅) မိနစ်ခန့်အရင်ပြုတ်ပါ။ ပြီးတော့မှ ဆီးသီးအရည်ပဲကျန်အောင် ဇကာနဲ့စစ်ထုတ်ပြီး ဆီးသီးအရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဇီရာစေ့အမှုန့် ဇွန်းဝက်ခန့်ကိုထည့်ပါ။ နည်းနည်းမွှေးပေးပြီး သောက်သုံးလိုက်ရင် အရသာရှိပြီး ဝမ်းချုပ်ရောဂါ ပျောက်ကင်းစေတဲ့ ဆီးသီးဖျော်ရည်လေးကို ရပါပြီ။

 

၂။ ပန်းသီးဖျော်ရည်


ပန်းသီးဟာလည်း သဘာဝအလျောက် အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး။ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။ ပန်းသီးမှာ ဝမ်းပျော့စေတဲ့ အာနိသင်တစ်ခုလည်း ရှိပါတယ်။ စမုန်နက်စေ့ကတော့ ဝမ်းသွားရလွယ်ကူအောင် ဝမ်းကိုပျော့စေနိုင်သလို အစာလမ်းကြောင်း လှုပ်ရှားမှုကိုလည်း ပိုမိုချောမွေ့အောင် ကူညီပေး နိုင်ပါတယ်။

ပန်းသီးဖျော်ရည် လုပ်ဆောင်ပုံလေးကတော့ အရွယ်တော်ပန်းသီးတစ်လုံးကို ရိုးတံဖယ်၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး မီးဖိုသုံးမွှေစက်ထဲကို ပစ်ထည့်လိုက်ပါ။ ပြီးရင် ရေနည်းနည်းရောပြီး မွှေပေးလိုက်ပါ။ ရလာတဲ့ ပန်းသီးဖျော်ရည်ကို ဖန်ခွက်တစ်ခွက်ထဲ လောင်းထည့်ပြီး စမုန်နက်စေ့မှုန့် နည်းနည်းပါ ဖြူးပေးလိုက်ပါဦး။ ပြီးရင်တော့ ဇွန်းနဲ့မွှေပြီး သောက်သုံးပေးနိုင်ပါတယ်။

 

၃။ လိမ္မော်သီးဖျော်ရည်


လိမ္မော်သီးဟာ ဗိုက်တာမင်စီ၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လိမ္မော်သီးထဲက အမျှင်ဓာတ်နဲ့ ဗိုက်တာမင်စီဟာ အစာအိမ်ထဲမှာ ရေဓာတ်ပြည့်ဝစေပြီး အစာလမ်းကြောင်းမှာ ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေး နိုင်ပါတယ်။ လိမ္မော်သီးကို ဒီတိုင်းစားပေးရင်လည်း ဝမ်းချုပ်ရောဂါအတွက် ကောင်းမွန်သလို ဖျော်ရည်လုပ်သောက် ပေးရင်လည်း ကောင်းပါတယ်။

ပြုလုပ်နည်းလေးကတော့ လိမ္မော်သီးတစ်လုံးကို အခွံခွာပြီး မွှေစက်ထဲထည့်မွှေလိုက်ပါ။ ပြီးရင်ဖန်ခွက်တစ်ခွက်ထဲ လောင်းထည့်ပြီး ဆားနည်းနည်းနဲ့ ရောမွှေပေးလိုက်ပါ။ သောက်သုံးပြီးရင် ဝမ်းချုပ်နေတဲ့ အခြေအနေ နာရီပိုင်းအတွင်း ပြောင်းလဲသက်သာသွားတာကို သတိထားမိလာမှာပါ။

 

Duwun

Read: ဗိုက္ပူလို႔ စိတ္ညစ္ေနသလား

ဗိုက္ပူလို႔ စိတ္ညစ္ေနသလား

 

{Zawgyi}

======

ဝမ္းခ်ဳပ္ေနရင္ ဒီေဖ်ာ္ရည္ေလးကို ေသာက္ေပးပါ


ဝမ္းခ်ဳပ္ျခင္းဆိုတာ အစာလမ္းေၾကာင္းတေလၽွာက္ လႈပ္ရွားမႈေတြ ေႏွးေကြးလာၿပီး အစာေဟာင္းေတြ စြန႔္ထုတ္ရာမွာ ခက္ခဲလာျခင္းကိုေခၚပါတယ္။ ဝမ္းခ်ဳပ္ေရာဂါကို တခ်ိဳ႕က ဝမ္းေပ်ာ့စာေတြ ျပန္စားၿပီး ေျဖရွင္းတတ္ၾကသလို တခ်ိဳ႕ကေတာ့ ဝမ္းႏႈတ္ေဆးျပန္ေသာက္ၿပီး ေျဖရွင္းတတ္ၾကပါတယ္။ ဒါေပမဲ့ ဝမ္းခ်ဳပ္ေရာဂါကို ေဖ်ာ္ရည္ေလးနည္းနည္းေသာက္ၿပီး ေျဖရွင္းနိုင္တယ္ဆိုတာကိုေကာ သိၾကလား။ ဘာေဖ်ာ္ရည္ေတြလဲဆိုေတာ့...

 

၁။ ဆီးသီးေဖ်ာ္ရည္

ဆီးသီးထဲမွာ အမၽွင္ဓာတ္နဲ႔ sorbitol ဆိုတဲ့ အစာအိမ္အူလမ္းေၾကာင္းကို ေကာင္းမြန္ေစတဲ့ အာဟာရဓာတ္တစ္မ်ိဳး ႂကြယ္ဝစြာပါဝင္ၿပီး ဝမ္းခ်ဳပ္ေနသူမ်ားအတြက္ ဝမ္းေပ်ာ့ေအာင္ စြမ္းေဆာင္ေပးနိုင္ပါတယ္။ ပ်ားရည္ကေတာ့ သဘာဝအတိုင္း ဘက္တီးရီးယားပိုးမႊား တိုက္ဖ်က္နိုင္စြမ္းရွိၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္ပါတယ္။ ဇီရာေစ့ကေတာ့ အစာအိမ္က်န္းမာေရး ေကာင္းေစဖို႔အတြက္ ေဖ်ာ္ရည္ရဲ့အရသာ ေကာင္းမြန္ေစဖို႔အတြက္ ထည့္သြင္းရတာပါ။

ျပဳလုပ္နည္းေလးကေတာ့ ဆီးသီး (၅) လုံးခန႔္ကို ေရေႏြးနဲ႔ (၅) မိနစ္ခန႔္အရင္ျပဳတ္ပါ။ ၿပီးေတာ့မွ ဆီးသီးအရည္ပဲက်န္ေအာင္ ဇကာနဲ႔စစ္ထုတ္ၿပီး ဆီးသီးအရည္ထဲကို ပ်ားရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ဇီရာေစ့အမႈန႔္ ဇြန္းဝက္ခန႔္ကိုထည့္ပါ။ နည္းနည္းေမႊးေပးၿပီး ေသာက္သုံးလိုက္ရင္ အရသာရွိၿပီး ဝမ္းခ်ဳပ္ေရာဂါ ေပ်ာက္ကင္းေစတဲ့ ဆီးသီးေဖ်ာ္ရည္ေလးကို ရပါၿပီ။

 

၂။ ပန္းသီးေဖ်ာ္ရည္


ပန္းသီးဟာလည္း သဘာဝအေလ်ာက္ အမၽွင္ဓာတ္ႂကြယ္ဝတဲ့ သစ္သီးတစ္မ်ိဳးပါ။ ဒါတင္မကေသးပါဘူး။ ဗိုက္တာမင္နဲ႔ သတၳဳဓာတ္ေတြလည္း ႂကြယ္ဝပါေသးတယ္။ ပန္းသီးမွာ ဝမ္းေပ်ာ့ေစတဲ့ အာနိသင္တစ္ခုလည္း ရွိပါတယ္။ စမုန္နက္ေစ့ကေတာ့ ဝမ္းသြားရလြယ္ကူေအာင္ ဝမ္းကိုေပ်ာ့ေစနိုင္သလို အစာလမ္းေၾကာင္း လႈပ္ရွားမႈကိုလည္း ပိုမိုေခ်ာေမြ႕ေအာင္ ကူညီေပး နိုင္ပါတယ္။

ပန္းသီးေဖ်ာ္ရည္ လုပ္ေဆာင္ပုံေလးကေတာ့ အရြယ္ေတာ္ပန္းသီးတစ္လုံးကို ရိုးတံဖယ္၊ ထက္ျခမ္းျခမ္း၊ အေစ့ထုတ္ၿပီး မီးဖိုသုံးေမႊစက္ထဲကို ပစ္ထည့္လိုက္ပါ။ ၿပီးရင္ ေရနည္းနည္းေရာၿပီး ေမႊေပးလိုက္ပါ။ ရလာတဲ့ ပန္းသီးေဖ်ာ္ရည္ကို ဖန္ခြက္တစ္ခြက္ထဲ ေလာင္းထည့္ၿပီး စမုန္နက္ေစ့မႈန႔္ နည္းနည္းပါ ျဖဴးေပးလိုက္ပါဦး။ ၿပီးရင္ေတာ့ ဇြန္းနဲ႔ေမႊၿပီး ေသာက္သုံးေပးနိုင္ပါတယ္။

 

၃။ လိေမၼာ္သီးေဖ်ာ္ရည္


လိေမၼာ္သီးဟာ ဗိုက္တာမင္စီ၊ သတၳဳဓာတ္နဲ႔ အမၽွင္ဓာတ္ႂကြယ္ဝတဲ့ အသီးတစ္မ်ိဳးပါ။ လိေမၼာ္သီးထဲက အမၽွင္ဓာတ္နဲ႔ ဗိုက္တာမင္စီဟာ အစာအိမ္ထဲမွာ ေရဓာတ္ျပည့္ဝေစၿပီး အစာလမ္းေၾကာင္းမွာ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေအာင္ ကူညီေပး နိုင္ပါတယ္။ လိေမၼာ္သီးကို ဒီတိုင္းစားေပးရင္လည္း ဝမ္းခ်ဳပ္ေရာဂါအတြက္ ေကာင္းမြန္သလို ေဖ်ာ္ရည္လုပ္ေသာက္ ေပးရင္လည္း ေကာင္းပါတယ္။

ျပဳလုပ္နည္းေလးကေတာ့ လိေမၼာ္သီးတစ္လုံးကို အခြံခြာၿပီး ေမႊစက္ထဲထည့္ေမႊလိုက္ပါ။ ၿပီးရင္ဖန္ခြက္တစ္ခြက္ထဲ ေလာင္းထည့္ၿပီး ဆားနည္းနည္းနဲ႔ ေရာေမႊေပးလိုက္ပါ။ ေသာက္သုံးၿပီးရင္ ဝမ္းခ်ဳပ္ေနတဲ့ အေျခအေန နာရီပိုင္းအတြင္း ေျပာင္းလဲသက္သာသြားတာကို သတိထားမိလာမွာပါ။

 

Duwun

Read times Last modified on Saturday, 11 January 2020 15:50
Rate this item
(1 Vote)